Get Mystery Box with random crypto!

ပန်ဆယ်လို

የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.38K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 9

2024-04-06 04:03:56 အတွေးတွေဟာ အမြဲတမ်း တရားသေမရှိဘူးပဲ။ အတွေးတွေဟာ အမြဲတမ်းပြောင်းလဲနေတတ်တယ်။ အမြဲတမ်း ပြောင်းလဲနေဖို့လည်း လိုအပ်တယ်။ လောကဓံကို ခံနိုင်ရည် ရှိဖို့အတွက်လေ။

ဒီရက်ထဲမှာ ကိုယ့်အတွေးတစ်ခု အပြောင်းအလဲ ဖြစ်ခဲ့တယ်။ အဲ့ဒါက “ကံကြမ္မာ” ဆိုတဲ့အရာအပေါ် ရှုမြင်တဲ့ အမြင်ပဲ။

တစ်သက်လုံးဆွဲကိုင်လာခဲ့တဲ့အတွေးက ကံဆိုတာ အလုပ်ပဲ၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ကောင်းတာလုပ်ရင်း မကောင်းတာဖြစ်လာရင် ကိုယ့်ကံကြောင့် မဟုတ်ဘူး၊ လာကျူးလွန်သူရဲ့ကံမို့ မကောင်းတာဖြစ်အောင် ပြန်လုပ်ကို လုပ်ရမယ်။ အဲ့လိုပဲ ကိုယ်ယုံကြည်ခဲ့တာ။ အဲ့ဒီ့လိုပဲ ကိုယ်က ကံကြမ္မာ (Fate) ကို မယုံကြည်ခဲ့တဲ့ကောင်မျိုး။

တကယ်တမ်းတော့ အဲ့လိုမဟုတ်နေခဲ့ဘူးပဲ။ ဘယ်လောက်ပဲ ကောင်းတာတွေ တွေးပြီး ကောင်းတာတွေ လုပ်နေပါစေ မကောင်းတာတွေ ဖြစ်လာတတ်တာပဲဆိုတာ ဒီသုံးနှစ်အတွင်း အတော်သင်ယူခဲ့ပြီးပြီပဲ။ အချို့သောကိစ္စရပ်တွေဟာ အရင်ကယုံကြည်ခဲ့တဲ့ ရိုးရိုးရှင်းရှင်းအတွေးထက် ပိုရှုပ်ထွေးနေတတ်တာပဲ။ ကိုယ်ဟာ ကံကြမ္မာအကြောင်း ပိုတွေးဖြစ်လာတယ်။

လောကဓံဆိုတာကလေ ငိုပြတတ်တဲ့သူတွေကို သနားတတ်တယ်။ ကိုယ်တွေလို အံကြိတ်ပေခံတဲ့ ကောင်တွေကိုတော့ သူများထက် ပိုရိုက်တတ်တယ်။ မင်းက အကောင်ကြီးလို့ ရေနွေးအိုးပေါ် နှစ်ခါလျှောက်ဆိုတာမျိုးပေါ့။ ကံကြမ္မာက အသေသတ်တဲ့အခါမျိုးတွေဟာ ငြင်းဆန်နိုင်တာလည်း မရှိဘူးကိုး။

ကိစ္စရပ်တိုင်းမှာ ငါ့ကိုဒီလိုဖြစ်စေသူကို ပြန်ဖြစ်စေရမယ်ဆိုတာ အသုံးမဝင်ဘူးပဲ။ မုန်တိုင်းတိုက်သလို ငလျင်လှုပ်သလို ကိုယ်ဘာမှ မလုပ်မိပါဘဲ ဘာမှပြန်တုံ့ပြန်လို့မရတဲ့ ဘေးအန္တရာယ်မျိုးဟာ ကံကြမ္မာပဲ။

ကိုယ်တို့မှာ လုပ်စရာက တစ်ခုပဲ ရှိတယ်။ အဲ့ဒီ့မုန်တိုင်းထဲမှာ လွင့်ထွက်မသွားဖို့ ပြိုလဲမသွားဖို့ ကြံ့ကြံ့ခံရင်ဆိုင်တာပဲ။ ပြိုလဲသွားအောင် ပြင်းထန်ခဲ့ရင်တောင် ပြန်ထနိုင်အောင် ခွန်အားမွေးထားတာမျိုးပေါ့။ Resilience လို့ပဲ ခေါ်မလား။

ဘဝမှာ အချို့သော အချိန်တွေဟာ ဆိုးဝါးတတ်ပါတယ်။ ပြန်လည်တုန့်ပြန်ရင်ဆိုင်ရင်း ကျော်ဖြတ်ရတဲ့ အချိန်ဆိုးတွေရှိသလို ဘာမှမလုပ်ဘဲ သွေးအေးအေးထိုင်ကြည့်နေရင်း ကျော်ဖြတ်ရတဲ့ အချိန်ဆိုးတွေလည်း ရှိတတ်တယ်။

ဒါက ဒီလိုဖြစ်လို့မရဘူး၊ ဒီလိုမဖြစ်ချင်ဘူး၊ ဒီလိုဖြစ်ခွင့်မပေးနိုင်ဘူးဆိုတဲ့ အခြေအနေမရှိတော့တဲ့ အပျက်အစီးမျိုးတွေဆိုရင် ဖြစ်ချင်ရာ ဖြစ်ပါစေတော့ဆိုတော့ လွှတ်ချနိုင်မှုမျိုးတွေလည်း လိုအပ်တယ်။

တိုက်တန်းနစ်ဇာတ်ကားထဲကလို သင်္ဘောကြီးမြုပ်နေတုန်းမှာ တယောထိုးနေကြတဲ့ဇာတ်ဝင်ခန်းလိုမျိုးပေါ့။ ကိုယ်ဘာမှမတတ်နိုင်တော့တဲ့ အပျက်အစီးတွေကို သွေးအေးအေး အနုပညာဆန်ဆန် ငေးကြည့်နေလိုက်ရုံပါပဲ။

ဘဝမှာ တုံ့ပြန်တတ်ဖို့လည်း လိုသလို လက်ခံတတ်ဖို့လည်း လိုတယ်ဆိုတာ ဒီကာလတွေမှာ သင်ကြားခွင့်ရလိုက်တယ်။

ပြီးတော့လည်း ပြီးသွားတာပါပဲ။
43.5K views01:03
ክፈት / አስተያየት ይስጡ
2024-04-05 07:14:50
တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်အများစုရဲ့ဒဏ်ရာဟာ ရင်ဘတ်၊ကျောနဲ့ ဦးခေါင်း ထိမှန်ခံရခြင်းကြောင့်ပါ။ ကျည်ကာဝတ်ဆင်ထားတဲ့ ရဲဘော်တွေဟာ သေကွင်းသေကွက်တွေကို ကာကွယ်ထားပြီးသား ဖြစ်သလို စစ်မြေပြင်မှာ တိုက်ပွဲဝင်တဲ့အခါ ပိုမို Confidence ရှိပြီး တက်ရဲတိုက်ရဲပါတယ်။

ဒါ့အပြင် အသက်တွေ နာကျင်မှုတွေလို တန်ဖိုးတွက်မရနိုင်တဲ့ တန်ဖိုးတွေကို ခဏဖယ်ထားဦး၊ ကုန်ကျစားရိတ်အနေနဲ့တောင်မှ ရဲဘော်တစ်ဦး ထိခိုက်မိရင် သိန်း၂၀၊၃၀ ကနေ စကုန်ကျခံကုသကြရပါတယ်။

ဒါ့ကြောင့် ကျည်ကာတွေဟာ ရဲဘော်တွေအတွက် အရေးတကြီး လိုအပ်လာတာဖြစ်ပါတယ်။ ကျည်ကာတစ်စုံ ၁၃သိန်း၊ USD 350 နဲ့ ရဲဘော်တွေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။

ငွေပမာဏကန့်သတ်ထားမှု မရှိတာကြောင့် တတ်နိုင်သမျှပါဝင်အားဖြည့်ပြီး Target အရောက် ချီတက်လိုက်ကြရအောင်ပါ။

ဒီပေ့ချ်ရဲ့ ချက်ဘောက်ကနေ ဆက်သွယ်နိုင်ပါတယ်ရှင်။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d
68.2K views04:14
ክፈት / አስተያየት ይስጡ
2024-04-05 06:57:00 Project Dragonfly ကြီး စတိုးဆိုင်ဖွင့်လိုက်ပြီဆိုပြီး တိုက်ခိုက်ခဲ့ကြတဲ့ဟာတွေ
နင်တို့ခေါင်းပေါ် ရောက်လာတဲ့ ကာမီကာဇေတွေက ဘယ်ဘုတ်ဘုတ်က ထွက်တယ်ထင်သတုံးကွဲ့။

အဟက်ဟက်
54.8K views03:57
ክፈት / አስተያየት ይስጡ
2024-04-05 06:41:48 အချိန်တွေအကြာကြီး မျိုသိပ်ခဲ့ရတဲ့ကိစ္စဟာ မနေ့က နေပြည်တော်ဒရုန်းတိုက်ခိုက်ခံရမှုကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက တရားဝင်ကြေညာသွားပြီ ဖြစ်တဲ့အတွက် အနည်းငယ်တော့ ပြောခွင့်ရှိပြီဖြစ်ပါတယ်။

မနေ့က နေပြည်တော်ကို ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်မှုရဲ့ တစိတ်တပိုင်းက Project Dragonfly နဲ့ ပတ်သက်ကြောင်း ထုတ်ပြန်ချက်မှာ ဝန်ကြီးဌာနက ထည့်သွင်းကြေညာသွားပါတယ်။

ဒီကိစ္စရပ်ဟာ ၂၀၂၂ ဒီဇင်ဘာလကတည်းက ကျွန်မတို့မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ Project Dragonfly ဟာ မျှော်မှန်းထားတာထက် အဆပေါင်းများစွာရရှိအောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်ဝန်ကို ထင်ထားခဲ့တာထက် ပိုထမ်းခဲ့ရပါတယ်။ ပိုတာဝန်ကြီးခဲ့ပါတယ်။ တော်လှန်ရေးအတွက် ကောင်းကျိုးတွေ ဖြစ်ခဲ့ပေမယ့် Project စီစဉ်သူ ကျွန်မတို့အတွက် ဆိုးပစ်တွေလည်း ဖြစ်ခဲ့ပါတယ်။

အရေးကြီးစစ်ရေးကိစ္စဖြစ်တဲ့အပြင် ကန့်သတ်ချက်တွေ များပြားလွန်းတဲ့ကိစ္စကြောင့် ထုတ်ဖော်ပြောဆိုရန် မသင့်တာကို အခွင့်ကောင်းယူပြီး မသမာသူ သူ့လူကိုယ့်ဘက်သား အယောင်ဆောင်တွေရဲ့ အုပ်စုဖွဲ့တိုက်ခိုက်မှုပေါင်းများစွာကိုလည်း အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့ပေမယ့် ကျွန်မတို့ဟာ စိတ်ခံစားချက်ထက် ထိန်းသိမ်းသင့်တာကိုပဲ ဦးစားပေးခဲ့ပါတယ်။

ရံပုံငွေ ၂.၂သန်းမှာ ၁.၄ သန်းကို လေကြောင်းရန် ကာကွယ်ရေးအတွက်၊ ၈သိန်းကို တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက် ခွဲဝေလျာထားသုံးစွဲထားကြောင်း ၂၀၂၃ မတ်လ(၃၀)ရက်နေ့မှာ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ဖူးပါတယ်။ အခုကိစ္စက တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအနေနဲ့ ဖြစ်ပါတယ်။

ဒါက လက်ရှိဖြစ်စဉ်နဲ့ ကြေညာချက်တွေအပေါ် ထုတ်ဖော်​ပြောကြားလို့ရတဲ့ အခြေအနေအထိဖြစ်ပြီး ကျန်ရှိတဲ့ကိစ္စရပ်တွေကတော့ မစ်ရှင်တွေ အောင်မြင်သွားပြီးနောက်ပိုင်းမှပဲ အခုလို လိုအပ်သလောက် ပြောတာကလွဲရင် ဘယ်လိုတိုက်ခိုက်နေပါစေ ကျွန်မတို့ဘက်က တစ်လုံးတစ်ပါဒမှ နှုတ်ကျွံမည် မဟုတ်ပါ။

အဆုံးထိယုံကြည်ပေးခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ရသလို အခုထက်ပိုပျော်စရာကောင်းတဲ့အရာတွေဖြစ်လာဖို့လည်း အတူတူစိတ်ရှည်ပေးကြပါလို့ ပြောပါရစေ။

ကျွန်မတို့ဟာ ပြည်သူနဲ့အတူ တသားတည်းရှိခဲ့ပြီး ပြည်သူရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ဘယ်တုန်းကမှ မလိမ်ညာခဲ့ဘူးဆိုတာပါပဲ။

တိုက်ခိုက်ခဲ့ကြသူအားလုံးကိုလည်း ကိုယ့်ဖျင် ထိုင်ရှိခိုးသွားကြတယ်လို့သာ သဘောထားပါကြောင်း။
72.4K views03:41
ክፈት / አስተያየት ይስጡ
2024-04-04 11:13:50 ဒီအရိပ်မှာ လာပါနားပါ
ဒရုန်းလေပေါ်တွေ စားကြ
ဗုံးသီးပါရင်တော့ အားနာ
စိတ်မဆိုးတတ်ဘူး မဟုတ်လား

ကျီစားသလား

41.9K views08:13
ክፈት / አስተያየት ይስጡ
2024-04-04 11:09:41 Project Armor 2 မှာတော့ စင်ကာပူကို စိတ်မကောင်းဘူး။
အမြဲ နံပါတ်(၁) ဖြစ်ခဲ့ရာကနေ အတော်လေးကို နည်းနေတယ်။

ပရော့ဂျက်တိုင်း အမြဲထိပ်ဆုံးကဆိုတော့ အားနာနေပါပြီ။
အဓိကအားကိုးတဲ့နိုင်ငံဆိုတော့ အတော်စိတ်ဖိစီးရတယ်။
42.2K views08:09
ክፈት / አስተያየት ይስጡ
2024-04-04 10:59:45 ဒရုန်းများအားလုံး နေပြည်တော်သို့
43.4K views07:59
ክፈት / አስተያየት ይስጡ
2024-04-03 18:27:21 US ကအမျိုးတို့ရေ
Project Armor 1 မှာ ပါဝင်မှုများခဲ့သလောက် အခု Project Armor 2 မှာ လူသိပ်မသိကြသေးလို့ပဲလားမသိ ပါဝင်မှု အတော်နည်းနေပါသေးတယ်။

ကျွန်မတို့ တစ်ရက်စာလုပ်အားခလောက် ပေးပို့ပါဝင်လိုက်တဲ့ ပါဝင်မှုကနေ ဖြစ်လာမယ့် ကျည်ကာတွေက မြေပြင်ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို အများကြီး ကာကွယ်ပေးနိုင်ပါတယ်။

ကျည်ကွယ်မျက်ကွယ်က လုပ်အားတွေက ကျည်ကြားဗုံးကြားက တော်လှန်လူငယ်တွေရဲ့ အသက်ပေါင်းများစွာကို ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် Project Armor 2မှာ ပါဝင်အားဖြည့်ပေးကြပါဦးနော်။

ချက်ဘောက်ကနေ ဆက်သွယ်ပါဝင်နိုင်ပါတယ်ရှင်။
53.0K views15:27
ክፈት / አስተያየት ይስጡ
2024-04-03 10:36:55 သူဌေး (၁၀) ယောက်နဲ့ ပေါင်းရင်
(၁၁)ယောက်မြောက်သူဌေးက
ကိုယ်ဖြစ်လာလိမ့်မယ်ဆိုတာထက်

သူဌေး (၁၀)ယောက်နဲ့ ပေါင်းရင်
(၁၁) ယောက်မြောက်က သူဌေးခိုင်းဖက်ဖြစ်လာဖို့က
ပိုဖြစ်နိုင်ချေရှိတယ်။
58.6K views07:36
ክፈት / አስተያየት ይስጡ
2024-04-03 06:24:01 ကလေးခရိုင်တပ်ရင်းတပ်ခွဲတွေကို အသက်ကယ်ကျည်ကာတပ်ဆင်မယ့် Project Armor 2 မှာ ပါဝင်ပေးကြပါဦးနော်။

ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်တာမို့ တကယ်ကို တော်လှန်ရေးဘက်ခြမ်းက အသက်ပေါင်းများစွာကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာပါ။

ကျွန်မတို့ စစ်မြေပြင်ကို မသွားနိုင်ကြပေမယ့် အဝေးကနေ ပေးပို့လိုက်တဲ့ မေတ္တာတွေက ရဲဘော်တွေကို လုံခြုံအောင်ကာကွယ်ပေးနိုင်ပါတယ်။

ချက်ဘောက်ကနေ ဆက်သွယ်ပါဝင်ပေးကြပါဦးနော်။
58.5K views03:24
ክፈት / አስተያየት ይስጡ