Get Mystery Box with random crypto!

လွန်ခဲ့တဲ့နှစ်လလောက်က ပြီးစီးခဲ့တဲ့ Project Armor က မျှော်မှန် | ပန်ဆယ်လို

လွန်ခဲ့တဲ့နှစ်လလောက်က ပြီးစီးခဲ့တဲ့ Project Armor က မျှော်မှန်းထားတာထက် နှစ်ဆကျော်ရရှိခဲ့တာကြောင့် မူလအစီအစဉ်ဖြစ်တဲ့ ရန်ကုန်တပ်ရင်း 5101 အပြင် အခြားတပ်ရင်းများကိုလည်းပျံ့ပျံ့နှံ့နှံ့ ထောက်ပို့နိုင်ခဲ့သလို Federal Wings ထုတ်လုပ်ရေးအတွက် ဘတ်၅သိန်းကိုလည်း စီစဉ်နိုင်ခဲ့ပါတယ်။

အခုပုံတွေက Federal Wings ကနေ ထုတ်လုပ်ထားတဲ့ ကျည်ကာဟဲလ်မက်တွေ ဖြစ်ပါတယ်။ အသင့်ဝယ်ယူတာထက် စျေးသက်သာပြီး သပ်သပ်ရပ်ရပ် Quality မီမီတွေ ထုတ်လုပ်လာနိုင်ပြီဖြစ်ပါတယ်။ ရန်ကုန်5101 တပ်ရင်း ကျည်ကာအစုံနဲ့ဓါတ်ပုံများ၊ SOF ရဲ့ ကျည်ကာအစုံပေါင်းများစွာဓါတ်ပုံများနဲ့ အခြားတပ်ရင်းများရဲ့ Certificate များကိုလည်း ရှေ့တလောက ပြည်သူထံတင်ပြပြီးဖြစ်ပါတယ်။

ကျည်ကာအလှူရှင်များ ဝမ်းသာပီတိ ဖြစ်နိုင်ရန် ထုတ်လုပ်ရေးဓါတ်ပုံများကို ထပ်မံတင်ပြအပ်ပါတယ်။

အခုလကုန်မှာ Project Armor 2 ပြန်လာပါတော့မယ်ဆိုတာကိုလည်း ကြိုတင်အသိပေးလှုံ့ဆော်အပ်ပါတယ်ရှင်။