Get Mystery Box with random crypto!

ပန်ဆယ်လို

የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.38K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 10

2024-04-02 12:30:18 အပြစ်ကျူးလွန်သူတွေကို ခွင့်လွှတ်ပေးတယ်ဆိုတာ ဒါမျိုးအပြစ်ကို ထပ်ခါထပ်ခါကျူးလွန်ရဲအောင် အားပေးအားမြှောက်ပြုတာနဲ့ အတူတူပဲမို့ ခွင့်လွှတ်သူတွေမှာလည်း အပြစ်ရှိတယ်တဲ့။

မြန်မာနိုင်ငံမှာ အာဏာရူးအဆက်ဆက် စစ်အာဏာသိမ်းပြီး တိုင်းပြည်ကို စုတ်ပြတ်သွားအောင် လုပ်ခဲ့ကြတယ်။ ပြည်သူတွေ နာကျည်းလားဆိုတော့ နာကျည်းကြပါတယ်။ ဒါပေမယ့် ခွင့်လွှတ်လိုက်ကြတယ်။ ဘယ်လောက်ထိ ခွင့်လွှတ်လိုက်လဲဆိုတော့ စစ်အာဏာရူးမျိုးဆက်တွေ လူပါးဝခွင့်ရအောင် ခွင့်လွှတ်လိုက်ကြတယ်၊ လက်ခုတ်သံချူရင် လက်ခုတ်တီးပေးကြတဲ့အထိ ခွင့်လွှတ်လိုက်ကြတယ်။

ခွင့်လွှတ်သူတွေကြောင့် ကျူးလွန်သူတွေဟာ ကျူးလွန်ဖို့ မျက်တောင်တစ်ချက်မခတ်အောင်ကို ရဲတင်းလာခဲ့ကြတယ်။ ကျူးလွန်သူတွေဟာ သူတို့ရဲ့အပြစ်ကို အပြစ်လို့ မမြင်နိုင်တော့အောင် လက်ရဲဇက်ရဲ ကျူးလွန်လာကြတော့တယ်။

ဒီတစ်ခေါက်မှာတော့ ခွင့်လွှတ်ဖို့ကို ကိုယ်တို့ ငြင်းဆန်ကြရလိမ့်မယ်။ ငြင်းဆန်နေကြဆဲဖြစ်တယ်။ နာကျင်စရာတွေ များလွန်းတဲ့ကြားကနေကို ငြင်းဆန်နေကြဆဲဖြစ်တယ်။

ခွင့်လွှတ်မိခြင်းနဲ့ ကျူးလွန်မိခဲ့တဲ့ ဘဝထဲက အပြစ်တွေအကြောင်း ပြန်တွေးတောဆင်ခြင်မိရင်း ရေးဖြစ်တဲ့စာ ဆိုပါတော့။

ခွင့်လွှတ်တတ်သူကို လောကကြီးက အမြဲခွင့်လွှတ်နေရမယ့် အရာတွေ (ကျူးလွန်ခံရမှုတွေ) ကိုပဲ ပေးလေ့ရှိတယ်။
80.0K views09:30
ክፈት / አስተያየት ይስጡ
2024-04-02 09:36:03
ဟယ်… အဲ့လောက်ကွက်တိကြီး

အားနာလိုက်တာရှန်
21.4K views06:36
ክፈት / አስተያየት ይስጡ
2024-04-02 08:36:48
Armor 2 ရဲ့ Day 2 ဖြစ်ပါတယ်။ ကလေးခရိုင်တပ်ရင်းတပ်ခွဲများအတွက် ကျည်ကာများတပ်ဆင်ပေးဖို့ရန် ပါဝင်ပေးကြဖို့ လှုံ့ဆော်ပါရစေ။

ရဲဘော်တွေရဲ့ အသက်ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ ပရော့ဂျက်ဖြစ်တာကြောင့် အားစိုက်ပေးကြပါဦး။

ငွေကြေးပမာဏ ကန့်သတ်မထားတာကြောင့် မိမိစိတ်ညွတ်သလောက် ပါဝင်နိုင်ပါတယ်။

Link ချပေးထားတဲ့ ပေ့ချ်ချက်ဘောက်ကနေ ဘဏ်အကောင့်လေးတွေ မေးမြန်းပါနော်။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d

ပြည်သာဖို့ ကျည်ကာပို့ကြပါစို့။
22.4K views05:36
ክፈት / አስተያየት ይስጡ
2024-04-02 06:19:25 ဒီရက်ထဲ ကျွန်မနာမည်နဲ့ လိုက်လုပ်စားနေတဲ့ ပေ့ချ်အတု၊ အကောင့်အတုတွေ အတော်သောင်းကျန်းနေပါတယ်။ Telegram အတုတောင် ပါပါသေးတယ်။

အသေးစိတ်တွေ ပြောမနေတော့ပါဘူး။ အတိုပဲ ပြောပါ့မယ်။ ကျွန်မပေ့ချ်ဟာ အသစ်ဖွင့်ထားရပြီး Blue Mark မပါပေမယ့် Follower လေးသိန်းကျော်ရှိပါတယ်။ ပိုစ့်သိပ်မတင်ဖြစ်တဲ့ အကောင့်က Follower ၁သန်းကျော်ရှိပါတယ်။ Follwer ၂သိန်းကျော် တယ်လီဂရမ်ချန်နယ်တစ်ခုရှိပါတယ်။ အဲ့ဒီ့ပေ့ချ်တစ်ခု၊ အကောင့်တစ်ခု၊ ချန်နယ်တစ်ခုကလွဲရင် အခြားပေ့ချ်တွေ၊အကောင့်တွေ၊ဂရုတွေ တစ်ခုမှ ကျွန်မနဲ့ မသက်ဆိုင်ပါ။

ဘယ်သူ့ကိုမှ ချက်ဘောက်က စာပို့အလှူခံတာမျိုး လုံးဝမရှိတာမို့ ကျွန်မနာမည်နဲ့ ချက်ဘောက်က လာအလှူခံရင် အတုပါ။ Kpay လုံးဝမသုံးတာမို့ Kpay အကောင့်ပေးလာရင် အတုပါ။

Telegram ကလည်း ချန်နယ်အနေနဲ့ပဲ သုံးပါတယ်။ Comment တောင် Reply မလုပ်ပါ။ ချက်ဘောက်လည်း မသုံးပါ။ Telegram ကနေ ကျွန်မနာမည်နဲ့ လာစကားပြောပြီး အလှူခံရင် အတုပါ။

တော်လှန်အသိ၊ တော်လှန်သတိလေး ရှိကြပါ။ ငွေဆုံးရှုံးတာထက် လူပါ အန္တရာယ်ရှိတာမို့ အထူးသတိပြုပေးကြပါ။
28.4K views03:19
ክፈት / አስተያየት ይስጡ
2024-04-01 21:05:08 US က မိတ်ဆွေတို့ရေ
ကလေးခရိုင်တပ်ရင်းတပ်ဖွဲ့များကို ကျည်ကာများတပ်ဆင်ဖို့အတွက် Project Armor 2 စတင်နေပါပြီ။

ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို အမှန်တကယ်ကာကွယ်နိုင်တာမို့ တော်လှန်ရေးအထောက်အပံ့အပြင် ဇီဝိတဒါနလည်း မြောက်ပါတယ်။

ကျည်ကာ, Vest, Helmet တစ်စုံစာကို USD 350 ကျသင့်ပါမယ်ရှင်။ ငွေကြေးပမာဏ ကန့်သတ်မထားဘဲ နိုင်သလောက် ပါဝင်နိုင်ပါတယ်။

USAအတွက် Zelle ကနေ လွှဲနိုင်ပါတယ်ရှင်။
mshhusa@gmail.com
Name-Myanmar Spring Helping Hands
35.7K views18:05
ክፈት / አስተያየት ይስጡ
2024-04-01 10:17:13 စလုံးက အမျိုးတို့ရေ
လကုန်ရက်လေးဆိုတော့ Project Armor 2 ရဲ့ Day 1 လေးမှာ အားရှိသွားအောင် ဦးဦးဖျားဖျားလေး ပါဝင်ပေးကြပါဦးနော်။

ပေ့ချ်ချက်ဘောက်ကနေ Pay Now လေး မေးပါနော်။
47.6K views07:17
ክፈት / አስተያየት ይስጡ
2024-04-01 09:34:46
48.1K views06:34
ክፈት / አስተያየት ይስጡ
2024-04-01 09:34:43 တော်လှန်မိတ်ဆွေတို့ရေ
ကြိုတင်အသိပေးထားတဲ့ Project Armor 2 စတင်ပါပြီ။

အခုပရော့ဂျက်ကတော့ ကလေးခရိုင် တပ်ရင်းတပ်ဖွဲ့များကို ကျည်ကာ၊ ဟဲလ်မက် Equipment အပြည့်အစုံ တပ်ဆင်နိုင်ရန် ပြုလုပ်တဲ့ Project ဖြစ်ပါတယ်။

ကလေးခရိုင်တပ်ရင်းတပ်ခွဲများမှာ အသုံးပြုမယ့် ကျည်ကာပြားရှေ့နောက်၊ Vest, Helmet တစ်စုံစာတန်ဖိုးကတော့ USD350 ဖြစ်ပါတယ်။ တစ်စုံစာဖြစ်စေ၊ ဆယ်စုံစာဖြစ်စေ၊ နိုင်သလောက်ဖြစ်စေ ကန့်သတ်ထားခြင်းမရှိဘဲ မိမိတတ်နိုင်သလောက် ပါဝင်နိုင်ပါတယ်။

မြေပြင်ရဲဘော်တွေ ထိခိုက်ကျဆုံးတဲ့အခါ အများစုသေဆုံးရခြင်းအကြောင်းက ရင်ဘတ်နဲ့ ဦးခေါင်းကို ထိခိုက်တာကြောင့်ဖြစ်ပါတယ်။ ဒီကျည်ကာအစုံတပ်ဆင်လိုက်နိုင်ခြင်းဟာ ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်ဆိုတာ အားလုံးမျက်မြင်ပါပဲ။

Project Armor 1 ရဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မှုတွေကိုလည်း ထောက်ပို့ပြည်သူတွေ သိမြင်ကြပြီးဖြစ်တဲ့အတွက် Project Armor 2 မှာလည်း ထပ်မံအားဖြည့်ပါဝင်ပေးကြဖို့ မြေပြင်ရဲဘော်တွေကိုယ်စား လှုံ့ဆော်ပါရစေ။

အောက်မှာ Link ပေးထားတဲ့ပေ့ချ် ချက်ဘောက်ကနေ သက်ဆိုင်ရာနိုင်ငံပြော၊ ဘဏ်အကောင့်တောင်းယူပြီး လာရောက်ပါဝင်နိုင်ပါပြီ။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d
48.9K views06:34
ክፈት / አስተያየት ይስጡ
2024-03-30 08:56:44 နောက်တစ်ခါ စောက်တပ်ဂုဏ်ပြုကား ရိုက်ရင် သုံးဖို့နာမည်ရွေးပေးထားတယ် အောဖျန့်။

“မီးလောင်ပြင်မှာ ပွင့်သော ပဲမြစ်”

71.8K views05:56
ክፈት / አስተያየት ይስጡ
2024-03-30 08:50:53 ဒေါ်လာစျေး ၁၃၀၀ ကျော်လာရင် တိုင်းပြည်ပျက်ပြီတို့၊ ကန်ဇွန်းရွက်တစ်စည်း ၂၀၀ဖြစ်ရကောင်းလားတို့၊ ဆီစျေး ၈၀၀ ကျော်လို့ ဘာလုပ်စားရမလဲဆိုတဲ့သူတို့။

အခုလို ရွှေစျေး သိန်း၄၀ ကျော်သွားတော့ အဲ့ကောင်တွေ ဘာလုပ်စားနေကြလဲ သိချင်လိုက်တာ။

ထမင်းလေးကို ဆီဆမ်းပြီး အဘဘောနဲ့ နယ်စားနေကြတာများလား။
73.3K views05:50
ክፈት / አስተያየት ይስጡ