Get Mystery Box with random crypto!

ပန်ဆယ်လို

የቴሌግራም ቻናል አርማ pencilochannel — ပန်ဆယ်လို
የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.38K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 8

2024-04-07 08:37:34
56.8K views05:37
ክፈት / አስተያየት ይስጡ
2024-04-07 08:37:27 ကျည်ကာနဲ့ ပတ်သက်ရင် ကိုယ်က ထရော်မာရှိတယ်။ အာဏာသိမ်းစ သပိတ်တိုက်ပွဲတွေမှာ စစ်ကောင်စီက ကျည်အစစ်တွေသုံးပြီး ဖြိုခွဲမှုတွေ လုပ်လာတုန်းက ကျည်ကာအတွက်ဆိုပြီး နည်းလမ်းအမျိုးမျိုး ရှာဖွေခဲ့ကြတယ်။

သံဒိုင်းကာလေးတွေ သစ်သားဒိုင်းလေးတွေနဲ့ Defense Team တွေ လုပ်ကြတယ်။ ရှေ့ဆုံးကနေ လူငယ်တွေ ဒိုင်းကိုင်တက်ကြတယ်။ ဒိုင်းတွေ၊ ဓါတ်ငွေ့ကာ Mask တွေအတွက် အခုလို Fundraising တွေကလည်း မရှိသေးတော့ လူငယ်တွေ သူတို့မုန့်ဖိုးလေးတွေ စုပြီး လုပ်ကြတယ်။

ကိုယ်ကလည်း အစောဆုံး၅၀၅ အထုတ်ခံရတဲ့ ဝရမ်းပြေးဆိုတော့ ရှောင်တိမ်းနေရချိန်။ လှည်းတန်းမှာ သပိတ်ထွက်နေတဲ့ လူငယ်အဖွဲ့ထဲက အရင်ကတည်းက သိခဲ့တဲ့ လူငယ်တစ်ယောက်က ဒိုင်းတွေအတွက် ကူပေးပါဦးဆိုလို့ ပြေးလွှားနေရတဲ့ကြားကပဲ ငွေပို့လိုက်တယ်။ နောက်ရက်တော့ သစ်သားဒိုင်းလေးတွေ ပုံပို့လာတယ်။ မောင်လေးတို့ရေ… ဒါတွေက ကျည်အစစ်မကာဘူးနော်၊ ရာဘာကျည်လောက်ပဲ ကာတာမို့ အရမ်းအားမကိုးနဲ့လို့ မှာဖြစ်လိုက်သေးတယ်။

ဖေဖော်ဝါရီ နောက်ဆုံးရက် ညီညီအောင်ထက်နိုင် ကျဆုံးတဲ့ ပစ်ခတ်ဖြိုခွဲခံရတဲ့နေ့မှာ အဲ့သပိတ်စစ်ကြောင်းက လှည်းတန်းမှာ။ ကျဆုံးကြတဲ့ ဓါတ်ပုံတွေ တက်လာတော့ (အမှတ်မမှားရင်) ဇင်လင်းထိုက်ဆိုတဲ့ ကျဆုံးသွားတဲ့ မောင်လေးတစ်ယောက်အကြောင်း ကြားရတယ်။ ကိုယ်ငွေပို့လိုက်တဲ့ အဖွဲ့ဆီက သစ်သားဒိုင်းလေးကိုင်ပြီး ပစ်ခတ်ကြတဲ့အချိန်မှာ ဒိုင်းမပါတဲ့သူတွေကို သူက ကာပေးပြီး သွားခိုင်းသတဲ့။ အဲ့အချိန်မှာပဲ ကျည်က သူ့ဒိုင်းကို ဖောက်ပြီး မျက်နှာကိုမှန် ကျဆုံးခဲ့တာတဲ့။

တစ်နေကုန် ကျဆုံးသွားတဲ့ လူရာချီရဲ့ ပုံတွေကို ကြည့်ရင်း ငိုနေမိတဲ့ကိုယ်ဟာ ဒီသတင်းကြားချိန်မှာ တကယ်ရင်ကွဲပက်လက်ပဲ။ ငါပို့လိုက်တဲ့ငွေနဲ့ လုပ်ထားတဲ့ ကျည်မကာနိုင်တဲ့ ဒိုင်းကြောင့် အရဲကိုးမိပြီး အခုလိုဖြစ်သွားလားဆိုတဲ့ Guilty Conscience ဟာ တကယ် အသဲကွဲစေတာပဲ။

အဲ့ကတည်းက ကိုယ်ဟာ ကျည်ကာအတွက်ဆိုရင် ပိုပြီး Serious ဖြစ်တယ်။ ကျည်တကယ်ကာနိုင်ရဲ့လားဆိုတာကို တအားသံသယကြီးတယ်။ ကျည်ကာအတွက်ဆိုရင် အရမ်းလုပ်ပေးချင်ခဲ့တယ်။

ဒါပေမယ့် တော်လှန်ရေးရဲ့ အနေအထားအရ ကျည်ကာထက် အရှည်အတို အတောင့်ရှိဖို့က အရေးကြီးနေချိန်မို့ ကျည်ကာဘက် မလုပ်နိုင်ခဲ့ဘူး။ အခု စစ်ရေးအရ ကျည်ကာလိုအပ်လာပြီဖြစ်တဲ့ Battle ရင်ဆိုင်ရမယ့် စစ်ကြောင်တွေအတွက် ကျည်ကာတွေလိုအပ်လာပြီဆိုတဲ့အချိန်မှာ ဘယ်လိုမှ မငြင်းရက်နိုင်ဘူး။

ကိုယ်က ဆုတောင်းသီးသန့်တွေ၊ အလုပ်မပါတဲ့စေတနာတွေကို မုန်းပါတယ်။ တော်လှန်ရေး အောင်ပါစေဆိုတာထက် တော်လှန်ရေး အောင်မြင်အောင် ကြိုးစားမယ်ဆိုတဲ့ သန္နိဌာန်ကိုပဲ ကြိုက်တယ်။ ရဲဘော်တွေ ဘေးကင်းပါစေဆိုတာ စိတ်ထဲ နွေးထွေးပေမယ့် ရဲဘော်တွေ ဘေးကင်းအောင် တပ်ဆင်မယ်ဆိုတဲ့ အလုပ်ပါတဲ့ အလုပ်ပါတဲ့ Actionကို ပိုကြိုက်တယ်။

တော်လှန်ရေးအောင်ဂါထာဆိုတာ အခြားမဟုတ်ဘူး။
“ဥုံ… တော်လှန်ရေးအတွက်
စောက်လုပ်လုပ် “
ဒါ… လိုတိုရှင်းပဲ။

ရဲဘော်တွေ ဘေးကင်းပါစေဆိုတာအတွက် ဂါထာကတော့
“ဥုံ- Project Armor မှာ ပါ”
ဒါပဲ။

ကဲ… ချက်ဘောက်လာကြဝေ့။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d
56.4K views05:37
ክፈት / አስተያየት ይስጡ
2024-04-07 08:25:56 လက်နက်ချတဲ့ကောင်တွေကို ခွီကြ ရယ်ကြတော့ အချို့စတော့ဟုမ်းဆင်ဒရုန်းရောဂါသည်များက တစ်စခန်းထကြတယ်။ မပြောပါနဲ့…. တော်ကြာ လက်နက်မချဘဲ နေမယ်တို့။ လက်နက်မချချင်အောင် ပြောသလိုဖြစ်မယ်တို့။

အခုအချိန်မှ လက်နက်ချတဲ့ကောင်တွေကလေ ခွေးစစ်စစ်တွေ။ ပြည်သူနဲ့ ပူးပေါင်းမယ်ဆိုတဲ့သူတွေက အစောကတည်းက CDM လုပ်လာခဲ့ပြီးသား။ အခုသုံးနှစ်တာကာလ မနိုင်မှ လက်နက်ချတဲ့ကောင်တွေကို ဘာတွေမျက်နှာချိုသွေးချင်နေကြတာလဲ။

ဘယ်လိုမှမနိုင်တော့ဘူးဆိုတာ သေချာမှ၊ အဲ့လိုခြိမ်းခြောက်ခံရမှု ရှိလာမှ လက်နက်ချတာ။ ဖေ့စ်ဘုတ်ပေါ်ကြည့်ပြီး လက်နက်ချမယ်၊မချဘူး ဆုံးဖြတ်တဲ့ကောင် တစ်ကောင်မှ မရှိဘူး။

ဘယ်လောက် မေတ္တာစေတနာနဲ့ ဖိတ်ခေါ်နေပါစေ၊ ပန်းလေးတွေပေး ရေသန့်ဘူးတွေတိုက် ဒူးထောက်ခယမတတ် ဖိတ်ခေါ်ခဲ့တာတောင် နာရီပိုင်းအတွင်း ပထွေးတွေက ပစ်ဆိုတာ ပစ်ခဲ့ကြတာ ၂၀၂၁ကတည်းက ဒီနေ့အထိ သူတို့ဘက်က အခါခါသက်သေပြပြီးခဲ့ကြပြီ။

ဒီနေ့အထိ သူတို့စိတ်နာအောင် မပြောပါနဲ့ဆိုတော့ ငါတို့ပြည်သူတွေ စိတ်နာဖို့လည်း ထားကြပါဦးဟ။

စစ်တပ်ရှေ့ဖြတ်လျှောက်ရင်တောင် ဖျင်ကုန်းချင်နေကြလားမသိ။

အံ့ဩတယ်။
54.5K views05:25
ክፈት / አስተያየት ይስጡ
2024-04-07 08:09:37 လက်နက်ချတာ ကောင်းပါတယ်ကွာ
ဒါပေမယ့် ရိက္ခာလေးပါ ကြိုစုထားကြပါလား။
တစ်နပ် နှစ်တင်းခွဲလောက် ကုန်သတဲ့။

ခွေးစာပရော့ဂျက်ဆိုပြီး
ငွေမရှာချင်ဘူးရယ်။

51.6K views05:09
ክፈት / አስተያየት ይስጡ
2024-04-07 04:32:43 US က မိတ်ဆွေတို့ရေ
ကျည်ကာပရော့ဂျက် ၂မှာ ပါဝင်အားဖြည့်ကြဖို့ လှုံ့ဆော်ပါရစေ။

ကျွန်မတို့ရဲ့ တစ်ရက်တာ၊ နှစ်ရက်တာ လုပ်အားခဟာ မြေပြင်ရဲဘော်တွေရဲ့ အသက်ဘေးအန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တာမို့ ဇီဝိတဒါနလည်းဖြစ်၊ တော်လှန်ရေးအတွက် အထောက်အပံ့လည်း ဖြစ်စေမှာပါ။

လုပ်အားနဲ့ အသက်ကယ်ကြရအောင်ပါရှင်။
54.6K views01:32
ክፈት / አስተያየት ይስጡ
2024-04-06 08:57:56
ပြည်သာဖို့
ကျည်ကာပို့ရအောင်

ဒီပေ့ချ်ချက်ဘောက်ကနေ ဆက်သွယ်ပါဝင်နိုင်ပါတယ်ရှင်။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d
49.3K views05:57
ክፈት / አስተያየት ይስጡ
2024-04-06 08:14:53 သင်္ဃန်းညီနောင် အလှူကလည်း
ကြီးလိုက်တာ

ကဲ… ခဝေးတို့
ရေစက်ခွက်ကိုင်

သုံးခါအူ
42.4K views05:14
ክፈት / አስተያየት ይስጡ
2024-04-06 07:10:40
PDF တွေ စတင်ပေါ်ပေါက်လာခါစက “ဘယ်သူမွေးမွေး ငါတို့သွေး” လို့ ဟစ်ကြွေးခဲ့ကြတယ် မဟုတ်လား။

ကျည်ကြား၊ ယမ်းကြားက ငါတို့သွေးတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့အတွက် အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြကြရအောင်ပါ။

ဘယ်သူမွေးမွေး ငါတို့သွေး
ငါတို့သွေးကို ငါတို့ကာကွယ်ကြပါစို့။

ဒီပေ့ချ်ချက်ဘောက်ကနေ ပါဝင်နိုင်ပါတယ်ရှင်။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d
42.7K views04:10
ክፈት / አስተያየት ይስጡ
2024-04-06 05:57:20 ရဲဘော်တွေဆီ ကျည်ကာမပို့ချင်ကြဘူးလားဟင်။

ချက်ဘောက်က လာပြောပါနော်။
42.0K views02:57
ክፈት / አስተያየት ይስጡ
2024-04-06 05:17:25 ကိုယ့်မလည်း ဒီဥာဏ်ရည်နိမ့်တွေကို စကားထဲ ထည့်ထည့်ပြောနေရတာကိုက ဒုက္ခတစ်မျိုး။

နေပြည်တော်ဒရုန်းတိုက်ခိုက်မှုရဲ့ တစိတိတပိုင်းက Project Dragonfly နဲ့ ပတ်သက်တယ်လို့ ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာတယ်။ ကိုယ်တို့ကလည်း အဲ့သဘောတရားထက်ပိုပြီး တစ်လုံးတစ်ပါဒမှ မပြောဘူး။

အဲ့ဒါကို ဒါလေးလုပ်လိုက်တာ ဒေါ်လာ၂.၂သန်း ကုန်သွားပြီတို့၊ စာရင်းဖြောင်တယ်တို့ ဆက်တိုက်ခိုက်ကြပြန်တယ်။ စောက်ဖက်တော့ မလုပ်ပါဘူး။ အရမ်းအားနေလို့ ပြန်ရေးလိုက်တာ။

အခုကိစ္စဟာ 1.4 million သုံးထားတဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့လည်း မဆိုင်ဘူး။ ဒေါ်လာ၈သိန်းသုံးထားတဲ့ တန်ပြန်လေကြောင်း တိုက်ခိုက်ရေးနဲ့ပဲ ဆိုင်တယ်။ ဆိုင်တယ်ဆိုတာကလည်း ဒေါ်လာ၈သိန်း အကုန်ခံလိုက်တယ်လို့လည်း မဆိုလိုဘူး။ ဒီထဲက တစိတ်တပိုင်းလေးပဲ။ ဒီလိုကောင်စားတွေ ဥာဏ်ရည်မမီတာနဲ့ အတော်ကြီးကို ရှင်းပြနေရတယ်။

ကာမီကာဇေဒရုန်းမဟုတ်ဘူးဆိုပြီး စောက်တတ်ကြီးလုပ်ထားတဲ့ ပိုစ့်တစ်ခုကို ရှဲလ်နေကြတဲ့ဟာတွေကိုလည်း အလင်းပြဦးမယ်။ ကာမီကာဇေဒရုန်းဆိုတာက Suicide Drone ကို ဆိုလိုတာ။ ပုံမှန်ဒရုန်းတွေက သွားကျဲချပြီးရင် လွှတ်လိုက်တဲ့နေရာကို ပြန်ခေါ်လို့ရတယ်။ ကာမီကာဇေဒရုန်းကတော့ လွှတ်လိုက်တဲ့ နေရာကို ပြန်မခေါ်ဘဲ ပစ်မှတ်မှာပဲ အတူပေါက်ကွဲပျက်ကျသွားတဲ့ ဒရုန်းမျိုး။

နေပြည်တော်လို ဂျမ်ပါတွေ အများကြီးတပ်ထားတဲ့နေရာတွေမှာ ရိုးရိုးဒရုန်းတွေ သုံးမရဘူး။ ကာမီကာဇေဒရုန်းကတော့ ဂျမ်ပါစာမိလို့ ပျက်ကျသွားလည်း တစ်ခါတည်းပေါက်ကွဲပြီး မစ်ရှင်ကို အောင်မြင်စေတယ်။

ရုရှားထုတ်မှ၊ ဘယ်နိုင်ငံထုတ်မှ ကာမီကာဇေဒရုန်းမဟုတ်ဘူး။ ဒီလိုနည်းပညာသုံးထားတဲ့ဒရုန်းမှန်သမျှကို ကာမီကာဇေဒရုန်းလို့ ခေါ်တယ်။ အဲ့တော့ စောက်ပေါလို လျှောက်ရေးတာကို စောက်ရူးတွေက ရှဲလ်ပြီး စောက်ရူးထနေတယ်ပဲ မြင်တယ်။

အရေးထဲ ဒေါ်လာ၂.၂ သန်းနဲ့ နေပြည်တော်ကို သိမ်းပြစမ်းပါဆိုတဲ့ စောက်ရူးက ရှိသေးတယ်။ ဪ… ကဲ

ပြောနေတဲ့ကောင်တွေ ကြည့်ပြန်တော့လည်း နေပြည်တော်ကို အခုလို ခြိမ်းခြောက်ထိပါးနိုင်ဖို့နေနေသာသာ ပုလဲနယ် ရွာဇနပုဒ်လောက်က ပျူရွာတစ်ရွာတောင် မသိမ်းနိုင်တဲ့သူကို တစ်နိုင်ငံလုံး မနက်ဖြန်သိမ်းနိုင်မယ့်လူလို ထင်နေတဲ့ ဥာဏ်ရည်နိမ့်တွေ။ စောက်ဖြစ်ကလည်း တစ်စက်မှ ရှိကြတာ မဟုတ်ဘူး။

ငါတို့လုပ်နေတာ မဟုတ်ဘူးထင်ရင် နင်တို့ဖာသာစောက်ဖြစ်ရှိအောင် ကြိုးစားပြီး နေပြည်တော်ကို ဝင်သိမ်းကြလေ။ ဘယ်သူက တားနေလို့လဲ။

အာဏာသိမ်းတာ မင်းအောင်လှိုင်လား ပန်ဆယ်လိုလားတောင် မသဲကွဲဘဲ အဖေကို ပထွေးထင်နေတဲ့ဟာစားတွေ။

သွားကြစမ်း…. နားညည်းတယ်။
(အောက်ဆုံးစာသားကို အသံအကျယ်ကြီးနဲ့ အော်လိုက်သည်)

ဟိ
42.4K views02:17
ክፈት / አስተያየት ይስጡ