Get Mystery Box with random crypto!

လက်နက်ချတဲ့ကောင်တွေကို ခွီကြ ရယ်ကြတော့ အချို့စတော့ဟုမ်းဆင်ဒရုန | ပန်ဆယ်လို

လက်နက်ချတဲ့ကောင်တွေကို ခွီကြ ရယ်ကြတော့ အချို့စတော့ဟုမ်းဆင်ဒရုန်းရောဂါသည်များက တစ်စခန်းထကြတယ်။ မပြောပါနဲ့…. တော်ကြာ လက်နက်မချဘဲ နေမယ်တို့။ လက်နက်မချချင်အောင် ပြောသလိုဖြစ်မယ်တို့။

အခုအချိန်မှ လက်နက်ချတဲ့ကောင်တွေကလေ ခွေးစစ်စစ်တွေ။ ပြည်သူနဲ့ ပူးပေါင်းမယ်ဆိုတဲ့သူတွေက အစောကတည်းက CDM လုပ်လာခဲ့ပြီးသား။ အခုသုံးနှစ်တာကာလ မနိုင်မှ လက်နက်ချတဲ့ကောင်တွေကို ဘာတွေမျက်နှာချိုသွေးချင်နေကြတာလဲ။

ဘယ်လိုမှမနိုင်တော့ဘူးဆိုတာ သေချာမှ၊ အဲ့လိုခြိမ်းခြောက်ခံရမှု ရှိလာမှ လက်နက်ချတာ။ ဖေ့စ်ဘုတ်ပေါ်ကြည့်ပြီး လက်နက်ချမယ်၊မချဘူး ဆုံးဖြတ်တဲ့ကောင် တစ်ကောင်မှ မရှိဘူး။

ဘယ်လောက် မေတ္တာစေတနာနဲ့ ဖိတ်ခေါ်နေပါစေ၊ ပန်းလေးတွေပေး ရေသန့်ဘူးတွေတိုက် ဒူးထောက်ခယမတတ် ဖိတ်ခေါ်ခဲ့တာတောင် နာရီပိုင်းအတွင်း ပထွေးတွေက ပစ်ဆိုတာ ပစ်ခဲ့ကြတာ ၂၀၂၁ကတည်းက ဒီနေ့အထိ သူတို့ဘက်က အခါခါသက်သေပြပြီးခဲ့ကြပြီ။

ဒီနေ့အထိ သူတို့စိတ်နာအောင် မပြောပါနဲ့ဆိုတော့ ငါတို့ပြည်သူတွေ စိတ်နာဖို့လည်း ထားကြပါဦးဟ။

စစ်တပ်ရှေ့ဖြတ်လျှောက်ရင်တောင် ဖျင်ကုန်းချင်နေကြလားမသိ။

အံ့ဩတယ်။