Get Mystery Box with random crypto!

ကျည်ကာနဲ့ ပတ်သက်ရင် ကိုယ်က ထရော်မာရှိတယ်။ အာဏာသိမ်းစ သပိတ်တိုက | ပန်ဆယ်လို

ကျည်ကာနဲ့ ပတ်သက်ရင် ကိုယ်က ထရော်မာရှိတယ်။ အာဏာသိမ်းစ သပိတ်တိုက်ပွဲတွေမှာ စစ်ကောင်စီက ကျည်အစစ်တွေသုံးပြီး ဖြိုခွဲမှုတွေ လုပ်လာတုန်းက ကျည်ကာအတွက်ဆိုပြီး နည်းလမ်းအမျိုးမျိုး ရှာဖွေခဲ့ကြတယ်။

သံဒိုင်းကာလေးတွေ သစ်သားဒိုင်းလေးတွေနဲ့ Defense Team တွေ လုပ်ကြတယ်။ ရှေ့ဆုံးကနေ လူငယ်တွေ ဒိုင်းကိုင်တက်ကြတယ်။ ဒိုင်းတွေ၊ ဓါတ်ငွေ့ကာ Mask တွေအတွက် အခုလို Fundraising တွေကလည်း မရှိသေးတော့ လူငယ်တွေ သူတို့မုန့်ဖိုးလေးတွေ စုပြီး လုပ်ကြတယ်။

ကိုယ်ကလည်း အစောဆုံး၅၀၅ အထုတ်ခံရတဲ့ ဝရမ်းပြေးဆိုတော့ ရှောင်တိမ်းနေရချိန်။ လှည်းတန်းမှာ သပိတ်ထွက်နေတဲ့ လူငယ်အဖွဲ့ထဲက အရင်ကတည်းက သိခဲ့တဲ့ လူငယ်တစ်ယောက်က ဒိုင်းတွေအတွက် ကူပေးပါဦးဆိုလို့ ပြေးလွှားနေရတဲ့ကြားကပဲ ငွေပို့လိုက်တယ်။ နောက်ရက်တော့ သစ်သားဒိုင်းလေးတွေ ပုံပို့လာတယ်။ မောင်လေးတို့ရေ… ဒါတွေက ကျည်အစစ်မကာဘူးနော်၊ ရာဘာကျည်လောက်ပဲ ကာတာမို့ အရမ်းအားမကိုးနဲ့လို့ မှာဖြစ်လိုက်သေးတယ်။

ဖေဖော်ဝါရီ နောက်ဆုံးရက် ညီညီအောင်ထက်နိုင် ကျဆုံးတဲ့ ပစ်ခတ်ဖြိုခွဲခံရတဲ့နေ့မှာ အဲ့သပိတ်စစ်ကြောင်းက လှည်းတန်းမှာ။ ကျဆုံးကြတဲ့ ဓါတ်ပုံတွေ တက်လာတော့ (အမှတ်မမှားရင်) ဇင်လင်းထိုက်ဆိုတဲ့ ကျဆုံးသွားတဲ့ မောင်လေးတစ်ယောက်အကြောင်း ကြားရတယ်။ ကိုယ်ငွေပို့လိုက်တဲ့ အဖွဲ့ဆီက သစ်သားဒိုင်းလေးကိုင်ပြီး ပစ်ခတ်ကြတဲ့အချိန်မှာ ဒိုင်းမပါတဲ့သူတွေကို သူက ကာပေးပြီး သွားခိုင်းသတဲ့။ အဲ့အချိန်မှာပဲ ကျည်က သူ့ဒိုင်းကို ဖောက်ပြီး မျက်နှာကိုမှန် ကျဆုံးခဲ့တာတဲ့။

တစ်နေကုန် ကျဆုံးသွားတဲ့ လူရာချီရဲ့ ပုံတွေကို ကြည့်ရင်း ငိုနေမိတဲ့ကိုယ်ဟာ ဒီသတင်းကြားချိန်မှာ တကယ်ရင်ကွဲပက်လက်ပဲ။ ငါပို့လိုက်တဲ့ငွေနဲ့ လုပ်ထားတဲ့ ကျည်မကာနိုင်တဲ့ ဒိုင်းကြောင့် အရဲကိုးမိပြီး အခုလိုဖြစ်သွားလားဆိုတဲ့ Guilty Conscience ဟာ တကယ် အသဲကွဲစေတာပဲ။

အဲ့ကတည်းက ကိုယ်ဟာ ကျည်ကာအတွက်ဆိုရင် ပိုပြီး Serious ဖြစ်တယ်။ ကျည်တကယ်ကာနိုင်ရဲ့လားဆိုတာကို တအားသံသယကြီးတယ်။ ကျည်ကာအတွက်ဆိုရင် အရမ်းလုပ်ပေးချင်ခဲ့တယ်။

ဒါပေမယ့် တော်လှန်ရေးရဲ့ အနေအထားအရ ကျည်ကာထက် အရှည်အတို အတောင့်ရှိဖို့က အရေးကြီးနေချိန်မို့ ကျည်ကာဘက် မလုပ်နိုင်ခဲ့ဘူး။ အခု စစ်ရေးအရ ကျည်ကာလိုအပ်လာပြီဖြစ်တဲ့ Battle ရင်ဆိုင်ရမယ့် စစ်ကြောင်တွေအတွက် ကျည်ကာတွေလိုအပ်လာပြီဆိုတဲ့အချိန်မှာ ဘယ်လိုမှ မငြင်းရက်နိုင်ဘူး။

ကိုယ်က ဆုတောင်းသီးသန့်တွေ၊ အလုပ်မပါတဲ့စေတနာတွေကို မုန်းပါတယ်။ တော်လှန်ရေး အောင်ပါစေဆိုတာထက် တော်လှန်ရေး အောင်မြင်အောင် ကြိုးစားမယ်ဆိုတဲ့ သန္နိဌာန်ကိုပဲ ကြိုက်တယ်။ ရဲဘော်တွေ ဘေးကင်းပါစေဆိုတာ စိတ်ထဲ နွေးထွေးပေမယ့် ရဲဘော်တွေ ဘေးကင်းအောင် တပ်ဆင်မယ်ဆိုတဲ့ အလုပ်ပါတဲ့ အလုပ်ပါတဲ့ Actionကို ပိုကြိုက်တယ်။

တော်လှန်ရေးအောင်ဂါထာဆိုတာ အခြားမဟုတ်ဘူး။
“ဥုံ… တော်လှန်ရေးအတွက်
စောက်လုပ်လုပ် “
ဒါ… လိုတိုရှင်းပဲ။

ရဲဘော်တွေ ဘေးကင်းပါစေဆိုတာအတွက် ဂါထာကတော့
“ဥုံ- Project Armor မှာ ပါ”
ဒါပဲ။

ကဲ… ချက်ဘောက်လာကြဝေ့။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d