Get Mystery Box with random crypto!

ပန်ဆယ်လို

የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.66K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 186

2022-05-11 17:32:23 ကလေးမှာ ၇ကောင်ဒွမ်သတဲ့။

အခုနောက်ပိုင်း ဒင်းတို့ ဒွမ်တဲ့သတင်းက
၂၀ အထက်မှ မဟုတ်ရင် ရင်မခုန်တော့ဘူး။

ဒါပေမယ့်လည်း ပီတိလေးကတော့ တသိမ့်သိမ့် တငြိမ့်ငြိမ့်ပေါ့လေ။
28.5K views14:32
ክፈት / አስተያየት ይስጡ
2022-05-11 09:51:44 အခုနောက်ပိုင်း နိုင်ငံတကာသတင်းတွေ ဖတ်ဖြစ်တော့ သတိထားမိတာက ကိုယ်တို့နိုင်ငံက ဆန္ဒပြပွဲတွေဟာ အင်မတန်ယဉ်ကျေးတယ်ဆိုတာပဲ။ မနေ့ကဆို သီရိလင်္ကာမှာ ဝန်ကြီးချုပ်အိမ်တွေ လွှတ်တော်အမတ်အိမ်တွေကို မီးရှို့ကြတာမျိုး။

ကိုယ်တွေရဲ့ ဆန္ဒပြပွဲတွေဟာ အင်မတန်ယဉ်ကျေးသိမ်မွေ့ခဲ့ကြတယ်။ အကြမ်းဖက်မှု တစုံတရာလေးတောင် မပါဘဲ ထိန်းသိမ်းခဲ့ကြတယ်။ မျက်ရည်ယိုဗုံးတွေပစ်နေချိန်မှာ ရေစိုဝတ်လေးတွေနဲ့ ကာကွယ်ခဲ့ကြတယ်။ ခေါင်းတွေ ရွေးပစ်နေချိန်မှာ ကျည်မကာတဲ့ သစ်သားဒိုင်းလေးတွေနဲ့ လည်စင်းခံခဲ့ကြတယ်။

ဒီလိုအခြေအနေကနေ လက်နက်ကိုင်တော်လှန်ရေးအထိ ဖြစ်ခဲ့ရတာဟာ စစ်မိစ္ဆာအုပ်စုရဲ့ မိုက်ရိုင်းရက်စက်မှုကြောင့် သီးသန့်ပဲဆိုတာ နားလည်သဘောပေါက်ထားဖို့ လိုတယ်။

ငါတို့ဟာ လူရိုင်းတွေ မဟုတ်ဘူး။ ငါတို့ရဲ့ ယဉ်ကျေးခြင်းဟာ လူ့အန္ဓတွေနဲ့ တွေ့တဲ့အခါ ငါတို့ဟာ ဒီလမ်းကို မဖြစ်မနေလျှောက်ခဲ့ကြရတာ။

ဘုံရန်သူဟာ သူတို့ပဲရှိတယ်။
အမြင်တွေ ဘယ်လိုကွဲကွဲ မုန်တိုင်းတွေထဲလည်း အန္တိမပန်းတိုင်ကို မမေ့ကြဖို့ပဲ။
30.8K views06:51
ክፈት / አስተያየት ይስጡ
2022-05-11 08:25:20 လေလံ

https://www.facebook.com/100064742527019/posts/379719234196158/?d=n
29.5K views05:25
ክፈት / አስተያየት ይስጡ
2022-05-11 06:15:37 ၅ရက်အတွင်း ၃သန်းဖိုးရောင်းပြီးပြီလို့
ဗိုလ်တင်က ကြေညာတယ်။

တနိုင်ငံလုံး လက်ညှိုးထိုးရောင်းစားခဲ့သမျှ
နုကြည်က သူ့အိမ်ကို လက်ညှိုးထိုး ရောင်းသွားပြီ။

ဂေါင်းကြီးတို့ရေ
ဝဋ်ဆိုတာ လည်တတ်တဲ့သဘောလေးတော့ ရှိသနော်။
29.5K views03:15
ክፈት / አስተያየት ይስጡ
2022-05-10 10:03:39 Project Dragonfly နဲ့ ပတ်သက်ပြီး တစ်လပြည့်အနေနဲ့ ပြည်သူကိုတင်ပြပါရစေ။

Project ကာလ ဒုတိယနေ့ကတည်းက ကျွန်မနဲ့ ကိုကလစ်နဲ့ ပြောဖြစ်တာက ကျွန်မတို့ဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကြီးကြီးမားမားတစ်ခုကို တာဝန်ယူရပြီဆိုတာပါပဲ။ ကျွန်မတို့အနေနဲ့ သတိကြီးကြီးနဲ့ သေသေချာချာ အလုပ်လုပ်ကြရမယ်ဆိုတာပါပဲ။

ဒီပစ္စည်းဟာ အားလုံးသိကြတဲ့အတိုင်း အလွယ်တကူ စျေးကွက်မှာ ဝယ်လို့ရတဲ့ ပစ္စည်းမဟုတ်သလို Risk အရမ်းများပါတယ်။ ကျွန်မတို့အနေနဲ့ ပြည်သူရဲ့ လိုလားတောင့်တမှုကို ဖြည့်ဆည်းနိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ယုံကြည်ရတဲ့ အဖွဲ့အစည်းတစ်ခုက ရရှိလာလို့ စခဲ့တာပါ။

ဒီပစ္စည်းနဲ့ ပတ်သက်ပြီး တစ်ဖက်ခြမ်းကလည်း နည်းပေါင်းစုံနဲ့ တိုက်ခိုက်ပြီး သည်းမခံနိုင်လို့ ပြန်တုံ့ပြန်တဲ့အခါ ကျွန်မတို့ဆီက သတင်းအချက်အလက်တွေ ထွက်လာဖို့ ရည်ရွယ်ပြီး အစ်အောက်နေတာတွေ ရှိပါတယ်။ ကျွန်မတို့အနေနဲ့ အပြောအဆိုကအစ သတိကြီးကြီး ထားနေရပါတယ်။

ဒီပစ္စည်းဟာ လက်ဝယ်ရောက်ရှိလာရင်တောင် ဓါတ်ပုံကြီးရိုက်ပြီး ဂုဏ်ဆာပြလို့ရတဲ့ပစ္စည်းမျိုး မဟုတ်သလို ဘယ်နေရာဘယ်ဒေသကို ပို့လိုက်တယ်ဆိုတာ ထုတ်ဖော်ပြောဆိုလို့ရတဲ့ပစ္စည်း မဟုတ်ပါဘူး။ ကျွန်မတို့ဆီက သတင်းရသွားတာနဲ့ အဲ့နေရာကို လာမှာမဟုတ်တဲ့အတွက် ဝယ်ယူခြင်းရည်ရွယ်ချက်ဟာ အဟောသိခံဖြစ်သွားမှာပါ။

ကျွန်မတို့ ကောက်ခံရရှိငွေနဲ့ ဝယ်ယူနိုင်တဲ့ ပမာဏဟာ တစ်နိုင်ငံလုံး နေရာမလပ် Coverဖြစ်နိုင်စရာမရှိပါဘူး။ ပစ္စည်းရလာတဲ့အခါတောင် တစ်နေရာရာမှ လေယာဉ်နဲ့ ကျဲခံရရင်တောင် ကျွန်မတို့က မကာကွယ်နိုင်ရကောင်းလားဆိုပြီး ဆဲခံရဖွယ်ရှိတယ်ဆိုတာကိုလည်း Project Runနေစဉ်ကာလမှာကတည်းက တွေးမိခဲ့ပြီးသားပါ။

အခုအချိန်မှာ သူတို့ရဲ့ ပထမခြေလှမ်းက လာပါပြီ။ Project Dragonfly ရဲ့ အတွင်းသတင်း ဘာညာဘလာဘလာတွေ ပြောပြီး ကျွန်မတို့ဆီက ပြန်တုံ့ပြန်တဲ့အခါ ထွက်လာမယ့်သတင်းအချက်အလက်ကို နှိုက်ထုတ်နေကြပါပြီ။

ရိုးရိုးရှင်းရှင်းပဲ ပြောပါ့မယ်။ ကျွန်မနဲ့ ကိုကလစ်ဟာ ရန်ပုံငွေရှာဖွေပေးရေးအပိုင်းမှာပဲ ပါဝင်ထားပြီး ဝယ်ယူရေးအပိုင်းမှာ ပါဝင်ထားခြင်းမရှိပါ။ ပါဝင်လိုက်ရင်လည်း ကျွန်မတို့ အန္တရာယ်အရမ်းများပါတယ်။ ကျွန်မတို့ဟာ Public နဲ့ ထိတွေ့ပြောဆိုနေရသူတွေ ဖြစ်တဲ့အတွက် Sourceတွေကို ကျွန်မတို့သိနေရင် ယောင်ရမ်းပြောမိမှာစိုးလို့ ကျွန်မတို့ မသိအောင် နေပါတယ်။ ဒါပေမယ့် ဘယ်အနေအထား ဘယ်အဆင့်မှာ ရှိနေပြီဆိုတာနဲ့ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာတော့ ကျွန်မတို့ သိခွင့်ရှိပါတယ်။

တစ်လပြည့်ဖို့တောင်ရက်ပိုင်းလိုနေသေးတဲ့ကာလမှာ ဒီလိုပစ္စည်းမျိုး လက်ထဲမရောက်သေးရကောင်းလား အပြစ်တင်ရင်တော့ ပြောသူရဲ့ဥာဏ်ရည်ပဲလို့ သတ်မှတ်လို့ရပါတယ်။ အဲ့လောက် လွယ်ကူရင် ကျွန်မတို့လူငယ်တွေရဲ့ ပခုံးပေါ် တပ်ရင်းစေ့ရောက်နေတာ ကြာလှပြီပေါ့။

ပြောလို့ရသမျှ ပြောပြရရင်တော့ Project Dragonfly မှ ရရှိငွေ တစ်ပြားတစ်ချပ်မကျန် Freezeခံရခြင်း မရှိဘဲ ဘေးကင်းလုံခြုံပါတယ်။ ပေးပို့ရမယ့်နေရာကို 90% လောက် ဘေးကင်းစွာ ရောက်ရှိသွားပါပြီ။ ရက်ပိုင်းအတွင်း ပြီးပြတ်မယ် မျှော်လင့်ပါတယ်။ ဝယ်ယူရေး ပို့ဆောင်ရေးက On Processing ပါ။ အခုအချိန်ထိ ဘာပြသနာမှ မရှိဘဲ အေးအေးဆေးဆေး အခြေအနေပါ။

ကျွန်မတို့ဘက်ကတော့ အရှင်းလင်းဆုံး ဆောင်ရွက်ပါတယ်။ ပြည်သူကို ပြောထားတဲ့အတိုင်း ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့အညီ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မလွဲမသွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဟိုခေါင်းစဉ်ပြောင်းသုံးပါ ဒီခေါင်းစဉ်ပြောင်းသုံးပါဆိုရအောင် ကျွန်မတို့က ပြည်သူကို ပြောထားတဲ့ခေါင်းစဉ်ကလွဲလို့ အခြား မသုံးနိုင်ပါ။ ပြည်သူကို မသိအောင် ဘာမှမလုပ်နိုင်ပါ။ မလုပ်ရဲပါ။ အစွန်းစွန်ဆုံး ပြောထားရရင် လုံးဝမရတော့ရင်တောင် ပြည်သူကို အသိပေးတင်ပြပြီးမှ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လတ်တလောကာလအခြေအနေအရလည်း မရစရာ မရှိပါ။

အဲ့ဒါမဝယ်ဘဲ ဟိုဟာဘယ်နှလက်ဝယ်ပါလား၊ ဒီဟာဘယ်နှခုဝယ်ပါလား စောက်သုံးမကျဘူး ပြောနေတဲ့သူများအနေနဲ့ မကျေနပ်ရင် ကိုယ့်ဖာသာ အလှူငွေရှာပြီး ကိုယ့်ဖာသာ ဝယ်လိုက်ပါ။

ဆန်ဆေးတုန်းကလည်း မပါ၊ မီးမွှေးတော့လည်း မပါ။ ထမင်းမကျက်သေးဘူးလား ထိုင်အော်နေသူများရဲ့ စကားကို အရာမသွင်းနိုင်ပါ။

ပျက်သွားပြီတို့ ပြတ်သွားပြီတို့ကတော့ သူတို့ရှက်ကြောတွေပဲ ဖြစ်မှာပါ။

Project Dragonfly ကတော့ ချီတက်နေမြဲပါ။
34.7K views07:03
ክፈት / አስተያየት ይስጡ
2022-05-10 09:31:51 ပထမတော့ PDF တွေ လုပ်ပါတယ်ဆိုပြီး
ဘဏ်ကို ဓါးပြတိုက်တယ်။

အခုတော့ အဆင့်တက်သွားပြီ။
ဘဏ်ပိုင်ရှင်သမီးကိုပါ ပြန်ပေးဆွဲလိုက်တယ်။

မအလစကစကွ။
မလုပ်ရဲတာ ဘာမှမရှိဘူး။
ပင်စင်မယူရဲတာပဲရှိတာ။
31.1K views06:31
ክፈት / አስተያየት ይስጡ
2022-05-10 08:52:24 မင်းအောင်လှိုင်လက်ထက်ရောက်မှပဲ
တပ်မတော်လည်း ခြေသလုံးအိမ်တိုင်မက
ပြန်ကာကွယ်ပေးရတဲ့ဘဝ ရောက်တော့တာပဲ။

ဒါလည်း စောက်ရှက်မရှိကြဘူး။
31.3K views05:52
ክፈት / አስተያየት ይስጡ
2022-05-09 09:56:05 စစ်တပ်က ပစ်နေတဲ့အဖွဲ့တွေကို
အပစ်ရပ်ဖို့ ဖိတ်တာ

စစ်တပ်ကို တစ်ခါမှ မပစ်ဖူးတဲ့အဖွဲ့တွေပဲ
တက်လာတယ်။

ဂေါင်းကြီးတို့ အောင်မြင်ပြန်ပြီ
ဟီဟိ
36.4K views06:56
ክፈት / አስተያየት ይስጡ
2022-05-09 08:32:59 ရန်သူက အနားတောင်းလာတယ်ဆိုတာ အတော်အထိနာနေပြီလို့ ဝန်ခံနေတာပဲ။ မင်းအောင်လှိုင်ပြောတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာကလည်း သူတို့ အတော်အထိနာနေတယ်ဆိုတာကို ပြသနေတယ်။

ရန်သူကအနားတောင်းချိန်မှာ အနားမပေးဘဲ ဆက်ဖိထိုးနိုင်ရင် အောင်ပွဲရကို ရတော့မှာ။ အခုငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာကြီးမှာ EROs တွေထဲမှာ ကြီးကြီးမားမားအဖွဲ့တွေ တစ်ဖွဲ့မှ မတက်ကြဘူးဆိုတာ နောက်ထပ် အခွင့်အရေး မပေးနိုင်တော့ဘူးဆိုတဲ့ သဘောလို့ ယူဆလို့ရနေပြီ။ အားလုံးညီညွတ်ကြပြီဆို မင်းအောင်လှိုင်လို အရပ်မပြည့်ကျပ်မပြည့်ကောင် မပြောနဲ့၊ တစ်ကမ္ဘာလုံးက အာဏာရှင်တွေ သေရာကပြန်ထလာရင်တောင် သူတို့နိုင်စရာအကြောင်းကို မရှိတော့တာ။

ဆယ်စုနှစ်ပေါင်းများစွာ အယောင်ဆောင်ငြိမ်းချမ်းရေးထဲမှာ မငြိမ်းချမ်းခဲ့တဲ့မြေတွေအတွက် ငြိမ်းချမ်းရေးအစစ်ရဖို့ဆိုတာ စစ်အာဏာရူးတွေ အပြီးတိုင် ကျဆုံးသွားမှ ဖြစ်မယ်။ ဒီကာလက အကြီးမားဆုံးအခွင့်အရေးပဲ။

အစွမ်းကုန်ရုန်းကြရအောင်ပါ။
သံပူခိုက်မှာ နာနာရိုက်ကြမယ်။
37.6K views05:32
ክፈት / አስተያየት ይስጡ
2022-05-09 07:47:12 ကြင်စိုးတောင် ဆိတ်သားဆိုင်ဖွင့်နေပြီပဲ။

ဆိတ်ခေါင်းချိတ်ပြီး
ခွေးသားရောင်းနေပြီတဲ့။

ဗိုလ်ချုပ်ဂွမ်မော်ပြောတာ
35.1K views04:47
ክፈት / አስተያየት ይስጡ