Get Mystery Box with random crypto!

Project Dragonfly နဲ့ ပတ်သက်ပြီး တစ်လပြည့်အနေနဲ့ ပြည်သူကိုတင်ပ | ပန်ဆယ်လို

Project Dragonfly နဲ့ ပတ်သက်ပြီး တစ်လပြည့်အနေနဲ့ ပြည်သူကိုတင်ပြပါရစေ။

Project ကာလ ဒုတိယနေ့ကတည်းက ကျွန်မနဲ့ ကိုကလစ်နဲ့ ပြောဖြစ်တာက ကျွန်မတို့ဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကြီးကြီးမားမားတစ်ခုကို တာဝန်ယူရပြီဆိုတာပါပဲ။ ကျွန်မတို့အနေနဲ့ သတိကြီးကြီးနဲ့ သေသေချာချာ အလုပ်လုပ်ကြရမယ်ဆိုတာပါပဲ။

ဒီပစ္စည်းဟာ အားလုံးသိကြတဲ့အတိုင်း အလွယ်တကူ စျေးကွက်မှာ ဝယ်လို့ရတဲ့ ပစ္စည်းမဟုတ်သလို Risk အရမ်းများပါတယ်။ ကျွန်မတို့အနေနဲ့ ပြည်သူရဲ့ လိုလားတောင့်တမှုကို ဖြည့်ဆည်းနိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ယုံကြည်ရတဲ့ အဖွဲ့အစည်းတစ်ခုက ရရှိလာလို့ စခဲ့တာပါ။

ဒီပစ္စည်းနဲ့ ပတ်သက်ပြီး တစ်ဖက်ခြမ်းကလည်း နည်းပေါင်းစုံနဲ့ တိုက်ခိုက်ပြီး သည်းမခံနိုင်လို့ ပြန်တုံ့ပြန်တဲ့အခါ ကျွန်မတို့ဆီက သတင်းအချက်အလက်တွေ ထွက်လာဖို့ ရည်ရွယ်ပြီး အစ်အောက်နေတာတွေ ရှိပါတယ်။ ကျွန်မတို့အနေနဲ့ အပြောအဆိုကအစ သတိကြီးကြီး ထားနေရပါတယ်။

ဒီပစ္စည်းဟာ လက်ဝယ်ရောက်ရှိလာရင်တောင် ဓါတ်ပုံကြီးရိုက်ပြီး ဂုဏ်ဆာပြလို့ရတဲ့ပစ္စည်းမျိုး မဟုတ်သလို ဘယ်နေရာဘယ်ဒေသကို ပို့လိုက်တယ်ဆိုတာ ထုတ်ဖော်ပြောဆိုလို့ရတဲ့ပစ္စည်း မဟုတ်ပါဘူး။ ကျွန်မတို့ဆီက သတင်းရသွားတာနဲ့ အဲ့နေရာကို လာမှာမဟုတ်တဲ့အတွက် ဝယ်ယူခြင်းရည်ရွယ်ချက်ဟာ အဟောသိခံဖြစ်သွားမှာပါ။

ကျွန်မတို့ ကောက်ခံရရှိငွေနဲ့ ဝယ်ယူနိုင်တဲ့ ပမာဏဟာ တစ်နိုင်ငံလုံး နေရာမလပ် Coverဖြစ်နိုင်စရာမရှိပါဘူး။ ပစ္စည်းရလာတဲ့အခါတောင် တစ်နေရာရာမှ လေယာဉ်နဲ့ ကျဲခံရရင်တောင် ကျွန်မတို့က မကာကွယ်နိုင်ရကောင်းလားဆိုပြီး ဆဲခံရဖွယ်ရှိတယ်ဆိုတာကိုလည်း Project Runနေစဉ်ကာလမှာကတည်းက တွေးမိခဲ့ပြီးသားပါ။

အခုအချိန်မှာ သူတို့ရဲ့ ပထမခြေလှမ်းက လာပါပြီ။ Project Dragonfly ရဲ့ အတွင်းသတင်း ဘာညာဘလာဘလာတွေ ပြောပြီး ကျွန်မတို့ဆီက ပြန်တုံ့ပြန်တဲ့အခါ ထွက်လာမယ့်သတင်းအချက်အလက်ကို နှိုက်ထုတ်နေကြပါပြီ။

ရိုးရိုးရှင်းရှင်းပဲ ပြောပါ့မယ်။ ကျွန်မနဲ့ ကိုကလစ်ဟာ ရန်ပုံငွေရှာဖွေပေးရေးအပိုင်းမှာပဲ ပါဝင်ထားပြီး ဝယ်ယူရေးအပိုင်းမှာ ပါဝင်ထားခြင်းမရှိပါ။ ပါဝင်လိုက်ရင်လည်း ကျွန်မတို့ အန္တရာယ်အရမ်းများပါတယ်။ ကျွန်မတို့ဟာ Public နဲ့ ထိတွေ့ပြောဆိုနေရသူတွေ ဖြစ်တဲ့အတွက် Sourceတွေကို ကျွန်မတို့သိနေရင် ယောင်ရမ်းပြောမိမှာစိုးလို့ ကျွန်မတို့ မသိအောင် နေပါတယ်။ ဒါပေမယ့် ဘယ်အနေအထား ဘယ်အဆင့်မှာ ရှိနေပြီဆိုတာနဲ့ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာတော့ ကျွန်မတို့ သိခွင့်ရှိပါတယ်။

တစ်လပြည့်ဖို့တောင်ရက်ပိုင်းလိုနေသေးတဲ့ကာလမှာ ဒီလိုပစ္စည်းမျိုး လက်ထဲမရောက်သေးရကောင်းလား အပြစ်တင်ရင်တော့ ပြောသူရဲ့ဥာဏ်ရည်ပဲလို့ သတ်မှတ်လို့ရပါတယ်။ အဲ့လောက် လွယ်ကူရင် ကျွန်မတို့လူငယ်တွေရဲ့ ပခုံးပေါ် တပ်ရင်းစေ့ရောက်နေတာ ကြာလှပြီပေါ့။

ပြောလို့ရသမျှ ပြောပြရရင်တော့ Project Dragonfly မှ ရရှိငွေ တစ်ပြားတစ်ချပ်မကျန် Freezeခံရခြင်း မရှိဘဲ ဘေးကင်းလုံခြုံပါတယ်။ ပေးပို့ရမယ့်နေရာကို 90% လောက် ဘေးကင်းစွာ ရောက်ရှိသွားပါပြီ။ ရက်ပိုင်းအတွင်း ပြီးပြတ်မယ် မျှော်လင့်ပါတယ်။ ဝယ်ယူရေး ပို့ဆောင်ရေးက On Processing ပါ။ အခုအချိန်ထိ ဘာပြသနာမှ မရှိဘဲ အေးအေးဆေးဆေး အခြေအနေပါ။

ကျွန်မတို့ဘက်ကတော့ အရှင်းလင်းဆုံး ဆောင်ရွက်ပါတယ်။ ပြည်သူကို ပြောထားတဲ့အတိုင်း ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့အညီ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မလွဲမသွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဟိုခေါင်းစဉ်ပြောင်းသုံးပါ ဒီခေါင်းစဉ်ပြောင်းသုံးပါဆိုရအောင် ကျွန်မတို့က ပြည်သူကို ပြောထားတဲ့ခေါင်းစဉ်ကလွဲလို့ အခြား မသုံးနိုင်ပါ။ ပြည်သူကို မသိအောင် ဘာမှမလုပ်နိုင်ပါ။ မလုပ်ရဲပါ။ အစွန်းစွန်ဆုံး ပြောထားရရင် လုံးဝမရတော့ရင်တောင် ပြည်သူကို အသိပေးတင်ပြပြီးမှ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လတ်တလောကာလအခြေအနေအရလည်း မရစရာ မရှိပါ။

အဲ့ဒါမဝယ်ဘဲ ဟိုဟာဘယ်နှလက်ဝယ်ပါလား၊ ဒီဟာဘယ်နှခုဝယ်ပါလား စောက်သုံးမကျဘူး ပြောနေတဲ့သူများအနေနဲ့ မကျေနပ်ရင် ကိုယ့်ဖာသာ အလှူငွေရှာပြီး ကိုယ့်ဖာသာ ဝယ်လိုက်ပါ။

ဆန်ဆေးတုန်းကလည်း မပါ၊ မီးမွှေးတော့လည်း မပါ။ ထမင်းမကျက်သေးဘူးလား ထိုင်အော်နေသူများရဲ့ စကားကို အရာမသွင်းနိုင်ပါ။

ပျက်သွားပြီတို့ ပြတ်သွားပြီတို့ကတော့ သူတို့ရှက်ကြောတွေပဲ ဖြစ်မှာပါ။

Project Dragonfly ကတော့ ချီတက်နေမြဲပါ။