Get Mystery Box with random crypto!

ပန်ဆယ်လို

የቴሌግራም ቻናል አርማ pencilochannel — ပန်ဆယ်လို
የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.59K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 178

2022-06-13 07:45:56 မကြောက်ဘူး မကြောက်ဘူးနဲ့
ရန်ကုန်မြို့ကြီးပေါ် အိမ်ထဲမှာ ဗုံးခိုကျင်းပါ တူးနေရပြီ။

နှစ်ပေါင်း ၇၀ကျော် တည်ဆောက်ခဲ့တဲ့ စတန်းဒတ်အာမီခြင်းကျားတပ်ကြီးက ၁နှစ်သား PDF တွေကို ချေးချမ်းနေပုံများ။

ကယ်ကြပါဦး
ရယ်နေတာ ရပ်မရတော့လို့။
23.7K views04:45
ክፈት / አስተያየት ይስጡ
2022-06-13 07:28:10 ဝေါလေရဲစခန်းကို KNDO ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တဲ့။ ရွှေကူဘက်မှာလည်း အကောင်၅၀ မိုးချုပ်လို့ ကြားတယ်။

မနေ့က တစ်ရက်တည်းတင် တစ်နိုင်ငံလုံးမှာ ၁၀၃ကောင်ဒွမ်သတဲ့။

ဇော်မဲလုံးကသာ PDFတွေ အလင်းဝင်ပါ အမှောင်ဝင်ပါ အိညက်အိညက်လုပ်နေတာ။
PDF တွေက ပြန်ပြောနေပြီ။
MaALoe တွေ လက်နက်ချစမ်းတဲ့။
23.3K views04:28
ክፈት / አስተያየት ይስጡ
2022-06-13 06:45:01
Texas ပြည်နယ် Amarillo မြို့မှာ ကျင်းပတဲ့ Fund Raising ပွဲနဲ့ 007 ရောင်းချပွဲမှာ တော်လှန်ရေးရံပုံငွေ အမေရိကန်ဒေါ်လာ 42956 USD (မြန်မာငွေ သိန်း၈၅၀ ကျော်ဝန်းကျင်) ရှာဖွေနိုင်ခဲ့ပါတယ်။

NUG Bond ရောင်းချရငွေအား NUG အစိုးရရဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနကို ပို့ဆောင်မှာဖြစ်ပြီး Fund Raise ရရှိငွေကို Amarillo PDF Supporting Group မှတဆင့် မြေပြင်ကို တိုက်ရိုက်စီးဆင်းမှာ ဖြစ်ပါတယ်။

အပူရှိန် 106 ကျော်မှာ အားကျိုးမာန်တက် စီစဉ်ပေးကြတဲ့ မြို့ခံများ၊ တက်ရောက်လာကြသူများ၊ အခြားState တွေကပါ အဝေးကြီးကားမောင်းပြီး ရောက်အောင်လာကြသူများကို အထူးကျေးဇူးတင်ပါတယ်။

ကရင်နီဝတ်စုံလေးကို ကြိုတင်ပြင်ဆင် ဝတ်ဆင်ပေးခဲ့တဲ့ မြို့ခံတိုင်းရင်းသားတွေကိုလည်း မှတ်မှတ်ရရသတိရနေမှာပါ။ ပုံတူပန်းချီကားလေးအတွက်လည်း ကျေးဇူးပါ။

Thank you all, Amarillo.
23.6K views03:45
ክፈት / አስተያየት ይስጡ
2022-06-12 10:55:41 PDF တွေကို အပြတ်နှိမ်နင်းမယ် ဘာညာ ကြိမ်းဝါးလာတာ ဘယ်လောက်ကြာသေးလို့လဲ။ EROs တွေနဲ့ ဆွေးနွေးညှိနှိုင်းပါရစေ၊ PDFတွေ မပါဘူး၊အပြတ်ချေမှုန်းမယ် ဘာညာလုပ်ပြတာ ဘယ်နှလကြာသေးလို့လဲ။ အခုတော့ လက်နက်အပ် အလင်းဝင်ရင် နွေးထွေးစွာ ကြိုဆိုပါမယ်တဲ့။ အဟက်

စောင့်ကြည့်နေ… ဒီလောက်နဲ့ မပြီးသေးဘူး။ PDF တွေ အလင်းဝင်ပါတယ်ဆိုပြီး သူတို့ သေနတ်ပေးထားတဲ့ ငပျူတွေ သေနတ်ပြန်အပ်ပြပြီး ရုပ်ရှင်ရိုက်ပြဦးမှာ။

သွေးကြွေးမှာ ဆွေးနွေးစရာမရှိပါဘူးဆိုမှ တနေ့တခြား PDF ထဲ ဝင်သွားသူတွေမှ အများကြီး။ဖာသိဖာသာနေခဲ့သူတွေတောင် ရွာတွေ အိမ်တွေ မီးရှို့ခံရလို့ အံကြိတ်တောက်ခေါက် လက်နက်ကိုင်နေပြီ။ အဖိုးအဖွားအရွယ် ကလေးအရွယ်တွေကအစ လက်နက်မကိုင်နိုင်ရင်တောင် မအိမ်လုံးတွေကို ပြန်ချဖို့ လက်နက်ဝယ်ပေးမယ်ဟဲ့ဆိုပြီး ရှိတဲ့နားကပ်လေး ရွှေတိုရွှေစလေးတွေကအစ ထုတ်ပေးနေကြပြီ။

EROsတွေ PDF တွေဆီ လက်နက်ချ အလင်းဝင်တဲ့ စစ်ခွေးတွေ များများလာတာ မခံစားနိုင်တော့ဘူး ထင်ပါရဲ့။ ဘောမတွေလည်း သူတို့ပထွေးကို ကြိတ်ဆဲနေတာ ကိုယ်တွေထက်တောင် မာန်ပါသေးတယ်။ တစ်နှစ်ကျော်ကာလ တစက်မှ မနားရတဲ့ စစ်ခွေးတွေလည်း ဒူးချောင်နေပြီ။ ဒွမ်နှုန်း၊ ပြေးနှုန်းကလည်း မြင့်၊ အထွက်သာ ရှိ အဝင်မရှိလို့ ကလေကဝတွေကို ငွေပေးပြီး ငပျူတွေအနေနဲ့ ယိုင်နဲ့နဲ့ စစ်တပ်ကို ထောက်ကန်ပေးနေရတဲ့ ကလေကဝစစ်တပ်ကြီး ဖြစ်နေပြီ။

PDF တွေ အလင်းဝင်ပါ လက်နက်အပ်ပါ ဘာညာ လေသံပစ်မယ်။ လက်နက်အပ်တယ် ဘာညာ ရုပ်ရှင်ရိုက်ပြမယ်။ ဒီအကွက်လောက်က နာကျည်းမှု ကမ်းကုန်နေပြီဖြစ်တဲ့ PDF တွေအတွက် ဆေးမတိုးတာ ဇော်မဲလုံးတို့လည်း မသိဘဲ မနေဘူး။

သူတို့အကွက်က သူတို့ဘောကို မချင်သလို မမချင်သလိုလို အချစ်ပေါ့ အားလျော့လာတဲ့ ဘောမလေးတွေကို မိုတီပေးချင်နေပုံရတယ်။ စစ်တပ်က အားနည်းလာလို့ အားငယ်လာလို့ စိတ်မလုံမခြုံဖြစ်လာတဲ့ အခြေအနေကို ဖုံးကွယ်ဖို့ ထလုပ်တဲ့အကွက်လို့ပဲ မြင်တယ်။

လက်နက်အပ်ပါ လက်နက်အပ်ပါ လုပ်နေရအောင် သူတို့စောက်ဆံတစ်ပြားမှ မပါဘူး။ လိမို့ အပ်ရမှာလား။ လိုချင်ဝယ်ထား သုံးတတ်ရင် ဆောင်ထား။ ကိုယ်တွေဖာသာ လူအင်အားများလွန်းပြီး လက်နက်နည်းနေလို့ မနည်းရှာဝယ်နေရတာ။ စဉ်းစားလေ… ငယ်တော့တဲ့ အရွယ်တွေလည်း မဟုတ်။ သေခါနီးနေပြီ… L33 စကားတွေ ပြောတုန်း။

ပြောတော့ဖြစ် အပြုတ်တိုက်မယ် အပြုတ်တိုက်မယ်နဲ့၊ ငှက်သိုက်လေး ကိုယ်တိုင်ပြုတ်ပြီး သွားတိုက်ခဲ့ရတဲ့ အစဉ်အလာနဲ့ ကောင်တွေ။

တောင့်ထားကြဟေ့
ပထမတော့ အပြုတ်တိုက်မယ် အပြတ်ဖြုတ်မယ်။ဒုတိယကျ လက်နက်အပ်ပါ အလင်းဝင်ပါ ဘာညာ။ နောက်ဆုံးတဆင့်ပဲ ကျန်တော့တယ်။PDF တို့ရေ… ငှက်သိုက်ပူပူလေး အဘကိုယ်တိုင် အိမ်မှာပြုတ်လာတာဆိုပြီး။

မှတ်ထား ဘောမတို့
နင်တို့ ရှုံးတော့မှာ။
18.2K views07:55
ክፈት / አስተያየት ይስጡ
2022-06-12 10:25:38 လူအင်အားက တနေ့ထက်တနေ့များများလာလို့ လက်နက်အသည်းအသန်ရှာဝယ်နေရပါတယ်ဆိုမှ လက်နက်အပ်ပါဆိုတော့

လိုချင်ရင် ဝယ်လေ ဂေါင်းကြီးတို့ရဲ့။
စွခွက်မပြောင်နဲ့။
19.2K views07:25
ክፈት / አስተያየት ይስጡ
2022-06-12 07:56:51 PDF တွေနဲ့ပြိုင် စစ်တပ်မနိုင်ဆိုရင်လည်း တည့်တည့်ပြောလေ။

ဘာ PDFတွေ အလင်းဝင်ပါလဲ။

ပါးချခံရမယ်။
19.9K viewsedited  04:56
ክፈት / አስተያየት ይስጡ
2022-06-11 13:54:41 မြစ်ကြီးနား စစ်ခွေးသင်တန်းကျောင်းမှာ
အရာခံဗိုလ်က စစ်ခွေးတွေကို သတိဆွဲ တန်းစီခိုင်းပြီး သေနတ်နဲ့ ပစ်သတ်။

၆ ကောင် ပွဲချင်းပြီး၊ ၂ကောင် ဆေးရုံရောက်မှပြီး
အတိုတစ်လက် အရှည်တစ်လက်ဆွဲပြီး ထွက်ပြေးလွတတ်မြောက်တဲ့။

ခွေးဇိုးလေးတွေဘဝက ရှေ့ကလာတဲ့ ကျည်ဆန်လည်း ကြောက်ရ၊နောက်ကလာတဲ့ ကျည်ဆန်လည်း ကြောက်ရ၊ သတိဆွဲခိုင်းပြီး ပစ်မယ့် ကျည်ဆန်လည်း ကြောက်ရ။

ဘယ်လိုကြီး ကျေနပ်နေမှန်းကို မသိတာ
22.1K views10:54
ክፈት / አስተያየት ይስጡ
2022-06-11 09:41:03 ဒီကာလမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီကလည်း အင်မတန် အရေးကြီးတယ်။ တိုင်းပြည်က စုတ်ပြတ်သတ်ပြီး ဒုက္ခပေါင်းစုံ မလုံခြုံမှုပေါင်းစုံ အကြောက်တရားပေါင်းစုံ မပြေလည်မှုပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာ ပြည်တွင်းရော ပြည်ပရော နေသာသလို နေနိုင်တဲ့ နှလုံးသားမျိုး မရှိသူတိုင်း ပျော်ရွှင်မနေကြပါဘူး။

သိပ်မကြာသေးခင်က ကိစ္စလေးတစ်ခုပေါ့။ ဖေ့စ်ဘုတ်ဖရန့်တစ်ယောက်က ပိုစ့်တင်တယ်။ အပြင်မှာလည်း မသိပါဘူး။ သူ့ပိုစ့်က ထူးဆန်းနေတယ်။ သူ့ကို တစ်ယောက်ယောက်က စကားပြောဖို့ ဖုန်းခေါ်ပေးနိုင်မလားဆိုပြီး သူ့ဖုန်းနံပါတ်လေး ရေးထားတယ်။

ကိုယ်က ပုံမှန်ဆိုရင် ဖုန်းပြောရတာ ပျင်းတဲ့သူ။ ဒါပေမယ့် သူ့စတေးတပ်စ်ကို ဖတ်ရတာ တစ်ခုခု ခံစားလိုက်ရတယ်။ ကူကယ်ရာမဲ့နေတဲ့ အသံကိုပါ ကြားလိုက်ရသလိုမျိုး။

သူကလည်း USကပဲဆိုတော့ ကိုယ် ချက်ချင်းပဲ သူ့နံပါတ်ကို ဖုန်းခေါ်လိုက်တယ်။ ဖုန်းခေါ်ပေးပါဆိုလို့ပါလို့ ပြောလိုက်တော့ သူငိုတယ်။ ငိုတာမှ အကြာကြီးပဲ။ ကိုယ့်ဘဝမှာ ယောက်ျားတစ်ယောက် ငိုတာကို မမြင်ဖူး မကြားဖူးခဲ့ဘူး။ သူငိုတာကို စိတ်ရှည်လက်ရှည်နားထောင်ရင်း ကိုယ်ပါ မျက်ရည်ဝဲရတယ်။

US ရောက် ချင်းတိုင်းရင်းသား တစ်ယောက်ပါပဲ။ သူ့ညီအစ်ကိုတွေ သူငယ်ချင်းတွေထဲက တိုက်ပွဲကျတယ်။ ဒီဘက်မှာက အထီးကျန်တယ်။ အခြားသော မပြေလည်မှုတွေလည်း ရှိလိမ့်မယ်။ ကိုယ်ကတော့ သူပြောတာ နားထောင်ပေးဖြစ်တယ်။ အားပေးစကားတွေ Motivation တွေ ဇွတ်ပြောနေတာထက် နားထောင်ပေးရုံက ပိုအသုံးဝင်တဲ့ အချိန်တွေ ရှိတယ်။ သူက ကျေးဇူးတင်ကြောင်း ပြောတယ်။ သူ အခုနကဆို တခုခုလုပ်ဖြစ်တော့မယ်ဆိုတဲ့စိတ်မျိုးဖြစ်လာလို့ တစ်ယောက်ယောက်နဲ့ စကားပြောကြည့်ဖို့ ကြိုးစားတာပါတဲ့။ ဘယ်သူမှ ဆက်လာမယ် ထင်မထားဘူးတဲ့။

ကိုယ်ကတော့ အားပေးစကားတွေထက် နားလည်တယ်ဆိုတာရယ်၊ ကိုယ်တစ်ယောက်တည်း ကြုံနေရတာ မဟုတ်ဘူးဆိုတာရယ်ကိုပဲ ပါးပါးလေး ပြောဖြစ်တာပါပဲ။ နောက်ပိုင်းတော့ သူပြန်အဆင်ပြေသွားပုံပေါ်ပါတယ်။ ကြည်ကြည်သာသာ Status လေးတွေ တွေ့ရတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကိုယ်လည်း အဲ့လိုစိတ် ထဖြစ်တယ်။ အကြောင်းအရာ မယ်မယ်ရရမရှိဘဲ လမ်းပျောက်သလို ရှေ့မဆက်ချင်တော့သလို ခံစားချက်မျိုးက ရေနစ်သလိုပဲ။ လူဆိုတာက သေချင်တယ်ဆိုတဲ့စိတ်က ချက်ချင်းပေါ်လာပြီး ချက်ချင်းမှာပဲ ဖြစ်သွားနိုင်တာမျိုးမဟုတ်လား။

ကိုယ် မိတ်ဆွေတစ်ယောက်စီ စာပို့လိုက်တယ်။ စကားပြောဖို့ထက် စာရိုက်ပြီး ပြောချင်နေတာမျိုး။ ကိုယ့်မှာ လူတစ်ယောက်ရှေ့ ငိုချဖို့ သတ္တိကလည်း မရှိ။ မိတ်ဆွေကလည်း စာရေးဆရာပီပီ စာမျက်နှာ လေးမျက်နှာပါတဲ့ စာအရှည်ကြီးကို PDF File နဲ့ကို ပြန်ပို့လာတယ်။ စာရှည်ပေမယ့် ကိုယ့်အတွက်တော့ စာတစ်ကြောင်းမှ ပစ်စရာမရှိတဲ့ နည်းလမ်းလေးတွေပါပဲ။ အခုဆိုရင် ကိုယ်က သူပြောတဲ့အချက်လေးတွေ တစ်ချက်စီ လိုက်လုပ်ဖြစ်ရင်း အနည်းငယ်အဆင်ပြေလာခဲ့ပြီ။

ဒီကာလမှာ ကိုယ်တွေအချင်းချင်း စိတ်ပိုင်းဆိုင်ရာ ဖေးမကြဖို့ လိုအပ်တယ်။ ငါနားလည်ပါတယ်ကွာဆိုတဲ့ စကားလေးတစ်ခွန်းကလည်း လူတစ်ယောက်ကို အသက်ဆက်ရှင်ဖို့ အကြောင်းပြချက် ရသွားစေတာပဲ။

လူ့ဘဝဆိုတာ တည်းတည်းလေးပါပဲ။ အစွန်အဖျားလေးမှာ ရှင်သန်ဖို့ အကြောင်းပြချက်လေးတွေ တစ်ခုချင်းစီကို ဆွဲယူရင်း ကုတ်ကပ်အသက်ရှင်နေကြရတာ။ သေလိုက်ဖို့ဆိုတာ အဲ့စိတ်လေးကို အလုံးစုံလွှတ်ချလိုက်ရုံလောက်ပါပဲ။

တစ်ယောက်ယောက်ကို ငါရှိတယ်၊ ငါတို့ရှိတယ်နော်၊ ငါနားလည်ပါတယ်၊ ငါတို့နားလည်တယ်ဆိုတာလောက်ကို ကိုယ်တို့က အဆင်သင့်ရှိပေးနေကြသင့်တယ် မဟုတ်လား။ ချစ်ရသူတွေ လွှတ်ချသွားတာကို ထိုင်ကြည့်နေရမှာထက် အခွင့်အရေးရှိမယ်ဆိုရင် ဖမ်းယူဆွဲထားနိုင်လိုက်သင့်တယ် မဟုတ်လား။

အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့စိတ်ထဲမှာ ချစ်ခြင်းမေတ္တာအကြောင်း မကြာခဏ ပြန်တွေးရင်း ရှေ့ဆက်နေရတဲ့ ရက်တွေပါပဲ။ ထူးထွေလည်း သန်မာမနေပါဘူး။ သေရတာထက် နေရတာခက်တဲ့ ကာလတွေမှာ ငါက ခက်ခဲတာတွေပဲ လုပ်မှာဆိုပြီး မာန်တင်းထားရုံပါပဲ။

ကူကယ်ရာမဲ့သူတွေရဲ့ အသံတိုးတိုးလေးတွေကို ပိုမိုနားစိုက်ထောင်ကြရင်း အချင်းချင်း ကယ်တင်ရှင်သန်ကြရမှာပါပဲ။
19.9K viewsedited  06:41
ክፈት / አስተያየት ይስጡ
2022-06-10 18:48:43 မင်းတို့ နိုင်နေပြီဆိုတာ
ဘယ်မှာနိုင်တာလဲ… ဘယ်လိုနိုင်တာလဲ။

မသိပါဘူးလေ
မင်းအောင်လှိုင်အစ်မအိမ်တော့
အေးဆေး ဝင်ကြုံးသွားတာပဲ။

14.3K views15:48
ክፈት / አስተያየት ይስጡ
2022-06-10 11:47:14 လှည်းကူးမှာ ကြံ့ဖွတ်တစ်ကောင်ကို စစ်ခွေးတွေကဖမ်း။ ကြံ့ခိုင်ရေးကပါဆိုတော့ Lee ကြံ့ခိုင်ရေးလားဆိုပြီး ကြုံး။

ပြန်လွှတ်ပေးဖို့ လာပြောတဲ့ ကောင်တွေပါ ထိုးလွှတ်တာတဲ့။ ဘာပြည်ခိုင်ဖြိုးလဲ… ပြည်ခိုင်ဖြိုးလည်း Lee ပဲတဲ့။

စစ်တပ်အာဏာသိမ်းတာကို ကြံ့ခိုင်ရေးနိုင်ပြီ ထင်ကြတဲ့ဟာတွေ ဘယ့်နှယ့်ရှိစ။

ဂေါင်းကြီးတို့ရဲ့ စည်းရုံးရေး Skill က Next Level ရောက်နေပြီ။ နောက်ဆို သူတို့ပါ တော်လှန်ကုန်လို့ ကိုယ်တွေ လုတော်လှန်နေရမယ်။

ငိငိ
22.9K views08:47
ክፈት / አስተያየት ይስጡ