Get Mystery Box with random crypto!

ပန်ဆယ်လို

የቴሌግራም ቻናል አርማ pencilochannel — ပန်ဆယ်လို
የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.59K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 177

2022-06-15 21:19:18 တရားဝင်သတင်းမီဒီယာတွေလည်းမဟုတ်
Source လည်း ခိုင်ခိုင်မာမာ မရှိတဲ့ သတင်းပေ့ချ်က ဟာတွေကို L33 မို့ ရှယ်နေကြတာလား။

ငါတို့ ကြောက်လေ
သူတို့က ခြောက်လေပဲ။
ငါတို့ ကြောက်ပြနေရင်
သူတို့က လုပ်ပြကြမှာ။

ခေါင်းသုံးကြဦး ဇွတ်ယုံတို့ရဲ့။
24.1K views18:19
ክፈት / አስተያየት ይስጡ
2022-06-15 12:12:22 ဒွမ်တဲ့သတင်းကျ သိပ်ပျော်ကြတာ
ဒွမ်အောင်လုပ်ဖို့ ထောက်ပို့ဖို့ဆိုရင်
ချက်ဘောက်ရောက်လာတာ ၁၀၀ပုံ၁ပုံ မပြည့်ဘူး။

အပြစ်မဆိုမိအောင် အမြဲနေပါတယ်။
ဒါပေမယ့် အခုက ဆူချင်စိတ်ပေါက်လာပြီ။

မျှော်နေတဲ့ ရဲဘော်တွေကို
မကူနိုင်တော့ဘူး ပြောချလိုက်ရတော့မလားပဲ။

မဆူချင်ဘူးနော်။
ပေ့ချ်ချက်ဘောက်လာကြ။
26.7K views09:12
ክፈት / አስተያየት ይስጡ
2022-06-15 09:14:23 ထောက်ပို့နေကျ ရဲဘော်လေးက ဓါတ်ပုံပို့လာတယ်။
အစ်မ… ဟီးဟီးတဲ့။
ခြင်းကျားကြီး လွယ်လို့။

ဟဲ့… နင့်မေကလိန်း
ငါက ခြင်းကျားအာမီကို ဆဲနေပါတယ်ဆိုမှ
နင်က ခြင်းကျားကြီး လွယ်လို့။
ဘယ်မလဲ ကျောပိုးအိတ်ဆိုတော့

ဒီနေ့ ခွေးဇိုးသေတွေဆီက ရလာတာလေ။
အခုတော့ မရှိတော့ပါဘူး
ကြက်ခြင်း လုပ်လိုက်ပြီတဲ့။

နင်တို့ ခြင်းကျားတွေက အသုံးဝင်သားနော်
ကြက်ခြင်းလုပ်ဖို့။

ရဲဘော်သေ
သေသော် ကြက်ခြင်း။
28.7K views06:14
ክፈት / አስተያየት ይስጡ
2022-06-15 08:45:28 ဟာ…. အလင်းဝင်ကုန်ကြပြီ။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
စစ်ခွေးတွေ… AA ဆီမှာ
26.6K views05:45
ክፈት / አስተያየት ይስጡ
2022-06-15 08:10:42 ငါ့နှယ် ရှင်းပြရပြန်ပြီ။ အကြိမ်ကြိမ်အခါခါ ရှိနေပြီ။ အခုထိ ရမ်းစောက်ဖောင်းထုတဲ့ဟာတွေက တမျိုး။

နုကြည်က မိုးရာသီအားကစားပွဲဆိုပြီး ကျင်းပတယ်။ CDM ကျောင်းတွေ ဖွင့်တယ်။ အခုအချိန်မှာ စစ်ရေးပဲ အရေးကြီးတာ၊ စောက်ပိုတွေလုပ်နေတယ်၊ ဒီလိုလုပ်ရင် ရွာတွေမီးရှို့ခံရမှာပေါ့ စသဖြင့် စောက်ဖောင်းတွေ ထုံးစံအတိုင်း လာပြန်ရော။

ဒီလိုလုပ်လို့ ရွာတွေ မီးရှို့ခံရပါတယ်ဆိုရင် ဒီလိုမလုပ်ဘဲ ပလိန်းကြီး မီးရှို့ခံနေရတဲ့ ရွာတွေက လှန်ပြနေတယ်။ မီးရှို့တာက စစ်ခွေးတွေ။ ဘာလို နုကြည်ကို အပြစ်တင်မှ စမတ်ဖြစ်တယ် ထင်နေတာလဲ။

စစ်ရေးပဲ အရေးကြီးတယ်။ မှန်တာပေါ့။ စောက်ပိုတွေလုပ်နေတယ်ဆိုရင် မှားပါတယ်။ တတ်နိုင်သလောက် နားလည်သမျှ ရှင်းပြရရင် NUG အနေနဲ့ စစ်ရေးပဲ အရေးကြီးတယ်၊ စစ်ဘေးရှောင်တွေ ငတ်သေသေဆိုပြီးလုပ်လို့မရဘူး။ အဲ့တော့ တော်လှန်ရေးရန်ပုံငွေထဲက %တစ်ခုက စစ်ဘေးရှောင်တွေဆီ သွားရပါတယ်။ အဲ့တော့ တော်လှန်ရေး ပရိဘောဂတွေ ဝယ်ဖို့ ငွေလျော့တယ်။ ဒါက တစ်ချက်။

နောက်တစ်ချက်က နိုင်ငံတကာက ပေးမယ်ဆိုတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေဟာ လက်နက်ခဲယမ်းဝယ်ဖို့ဆိုပြီး ထောက်ပံ့လို့ရတာ မဟုတ်ဘူး။ အဲ့တော့ ဘယ်လိုခေါင်းစဉ်နဲ့ လာဖို့ ရှိမလဲ။ စစ်ဘေးရှောင်၊ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးအရေး စသဖြင့် ခေါင်းစဉ်မျိုးစုံနဲ့ လာတယ်။ အဲ့လို လာဖို့ကလည်း အဲ့လိုလုပ်ဆောင်နိုင်ပါတယ်ဆိုတဲ့ အခြေအနေတွေကို ပြသထားနိုင်ဖို့ လိုအပ်တယ်။ အဲ့လိုငွေတွေက ပရိဘောဂအတွက် ဖြစ်လာရင် ဖြစ်လာနိုင်သလို မဖြစ်နိုင်ဘူးဆိုရင်တောင် စစ်ဘေးရှောင်တွေ၊ ပညာရေးတွေ၊ ဘာတွေညာတွေအတွက် အဲ့ငွေတွေကို သုံးပြီး ပြည်သူ့တွေထောက်ပို့တဲ့ငွေတွေက တော်လှန်ရေးအတွက် ပြည့်ပြည့်ဝဝဖြစ်လာနိုင်မယ်။

နောက်တစ်ခုက Legitimacy ကိစ္စ။ အစိုးရတစ်ရပ်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခံရရင် ဒီပွဲက ပြတ်ပြီ။ US က One Billion ပြန်ရရင်ကို မအိမ်လုံးတွေကို သုံးလအတွင်း ပြာချလို့ရတယ်။ ဒီလို Legitimacy ရဖို့ဆိုတာက အစိုးရတစ်ရပ်အဖြစ် အုပ်ချုပ်နိုင်တဲ့ အခြေအနေရှိကြောင်း ပြသနိုင်ဖို့ လိုအပ်တယ်။ အခု မိုးရာသီ အားကစားပွဲတို့ စာသင်ကျောင်းတွေ ဖွင့်တာတို့ အုပ်ချုပ်ရေးစနစ် ဖော်ဆောင်တာတို့က ဒီအရာတွေအတွက် လုပ်နေတာ။ စောက်ပို မဟုတ်ဘူး။

နိုင်ငံရေး၊ သံတမန်ရေးကိစ္စက နုကြည်လုပ်လိမ့်မယ်။ တော်လှန်ရေးသမားတွေက တော်လှန်ရေးအလုပ် လုပ်မယ်။ အတူတူလုပ်ရမယ့်အရာတွေ အတူတူလုပ်မယ်။ ခွဲလုပ်ရမယ့်အရာတွေ ခွဲလုပ်ကြမယ်။

အချင်းချင်း လှည့်ပတ် စောက်ပစ်ရှာ သွေးခွဲနေတာက တော်လှန်ရေးကို ကောင်းစေချင်လို့ ပြောတာဆိုပြီး ရောချနေတာ ဘောင်မဝင်ဘူး။ ပြည်သူ့တော်လှန်ရေး… ပြည်သူတိုင်း ပါဝင်လို့ရတယ်။ မကျေနပ်ရင် ဝင်လုပ်ကြ။ ဖေ့စ်ဘုတ်ပေါ် ပိုစ့်တင်ပြီး လာမဖမ်းမယ့် နုကြည်ကို ထိုင်ဆဲနေတာ တော်လှန်ရေးလို့ ထင်နေရင် အခုထိုင်နေတဲ့ နေရာကနေ မင်္ဂလာဒုံစစ်တပ်ရှေ့ထိ ဖျင်အရှည်ကြီး ကုန်းလိုက်ကြ။

တော်လှန်ရေးကလည်း ပုဂံမှာ ဘုရားဖူးရသလိုပဲ။ ဘယ်ဘုရားတန်ခိုးကြီးမှန်း မသိလို့ လက်အုပ်ပတ်ချီနေရတယ်။

ဒီပိုစ့်လည်း မရှိရှိတာလေးနဲ့ တို့တို့ရေးလိုက်တာ။ လက်မအားဘူး… လက်အုပ်ချီထားရလို့။

ဦးတော်
28.0K views05:10
ክፈት / አስተያየት ይስጡ
2022-06-14 09:57:35 အာဏာသိမ်းစက USမျှော်သလိုလိုUN မျှော်သလိုလိုနဲ့ ဖြစ်လိုက်သေးတယ်။ ထောင်စကားနဲ့ ပြောရရင် လွတ်ကြောင် ကြောင်တာပေါ့လေ။

နှစ်၇၀ ကျော် ထူထောင်ခဲ့တဲ့ ကမ္ဘာ့အဆင့် နံပါတ်ဘယ်လောက် စတန်းဒတ်အာမီ ဘာညာဆိုတော့ ငါတိူ့တိုက်ရင် နိုင်ပါ့မလား။ US က တိုက်မှ နိုင်မှာ ဘာညာ စွတ်အထင်ကြီးမိသလို ဖြစ်တာပေါ့။

အခုတော့ ကျယ်မ သိပြီ။
စောက်ပုရဲ့ စောက်တပ်ဆိုတာက တစ်နှစ်သား PDF နဲ့တင် လခွမ်းတွေ ဖြစ်နေပြီဆိုတာ။

အဝေးကြီး မျှော်နေစရာ မလိုပေါင်။ ပြည်တွင်းက EROsတွေနဲ့ PDF တွေနဲ့တင် ဒင်းတို့ ဖျင်ပြောင်မှာ။

ထပ်ပြောမယ်နော် ဘောမတွေ
နင်တို့ ရှုံးကို ရှုံးမှာ။
20.3K views06:57
ክፈት / አስተያየት ይስጡ
2022-06-14 07:50:06 ဇော်ကျွဲလုံးကို ရွဲ့နေကြတာလားပဲ။

PDF တွေကို လက်နက်ချပါလို့ ပြောလို့မှ မဆုံးသေး စစ်ခွေးတွေက ကရင်နီမှာ သွားလက်နက်ချတာ မနည်းဘူး။

Sponsor By MaALoe ပေါ့။
တခါတခါလာလှူရင် သိန်းထောင်ချီဖိုးပဲ။
အဆစ် ၁၀ ကောင်ဒွမ်ပါ ပါသေး။

ပထွေးမျက်နှာ သေးနဲ့ကော့ပန်းကြတာ။
22.6K views04:50
ክፈት / አስተያየት ይስጡ
2022-06-14 07:39:29
ကရင်နီကို လာလှူသွားတာတွေတဲ့။
သာဓု သာဓု သာဓု
21.0K views04:39
ክፈት / አስተያየት ይስጡ
2022-06-13 17:26:04 အလင်းဝင်လာတဲ့ PDF အယောင်ဆောင် ငပျူတွေကို စင်ပေါ်မှာ တစ်သိန်းပေးသွားတယ်။

ပွဲပြီးရင် ထုံးစံမဖျက်နဲ့ ငါးကောင်တို့
ပြန်ပေး ကိုးသောင်းခွဲဆိုပြီး ပြန်လုမှာ
မြင်ယောင်သေးတယ်။

ဟီဟိ
15.7K views14:26
ክፈት / አስተያየት ይስጡ
2022-06-13 16:49:11 စကစကကောင်တွေက လူကမွေးလာတာ မဟုတ်ဘူး။ လေဥ ဥလာတာပဲ ဖြစ်ရမယ်။

လူက မွေးရင် ကိုးလလွယ် ဆယ်လဖွားလောက်က နားလည်ရမှာပဲ။ ဒီနေ့လုပ်ရင် ဒီနေ့ရတဲ့ ရွှေဘုံသာလမ်း မျက်မှန်ဆိုင်တွေ အထာနဲ့။

မနေ့တနေ့ကပဲ အလင်းဝင်ပါ ကြေညာ
ဒီနေ့ပဲ အလင်းဝင် အခမ်းအနားတွေ ထလုပ်။
PDF တွေက တကယ်အလင်းဝင်ပါမယ်ဆိုရင်တောင် တောထဲကနေ ဒီအချိန်နဲ့ ပြန်မရောက်ဘူး။

လိမ်ချင်တာလည်း ပြာလို့
ညံ့လိုက်တာလည်း ချာလို့။
17.3K views13:49
ክፈት / አስተያየት ይስጡ