Get Mystery Box with random crypto!

ပန်ဆယ်လို

የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.38K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 175

2022-06-12 10:25:38 လူအင်အားက တနေ့ထက်တနေ့များများလာလို့ လက်နက်အသည်းအသန်ရှာဝယ်နေရပါတယ်ဆိုမှ လက်နက်အပ်ပါဆိုတော့

လိုချင်ရင် ဝယ်လေ ဂေါင်းကြီးတို့ရဲ့။
စွခွက်မပြောင်နဲ့။
19.2K views07:25
ክፈት / አስተያየት ይስጡ
2022-06-12 07:56:51 PDF တွေနဲ့ပြိုင် စစ်တပ်မနိုင်ဆိုရင်လည်း တည့်တည့်ပြောလေ။

ဘာ PDFတွေ အလင်းဝင်ပါလဲ။

ပါးချခံရမယ်။
19.9K viewsedited  04:56
ክፈት / አስተያየት ይስጡ
2022-06-11 13:54:41 မြစ်ကြီးနား စစ်ခွေးသင်တန်းကျောင်းမှာ
အရာခံဗိုလ်က စစ်ခွေးတွေကို သတိဆွဲ တန်းစီခိုင်းပြီး သေနတ်နဲ့ ပစ်သတ်။

၆ ကောင် ပွဲချင်းပြီး၊ ၂ကောင် ဆေးရုံရောက်မှပြီး
အတိုတစ်လက် အရှည်တစ်လက်ဆွဲပြီး ထွက်ပြေးလွတတ်မြောက်တဲ့။

ခွေးဇိုးလေးတွေဘဝက ရှေ့ကလာတဲ့ ကျည်ဆန်လည်း ကြောက်ရ၊နောက်ကလာတဲ့ ကျည်ဆန်လည်း ကြောက်ရ၊ သတိဆွဲခိုင်းပြီး ပစ်မယ့် ကျည်ဆန်လည်း ကြောက်ရ။

ဘယ်လိုကြီး ကျေနပ်နေမှန်းကို မသိတာ
22.1K views10:54
ክፈት / አስተያየት ይስጡ
2022-06-11 09:41:03 ဒီကာလမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီကလည်း အင်မတန် အရေးကြီးတယ်။ တိုင်းပြည်က စုတ်ပြတ်သတ်ပြီး ဒုက္ခပေါင်းစုံ မလုံခြုံမှုပေါင်းစုံ အကြောက်တရားပေါင်းစုံ မပြေလည်မှုပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာ ပြည်တွင်းရော ပြည်ပရော နေသာသလို နေနိုင်တဲ့ နှလုံးသားမျိုး မရှိသူတိုင်း ပျော်ရွှင်မနေကြပါဘူး။

သိပ်မကြာသေးခင်က ကိစ္စလေးတစ်ခုပေါ့။ ဖေ့စ်ဘုတ်ဖရန့်တစ်ယောက်က ပိုစ့်တင်တယ်။ အပြင်မှာလည်း မသိပါဘူး။ သူ့ပိုစ့်က ထူးဆန်းနေတယ်။ သူ့ကို တစ်ယောက်ယောက်က စကားပြောဖို့ ဖုန်းခေါ်ပေးနိုင်မလားဆိုပြီး သူ့ဖုန်းနံပါတ်လေး ရေးထားတယ်။

ကိုယ်က ပုံမှန်ဆိုရင် ဖုန်းပြောရတာ ပျင်းတဲ့သူ။ ဒါပေမယ့် သူ့စတေးတပ်စ်ကို ဖတ်ရတာ တစ်ခုခု ခံစားလိုက်ရတယ်။ ကူကယ်ရာမဲ့နေတဲ့ အသံကိုပါ ကြားလိုက်ရသလိုမျိုး။

သူကလည်း USကပဲဆိုတော့ ကိုယ် ချက်ချင်းပဲ သူ့နံပါတ်ကို ဖုန်းခေါ်လိုက်တယ်။ ဖုန်းခေါ်ပေးပါဆိုလို့ပါလို့ ပြောလိုက်တော့ သူငိုတယ်။ ငိုတာမှ အကြာကြီးပဲ။ ကိုယ့်ဘဝမှာ ယောက်ျားတစ်ယောက် ငိုတာကို မမြင်ဖူး မကြားဖူးခဲ့ဘူး။ သူငိုတာကို စိတ်ရှည်လက်ရှည်နားထောင်ရင်း ကိုယ်ပါ မျက်ရည်ဝဲရတယ်။

US ရောက် ချင်းတိုင်းရင်းသား တစ်ယောက်ပါပဲ။ သူ့ညီအစ်ကိုတွေ သူငယ်ချင်းတွေထဲက တိုက်ပွဲကျတယ်။ ဒီဘက်မှာက အထီးကျန်တယ်။ အခြားသော မပြေလည်မှုတွေလည်း ရှိလိမ့်မယ်။ ကိုယ်ကတော့ သူပြောတာ နားထောင်ပေးဖြစ်တယ်။ အားပေးစကားတွေ Motivation တွေ ဇွတ်ပြောနေတာထက် နားထောင်ပေးရုံက ပိုအသုံးဝင်တဲ့ အချိန်တွေ ရှိတယ်။ သူက ကျေးဇူးတင်ကြောင်း ပြောတယ်။ သူ အခုနကဆို တခုခုလုပ်ဖြစ်တော့မယ်ဆိုတဲ့စိတ်မျိုးဖြစ်လာလို့ တစ်ယောက်ယောက်နဲ့ စကားပြောကြည့်ဖို့ ကြိုးစားတာပါတဲ့။ ဘယ်သူမှ ဆက်လာမယ် ထင်မထားဘူးတဲ့။

ကိုယ်ကတော့ အားပေးစကားတွေထက် နားလည်တယ်ဆိုတာရယ်၊ ကိုယ်တစ်ယောက်တည်း ကြုံနေရတာ မဟုတ်ဘူးဆိုတာရယ်ကိုပဲ ပါးပါးလေး ပြောဖြစ်တာပါပဲ။ နောက်ပိုင်းတော့ သူပြန်အဆင်ပြေသွားပုံပေါ်ပါတယ်။ ကြည်ကြည်သာသာ Status လေးတွေ တွေ့ရတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကိုယ်လည်း အဲ့လိုစိတ် ထဖြစ်တယ်။ အကြောင်းအရာ မယ်မယ်ရရမရှိဘဲ လမ်းပျောက်သလို ရှေ့မဆက်ချင်တော့သလို ခံစားချက်မျိုးက ရေနစ်သလိုပဲ။ လူဆိုတာက သေချင်တယ်ဆိုတဲ့စိတ်က ချက်ချင်းပေါ်လာပြီး ချက်ချင်းမှာပဲ ဖြစ်သွားနိုင်တာမျိုးမဟုတ်လား။

ကိုယ် မိတ်ဆွေတစ်ယောက်စီ စာပို့လိုက်တယ်။ စကားပြောဖို့ထက် စာရိုက်ပြီး ပြောချင်နေတာမျိုး။ ကိုယ့်မှာ လူတစ်ယောက်ရှေ့ ငိုချဖို့ သတ္တိကလည်း မရှိ။ မိတ်ဆွေကလည်း စာရေးဆရာပီပီ စာမျက်နှာ လေးမျက်နှာပါတဲ့ စာအရှည်ကြီးကို PDF File နဲ့ကို ပြန်ပို့လာတယ်။ စာရှည်ပေမယ့် ကိုယ့်အတွက်တော့ စာတစ်ကြောင်းမှ ပစ်စရာမရှိတဲ့ နည်းလမ်းလေးတွေပါပဲ။ အခုဆိုရင် ကိုယ်က သူပြောတဲ့အချက်လေးတွေ တစ်ချက်စီ လိုက်လုပ်ဖြစ်ရင်း အနည်းငယ်အဆင်ပြေလာခဲ့ပြီ။

ဒီကာလမှာ ကိုယ်တွေအချင်းချင်း စိတ်ပိုင်းဆိုင်ရာ ဖေးမကြဖို့ လိုအပ်တယ်။ ငါနားလည်ပါတယ်ကွာဆိုတဲ့ စကားလေးတစ်ခွန်းကလည်း လူတစ်ယောက်ကို အသက်ဆက်ရှင်ဖို့ အကြောင်းပြချက် ရသွားစေတာပဲ။

လူ့ဘဝဆိုတာ တည်းတည်းလေးပါပဲ။ အစွန်အဖျားလေးမှာ ရှင်သန်ဖို့ အကြောင်းပြချက်လေးတွေ တစ်ခုချင်းစီကို ဆွဲယူရင်း ကုတ်ကပ်အသက်ရှင်နေကြရတာ။ သေလိုက်ဖို့ဆိုတာ အဲ့စိတ်လေးကို အလုံးစုံလွှတ်ချလိုက်ရုံလောက်ပါပဲ။

တစ်ယောက်ယောက်ကို ငါရှိတယ်၊ ငါတို့ရှိတယ်နော်၊ ငါနားလည်ပါတယ်၊ ငါတို့နားလည်တယ်ဆိုတာလောက်ကို ကိုယ်တို့က အဆင်သင့်ရှိပေးနေကြသင့်တယ် မဟုတ်လား။ ချစ်ရသူတွေ လွှတ်ချသွားတာကို ထိုင်ကြည့်နေရမှာထက် အခွင့်အရေးရှိမယ်ဆိုရင် ဖမ်းယူဆွဲထားနိုင်လိုက်သင့်တယ် မဟုတ်လား။

အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့စိတ်ထဲမှာ ချစ်ခြင်းမေတ္တာအကြောင်း မကြာခဏ ပြန်တွေးရင်း ရှေ့ဆက်နေရတဲ့ ရက်တွေပါပဲ။ ထူးထွေလည်း သန်မာမနေပါဘူး။ သေရတာထက် နေရတာခက်တဲ့ ကာလတွေမှာ ငါက ခက်ခဲတာတွေပဲ လုပ်မှာဆိုပြီး မာန်တင်းထားရုံပါပဲ။

ကူကယ်ရာမဲ့သူတွေရဲ့ အသံတိုးတိုးလေးတွေကို ပိုမိုနားစိုက်ထောင်ကြရင်း အချင်းချင်း ကယ်တင်ရှင်သန်ကြရမှာပါပဲ။
19.9K viewsedited  06:41
ክፈት / አስተያየት ይስጡ
2022-06-10 18:48:43 မင်းတို့ နိုင်နေပြီဆိုတာ
ဘယ်မှာနိုင်တာလဲ… ဘယ်လိုနိုင်တာလဲ။

မသိပါဘူးလေ
မင်းအောင်လှိုင်အစ်မအိမ်တော့
အေးဆေး ဝင်ကြုံးသွားတာပဲ။

14.3K views15:48
ክፈት / አስተያየት ይስጡ
2022-06-10 11:47:14 လှည်းကူးမှာ ကြံ့ဖွတ်တစ်ကောင်ကို စစ်ခွေးတွေကဖမ်း။ ကြံ့ခိုင်ရေးကပါဆိုတော့ Lee ကြံ့ခိုင်ရေးလားဆိုပြီး ကြုံး။

ပြန်လွှတ်ပေးဖို့ လာပြောတဲ့ ကောင်တွေပါ ထိုးလွှတ်တာတဲ့။ ဘာပြည်ခိုင်ဖြိုးလဲ… ပြည်ခိုင်ဖြိုးလည်း Lee ပဲတဲ့။

စစ်တပ်အာဏာသိမ်းတာကို ကြံ့ခိုင်ရေးနိုင်ပြီ ထင်ကြတဲ့ဟာတွေ ဘယ့်နှယ့်ရှိစ။

ဂေါင်းကြီးတို့ရဲ့ စည်းရုံးရေး Skill က Next Level ရောက်နေပြီ။ နောက်ဆို သူတို့ပါ တော်လှန်ကုန်လို့ ကိုယ်တွေ လုတော်လှန်နေရမယ်။

ငိငိ
22.9K views08:47
ክፈት / አስተያየት ይስጡ
2022-06-10 11:01:33 COVID ကာလတုန်းကမှ လက်ဖက်ရည်ဆိုင် မှောင်ခိုထိုင်လို့ရသေးတယ်။ အခုက ပေါ်တင်ရော မှောင်ခိုရော မထိုင်ရဲတော့ဘူးတဲ့။

ဘောမရကျိုးနပ်တဲ့ သဘောတွေပေါ့လေ။

ငို… ငို
ဒါမှမဟုတ် ကြိတ်ခံ ကြိတ်ခံ
22.5K views08:01
ክፈት / አስተያየት ይስጡ
2022-06-10 09:11:07 PDF ကို အကြမ်းဖက် ဘာညာ အာချောင်တဲ့ သီချင်းဆိုတဲ့ကောင် ဒွမ်သွားတဲ့ ဂယက်က ဘောမဆောင်ကြာမြိုင် တေဇောအပြွတ်လိုက်ခတာပဲ။

ယုံကောင်လည်း နိုင်ငံခြား ပြေးပြီ။
အာဏာရှင်ဟောင်း မြေး ဝက်ပြိတ္တာတောင် ဒူဘိုင်းလိုလို မြန်မာပြည်လိုလိုနဲ့ ဘက်ကီးရိုက် ချေးချမ်းနေပြီ။

မကြောက်လို့ ရမလား သားရီး
ငါတို့မှာလည်း ဗျောက်တွေနဲ့။
23.8K views06:11
ክፈት / አስተያየት ይስጡ
2022-06-10 08:45:57 ချင်းတောင်တန်းတွေပေါ်က ဖုန်လုံးကြီးတွေ
လိမ့်တက်လာတာ ကြည့်ရင်း
ဝမ်းသာပီတိ ဂွမ်းဆီထိရမယ်လို့ မျှော်လင့်မထားဖူးဘူး။

ကိုရွှေချင်းလေးတွေ ပြောတဲ့အတိုင်း
ဝိုး ဟိုး ဟိုး… မိုက်တယ်…..။

23.5K views05:45
ክፈት / አስተያየት ይስጡ
2022-06-09 18:11:40 အဘ အဘ
သားတို့ ငွေတောင်းတဲ့ ဂိတ်ကို ဝင်တိုက်နေပြီ။
အဘကယ်ပါ အဘကယ်ပါ။

ငါရိုစ့်မသားတွေ… စောက်ငတ်ကြမ်းတာကိုး။
မကယ်ဘူး။

ပြည်သူတွေဆီက လုယက်တောင်းထားတဲ့ သိန်း၁၁၀ပါ ပါတော့မယ်အဘ။ အဘကယ်နိုင်ရင် အဘ ယူလိုက်ပါ။

ပါးဖြတ်ရိုက်လိုက်လို့ သွား၃၂ချောင်းလုံး ဘုရားဖူးထွက်သွားမယ်။ငါ့ကို လာဘ်စားတဲ့ကောင်များ မှတ်နေလား။ အချင်းချင်း ပစ်မထားရက်လို့။

စစ်ကူ စစ်ကူ
ရဲဘော်တို့ ရေစကြိုက ငါတို့ကောင်တွေ စခန်းကို PDFတွေ ဝင်တိုက်နေပြီ။ ခိုးထားတဲ့ငွေတွေ ဘေးမသီရန်မခ ပြန်ယူလာခဲ့။

ဝုတ် အဘ၊ ဝုတ်အဘ။

အဘရေ… ပဒေသာ ၆ လုံး။ ၁၀ ကောင်ကြွဗျို့။ စစ်ကူကလည်း စောက်ကြောရှည်အဘကြောင့်ဆိုပြီးဆဲ၊ စခန်းသိမ်းခံရတဲ့ကောင်တွေကလည်း စစ်ကူမလာလို့ဆဲ။ PDF တွေကလည်း လမ်းကြုံဝင်ဆဲ။ ပြည်သူတွေကလည်း မှန်းဆဲ။

ပျော်စရာကြီး အဘရေ
15.2K views15:11
ክፈት / አስተያየት ይስጡ