2022-08-31 17:39:21
ဆန်ရေ Project က လကုန်ပိုင်း လစာထုတ်ရက်လေးကို အားခဲထားကြပေမယ့် လကုန်ပိုင်းမှ နည်းနည်းအားလျော့သွားတယ်။
ပြည်တွင်းကိုတော့ ဝယ်ကြပါလို့ မပြောရက်ပါဘူး။ စလုံး၊ US, UK နဲ့ ပြည်ပက ညီအကိုမောင်နှမတွေကိုပဲ အားနာနာနဲ့ တွန်းရတော့မှာပဲ။ ပါဝင်ပေးကြပါဦးနော်။ ဝယ်ပြီးသွားရင်လည်း မဝယ်ရသေးသူတွေကို ဝယ်ပေးဖို့ တိုက်တွန်းပေးကြပါ။
ဒေါ်လာ၁၀၀ ဆိုတာ ပြည်တွင်းမှာ မြန်မာငွေ လေးသိန်းကျော်တန်သွားပါပြီ။ ပြည်ပရောက်မြန်မာတွေအတွက်တော့ ဒေါ်လာ၁၀၀ ဆိုတာ Grocery Store တစ်ခါဝင်စာ ပမာဏလေးဆိုတော့ ဘေးဒဏ်သင့်နေတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဖိနစ်အောက်က ကယ်တင်ဖို့ ဝိုင်းဝန်းပါဝင်ပေးကြပါဦးလို့ လှုံ့ဆော်ပါရစေ။
ကိုထိန်လင်းရဲ့ မြန်မာနိုင်ငံဆီ ကမ်းတဲ့လက်ကို ဖမ်းဆုပ်ပြီး ကြီးမားတဲ့ ပမာဏတစ်ခုကို ရှာဖွေထောက်ပံ့နိုင်တော့မှာမို့ မလွတ်တမ်းလေး ပါဝင်ပေးကြပါ။
လက်မှတ်(၁၀) စောင်ဝယ်ယူသူတွေကို ကိုထိန်လင်းရဲ့ မူရင်းလက်မှတ်လေးပါဝင်တဲ့ Thank You Letter လေးတွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ရေဆန်မှာ
ဆန်ရေနဲ့အတူ လှော်တက်တစ်ချောင်းစီ
ဝယ်ယူရင်း ဆန်တက်လှော်ခတ်ကြရအောင်။
လက်မှတ်ဝယ်ယူရန်
https://www.springsignature.net
11.6K views14:39