Get Mystery Box with random crypto!

ဒီလိုကွာ။ ဒီကောင်တွေက စောက်ရမ်းအားနေတာ။ IOM စားရိတ်နဲ့ ယောက္ခမ | ပန်ဆယ်လို

ဒီလိုကွာ။ ဒီကောင်တွေက စောက်ရမ်းအားနေတာ။ IOM စားရိတ်နဲ့ ယောက္ခမရော ခယ်မရော ခလေးထိန်းပါမချန် အလကားစားနေရတော့ စောက်လုပ်စောက်ကိုင်မရှိ၊ အားတိုင်း လေဖမ်းတရားနာနေတာ။

ငါလေးက ပရော့ဂျက်ပြီးခါစဆိုတော့ ညဘက်ဆို နိုင်ငံတကာက ငွေကြေးအလွှဲအပြောင်းကိစ္စတွေ စီစဉ်နေရတာနဲ့၊ ပရော့ဂျက်ရက်ထဲ လစ်ဟင်းသွားတဲ့ စီးပွါးရေးအလုပ်တွေအတွက် ဆိုင်မှာတစ်နေကုန်အလုပ်သွားလုပ်နေရတာနဲ့၊ ညနေလေး ကျန်းမာရေးအတွက် Gym လေးက တစ်နာရီလောက်ပြေးရသေး၊ ဒီနေ့ညနေ သမီးလေးကျောင်းမှာ မိသားစုတွေ တွေ့ဆုံပွဲဆိုတော့ အမီအကမ်း ဝင်ရသေး။ လျှာကို ထွက်ရော၊ တစ်နေကုန် ဂျင်ဂျင်လည်။

နေ့လယ်ဘက် အလုပ်မှာဆိုတော့ ဖေ့စ်ဘုတ်လည်း သိပ်မသုံးအား၊ စာရင်းပုံထဲ ခေါင်းနစ်၊ အဲ့ကောင်တွေ ဖွနေတာလည်းမသိ။ မိတ်ဆွေနှစ်ယောက် သုံးယောက် ဖုန်းဆက်မေးတော့မှ ဒီကောင်တွေ ဖွနေကြမှန်း သိတာ။

ရှေ့ရက်က FBI ဖမ်းသွားပြီဆိုပြီး ဖွထားတာ၊ ဘာမှမဖြစ်တော့ အရှက်ပြေ ခြေချုပ်တပ်ခံလိုက်ရပြီ ဘာညာ ဆက်ဖွတာ။ ကဲ… အခု Liveမှာ အိမ်မှာ ငုတ်တုတ်ကြီး၊ ခြေထောက်နှစ်ချောင်းပါ Live နဲ့ ပြပေးလိုက်တော့ နင်တို့ရဲ့ မရှိတော့သော စောက်ရှက်တွေ ထပ်ဂွမ်းခနဲ။

ဒီရက်ထဲ တကယ်မအားတာ။ ကျည်ကာတွေ အမြန်ဝယ်ဖို့အတွက် ငွေတွေ အမြန်စီးဆင်းဖို့ လုပ်နေရချိန် ဆိုင်အတွက်လျှောက်ထားတဲ့ လိုင်စင်တစ်ခုကလည်း ရချိန်၊ အဲ့အတွက် စင်တွေထပ်တိုးဖို့ ပစ္စည်းတွေတင်ဖို့ကလည်း လုပ်နေရတဲ့အချိန်။ ဖေ့စ်ဘုတ်မကြည့်နိုင်တော့ စာလည်း အသေအချာမရေးဖြစ်။ အဲ့လိုဖြစ်နေတာ။

တစ်နေ့တစ်ခါ ခြေထောက်နှစ်ချောင်းထောင်ပြပြီး Live လွှင့်ပေးရတော့မလိုပဲ။ ငါလေးကို တစ်နေ့တစ်ခါ Live လွှင့်နေတဲ့ စင်ကြက်မဇာတ်သွင်းနေကြတာ။

တကယ်စွမ်းရင် တကယ်လုပ်ကြစမ်းပါ။ FBI က ဖမ်းတယ်ဆိုတာ ငါ့အဖိုးခေတ်ကလည်း မကြုံဖူးဘူး၊ ငါ့အဖေခေတ်ကလည်း မကြုံဖူးဘူး။ ငါ့ခေတ်မှ ကြုံရရင် အဇမ်းဂုဏ်ယူမိမှာပဲ။ တစ်မျိုးလုံးမှာ ငါတစ်ယောက်တည်း တစ်မိပေါက် တစ်ယောက်ထွန်း ရှားမှရှား မိန်းမဘသားဆိုပြီး လက်ခမောင်းတောင် ထခတ်ပစ်လိုက်ဦးမယ်။ အဟက်ဟက်

အကြွေစေ့တွေ စောက်ရမ်း အသံမြည်တာပဲ။ ငါ့ဘက်က Counter လေး အသက်ဝင်လာမှ မမပန်ရက်စက်တယ်ဆိုပြီးတောင် အသံမထွက်နိုင် ဖြစ်ကုန်ကြမယ်။

တကယ်အစွမ်းအစရှိရင် အခုလို သတင်းအမှားတွေနဲ့ အာသာဖြေနေကြရတဲ့အခြေအနေကနေ ပန်ဆယ်လို တကယ်အဖမ်းခံရအောင် ကြိုးစားကြည့်ကွာ။

အထီးတစ်အုပ်ပေါင်းကိုက်လို့ ထမိန်စတောင် ဟပ်မိမလား ကြည့်ရအောင်။
အဟင်းဟင်း