Get Mystery Box with random crypto!

ပန်ဆယ်လို

የቴሌግራም ቻናል አርማ pencilochannel — ပန်ဆယ်လို
የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.62K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 171

2022-09-02 09:24:04 ပါဝါ၅၄ ကို NUG က အမျိုးသားအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာတယ်။ ဆိုလိုတာက ပြည်သူပိုင်။ ရောင်းလို့ လေလံတင်လို့ လက်လွှဲရယူလို့ တရားမဝင်ဘူးလို့ ဆိုလိုတာ။

ဒါကတော့ NUG က သူလုပ်သင့်တဲ့အလုပ်ကို လုပ်တယ်လို့ ယူဆတယ်။

ကိုယ်တို့ကလည်း ကိုယ်တို့ လုပ်သင့်တဲ့အလုပ်ကို လုပ်ရလိမ့်မယ်။ ဝယ်ရဲတဲ့ကောင် ဝယ်စမ်း။ နေရဲတဲ့ကောင် နေစမ်း။ ဆွေစဉ်မျိုးဆက် ပြာကျသွားမယ်။

နောက်ဆုံး ဘယ်သူမှမဝယ်ရဲဘဲ အမည်မဖော်လိုသူ ကိုမိန်လုံးက ဝယ်သွားပါတယ် စောက်ရှက်ပြေ ကြေညာရတဲ့အခြေအနေက သူတို့လုပ်နိုင်တာ အလွန်ဆုံးပဲ။

ပြည်သူရဲ့ ဆန့်ကျင်ဘက်မှာ ဘယ်ကောင်ရပ်ရဲလဲ။
15.2K views06:24
ክፈት / አስተያየት ይስጡ
2022-09-02 07:41:42
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆုကနေ ရရှိခဲ့တဲ့ ဆုကြေး ဒေါ်လာ ၁.၃ သန်းကို မြန်မာပြည်အတွက် လှူဒါန်းခဲ့ပါတယ်။

နှစ်ပေါင်း၃၀ အကြာ ယနေ့အချိန် မြန်မာပြည် စစ်အာဏာရူးတွေလက်အောက် အတိဒုက္ခရောက်နေချိန်မှာ ကူညီဖို့ သားဖြစ်သူ ကိုထိန်လင်းရဲ့ ဆန်ရေပရော့ဂျက်မှာ ၁.၃ သန်း ရှာဖွေနိုင်ဖို့ လက်မှတ်ပေါင်း ၁၅၀၀ သာ လိုပါတော့တယ်။

ဘာမှ မရယူခဲ့တဲ့ ဒီမိသားစုလေးရဲ့ မေတ္တာဆန်ရေအတွက် ပြည်သူတွေရဲ့ မေတ္တာစုန်ရေလေး ပေးလိုက်ကြရအောင်ပါ။

လက်မှတ်ဝယ်ယူရန်

https://www.springsignature.net
17.6K views04:41
ክፈት / አስተያየት ይስጡ
2022-09-01 19:26:31 အမ်းမှာ မိုင်းဆွဲမီးလောင်နေတဲ့ စစ်ကားကြီး တွေ့တော့

ကိုထင်လတ်ဦး
လျှောက်လျှောက်မလုပ်နဲ့
ခင်ဗျားနေတဲ့နေရာထိ တက်ကြိတ်မှာဆိုတဲ့ စကားကို သတိရမိတယ်။ နပခတိုင်းမှူးကို ကြိမ်းထားတာ ဘာကြာသေးလို့လဲ။

ကိုထင်လတ်ဦးဆိုတဲ့ကောင် လျှောက်လျှောက်လုပ်နေတယ် ထင်တယ်။
19.1K viewsedited  16:26
ክፈት / አስተያየት ይስጡ
2022-09-01 14:35:48 ဒေါ်လာစျေး၊ ရွှေစျေး၊ ဆီစျေး ပြန်ကျရင်လည်း
ကုန်ပစ္စည်းစျေးကို ပြန်လျှော့ရောင်းပေးပါ လုပ်ငန်းရှင်များရေ။

ခေတ်ပျက်ကြီးထဲ ကိုယ့်နိုင်ငံသားချင်း စာနာညှာတာကြပါ။
10.2K views11:35
ክፈት / አስተያየት ይስጡ
2022-09-01 09:20:41
စလုံးရေ စလုံး

၂၅၀၀ ပဲ လိုတော့တယ်ကွာ။
လစာလည်း ထုတ်ပြီဆိုတော့ အမြန်လေး ဝုန်းပေးကြပါဦး။

ထိုင်း၊ မလေး၊ ကိုရီးယား၊ ဂျပန်
နည်းတယ်နော်… နည်းတယ်။
ဝယ်ကြဦး။

တစ်ယောက် တစ်စောင်လောက် ဆွဲလိုက်ရင် အမြန်လေး ပြီးသွားမှာပါ။ ကိုယ်လည်း စစ်ခွေးတွေကို ကလော်ချိန်လေး ပိုရသွားတာပေါ့။

ဟုတ်ဘူးလား။

လက်မှတ်ဝယ်ယူရန်

https://www.springsignature.net
3.5K views06:20
ክፈት / አስተያየት ይስጡ
2022-09-01 07:53:04 သန်လျင်တံတားကို ပိတ်ချထားပြီး စစ်နေတယ်တဲ့။ မနေ့ညက ပွဲကြီးကြီးကသွားလို့တဲ့။

ငါတို့ရဲဘော်လေးတွေ ဘေးကင်းကြပါစေ ဆုတောင်းနေတာ။ စစ်ခွေးအချင်းချင်းပစ်တာတဲ့။ ၇ကောင်သေတဲ့။ ပစ်တဲ့ ၂ကောင်က လက်နက်နဲ့လွတ်သွားလို့ ဖြဲရဲရှာနေတာတဲ့။

ဪ…. စိတ်ပူတာတွေလည်း ပျောက်
ပီတိတွေလည်းဖြစ်
အဖန်ဖန် ကြည်နူး၍ပဲ။

7.7K views04:53
ክፈት / አስተያየት ይስጡ
2022-09-01 06:47:31 မလုပ်ရဲတာ ဘာမှ မရှိဘူး။
လုပ်တတ်တာလည်း ဘာမှ မရှိဘူး။

နှစ်နှစ်နီးပါးအတွင်း ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်တာဆိုလို့ သောက်သောက်လဲ သေတာနဲ့ ဖွတ်ဖွတ်ကြေမွဲလာတာပဲ ရှိတယ်။

အာဏာသိမ်းစက “ ဒေါ်အောင်ဆန်းစုကြည်လည်း တတ်သလောက် မှတ်သလောက် လုပ်ခဲ့ပါတယ်” လို့ ပြောခဲ့တဲ့ ခွေးသူတောင်းစား

စွခွက်တွေကို ဘယ်ပြန်ညာပြန် ရှယ်ပက်ကေ့ချ်နဲ့ အလျားလိုက်ဒေါင်လိုက် ပွတ်ဆွဲချင်တာ။

လမ်းဘေးပလက်ဖောင်းနဲ့။
9.5K views03:47
ክፈት / አስተያየት ይስጡ
2022-09-01 05:29:38
10.8K views02:29
ክፈት / አስተያየት ይስጡ
2022-09-01 05:29:32 ဆန်ရေရဲ့ Ticket System ထဲက နိုင်ငံအလိုက် ဝယ်ယူထားတဲ့ လက်မှတ်အရေအတွက်တွေကို စစ်ရင်း ရင်နင့်ရတယ်။ မြန်မာပြည်တွင်းက ဝယ်ထားတဲ့ လက်မှတ်အစောင်ရေပေါင်း ၁၂၅၂ စောင်တဲ့။ ဒေါ်လာ တစ်သိန်းကျော်ဖိုးပေါ့။

ဒီလောက် ခက်ခဲနေတဲ့ အခြေအနေအတွင်းမှာ ခြစ်ချုပ်ဝယ်ယူနေတဲ့ စိတ်အားထက်သန်မှုနဲ့ မတတ်နိုင်ခြင်းကို တပြိုင်နက်တည်း မြင်တွေ့ရသလိုပဲ။

ပြည်ပရောက်မြန်မာတွေလည်း နေရာပေါင်းစုံ ကူနေရတယ်ဆိုပေမယ့် ကိုယ့်နိုင်ငံအတွက်၊ တနေ့နေ့တချိန်ချိန် စိတ်အေးချမ်းသာစွာ အိမ်ပြန်ရဖို့အတွက်၊ ကိုယ့်နိုင်ငံကို ပြန်ကြည့်လိုက်ရင် ကိုယ့်နိုင်ငံသားတွေ စိတ်အေးချမ်းသာစွာ ရှင်သန်နေတာကို မြင်ခွင့်ရဖို့အတွက် အားတင်းရုန်းပေးကြပါဦး။

ဆန်ရေဟာ ကျွန်မတို့ရဲ့ ဖမ်းဆီးခံလူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဒီနိုင်ငံကို ကူညီဖို့ ပါဝင်လာတဲ့ ပထမဆုံးပရော့ဂျက်ဖြစ်တဲ့အပြင် ရရှိလာတဲ့ငွေအားလုံးကလည်း မြန်မာနိုင်ငံအတွက် ဖြစ်တာကြောင့် ဒီပရော့ဂျက်လေးမှာ ကိုထိန်လင်းကို အားအင်ပေးတဲ့ အနေနဲ့၊ အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံကို ဖေးကူတဲ့အနေနဲ့ ပါဝင်ပေးကြပါ။

ပြည်ပမှာ ဒေါ်လာတစ်ရာဆိုတာ တစ်ရက်စာ အခြေခံလုပ်အားခပါ။ မြန်မာပြည်မှာတော့ တစ်လစာ ဝင်ငွေဖြစ်ပါတယ်။ ပြည်တွင်းက မြန်မာပြည်သူတွေကတော့ လွတ်မြောက်ချင်ဇောနဲ့ ဒေါ်လာတစ်သိန်းကျော်ဖိုး ရုန်းထားကြပါပြီ။

အမိနိုင်ငံအတွက် တစ်ရက်စာလောက် ပါဝင်အားဖြည့်ပေးကြပါ။

လက်မှတ်ဝယ်ယူရန်

https://www.springsignature.net
10.4K views02:29
ክፈት / አስተያየት ይስጡ
2022-09-01 04:56:25 ဒေါ်လာစျေး ၄၀၀၀ကျော် ၅၀၀၀ဆိုတာ ရယ်စရာကိစ္စတော့ မဟုတ်ဘူး။ တိုင်းပြည်က သီရိလင်္ကာလို ဖြစ်တော့မယ် ထင်မနေနဲ့။ လက်ရှိမှာ သီရိလင်္ကာလိုကို ဖြစ်နေတာ။

သီရိလင်္ကာမှာလို ဒီကောင်တွေ ဆင်းသွားပေးမယ်မမျှော်လင့်နဲ့။ သီရိလင်္ကာက လမ်းပေါ်ထွက်လို့ရတယ်။ ဒီမှာက လမ်းပေါ်ထွက်ရင် သေနတ်နဲ့ ပစ်ထားတာ မကြာသေးတော့ ဘယ်သူမှ မထွက်ရဲကြတော့လို့သာ အခြေအနေက သီရိလင်္ကာလို ဖြစ်လာတော့မယ် ထင်နေရတာ။ တကယ်တမ်း အခြေအနေက ဖြစ်ကိုနေပြီ။

ဒေါ်လာစျေး ရွှေစျေးက အာဏာမသိမ်းခင်က ၁၃၀၀၊ ၁၄၀၀။ နောက်တက်သွားလိုက်တာ ၂၂၀၀၊၂၅၀၀။ ရက်ပိုင်းအတွင်း ထိုးတက်သွားလိုက်တာ ၂၂၀၀၊ ၂၅၀၀ရဲ့ နှစ်ဆ ၄၄၀၀၊ ၅၀၀၀ ကြား ဖြစ်နေပြီ။ အာဏာမသိမ်းခင်ကနဲ့ ယှဉ်မယ်ဆိုရင် သိန်း၁၀၀ ရှိတဲ့သူက အာဏာမသိမ်းခင်က ဒေါ်လာ ၇၀၀၀ ကျော် ပိုင်တယ်။ အခု ဒေါ်လာ ၂၀၀၀ ပဲ ပိုင်တယ်။ ကျန်တဲ့ ဒေါ်လာ၅၀၀၀ ကျော် ပလုံသွားပြီ။

ကိုယ်က ဒေါ်လာမှ မကိုင်တာ၊ ဒေါ်လာစျေးတက်တာ မဆိုင်ဘူးလို့ တွက်လို့ မရဘူး။ ထုတ်ကုန်မရှိတဲ့နိုင်ငံ၊ နိုင်ငံခြားက ဒေါ်လာနဲ့အကုန်ဝယ်သုံးရတဲ့နိုင်ငံ။ ဒေါ်လာစျေးတက်ရင် ကုန်စျေးနှုန်း တက်မယ်။ ကုန်စျေးနှုန်းတက်ပြီး မူလဝင်ငွေက တက်မလာတော့ ချိုးခြံချွေတာရတော့တယ်။ ချွေးခြံချွေတာလို့ မလောက်တော့ရင် ငတ်လာကြတော့မယ်။

အခြေခံလူတန်းစား ငတ်လာကြလို့ လောက်ငှနေသေးသူလည်း ငါတို့တော့ သက်သာမယ် မထင်ကြနဲ့။ လုယက်လာကြပြီဆိုရင် လုယက်ခံရမယ့်သူက လူချမ်းသာဆိုသူတွေ၊ သက်သာမယ်ထင်သူတွေပဲ များမှာ။

ဖြစ်လာကြတော့မယ်၊ ဖြစ်တော့မယ်လို့ ပြောနေလို့ မဖြစ်သေးတာ မဟုတ်ဘူး။ တစိတ်တပိုင်းက ဖြစ်ကိုနေပြီ။ အပြုံလိုက် ဖြစ်မလာသေးတာက လက်ထဲရှိနေတာလေး ပေါင်နှံရောင်းချစားနေကြသေးလို့။ ဒီအခြေအနေကို မထိန်းနိုင်ရင် ဘာမှကို မကြာတော့မှာ။

တစ်လကို လစာလေးသိန်းခွဲရတဲ့လူက အရင်က သူ့လစာက ဒေါ်လာသုံးရာ၊ အခု ဒေါ်လာတစ်ရာပဲ ကျန်တော့တယ်။ ဒေါ်လာ နှစ်ရာ ပျောက်သွားပြီ။ ဘာနဲ့ လောက်ငှအောင် နေကြမလဲ။

ညည်းပြလည်း ဘာမှမထူး။ အားလုံးခံစားနေရတာ အတူတူပဲ။ ထဆဲပြန်ရင်လည်း မအေလိုးတွေက ဖမ်းဦးမယ်။ ဘာမှလုပ်မရတဲ့အတူတူ ထိုင်ရယ်နေကြတာ။ ဖေ့စ်ဘုတ်ပေါ် တခွီခွီလုပ်နေတာ မြင်နေကြလို့ ဘာမှ မဖြစ်ဘူး ထင်မနေကြနဲ့ဦး။ အခြေအနေတွေက ဘယ်သူမှ မပြေလည်ဘူး။

အာဏာမသိမ်းခင်ကထက် တစ်နှစ်ကျော်အကြာမှာ သုံးပုံတစ်ပုံ မွဲသွားတယ်။ အခုက ငါးပုံတစ်ပုံအထက်မွဲသွားကြပြီ။

လုံးဝကို ငတ်ပြတ်ပြီး ငတ်သေကြတော့မှ မထူးတော့ဘူးဆိုပြီး လမ်းပေါ် Zombie တွေလို ထွက်လာတော့မှပဲ ထွက်ရဲကြတော့မှာ။ ဒီကြားထဲ Survival ဖြစ်ဖို့ ပြည်သူချင်း ချနင်းကြ၊ လိမ်ကြ၊ ကောက်ကြ၊ လုကြ၊ ယက်ကြ။ မတောင့်ခံနိုင်တော့ရင် ဖိနပ်လေးထားခဲ့ပြီး ခုန်ချသွားကြ။ ဒီအတိုင်းကြီး တိုင်းပြည်က ပျက်နေတော့တာ။

နိုင်ငံက ဘာမှဖြစ်နေတာ မဟုတ်ဘူး။ ဘာအားနည်းချက်မှ ရှိနေတာ မဟုတ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ်ကို မအေလိုးတစ်ကောင် အာဏာထရူးတာနဲ့ အကုန်ပြိုကျသွားတာ။

နှစ်နှစ်အတွင်း သေလိုက်ကြတဲ့ ပြည်သူတွေ သောက်သောက်လဲ။ ဆင်းရဲသွားလိုက်ကြတာ ဝက်ဝက်ကွဲ။ အခုအချိန် ဒီကောင်တွေ သေပေးရင်တောင် တန်တယ် မခံစားရတော့ဘူး။

ရုန်းကန်တဲ့သူတွေက ရုန်းကန်၊ ကုန်းခံတဲ့သူတွေက ကုန်းခံနဲ့ တိုင်းပြည်က အရိုးပဲ ကျန်တော့တယ်။ ရုန်းကြပါဟ ကြုံးကြပါဟနဲ့ ပြောသာပြောနေရတာ။ ရေပူခါစ ခုန်မထွက်တဲ့ ဖားတွေက ရေဆူလာတဲ့အခါ ရုန်းစရာအင်အားမကျန်တော့တာလားပဲ တွေးလာမိတယ်။

ငါတို့ခေတ်မှ ကြုံရလေခြင်းလို့ ရင်နာမိရအောက်လည်း ရှေ့မျိုးဆက်ကို ပြန်လှည့်တော့ ဒီအတိုင်းပဲ။ ဘုရားပွင့်တာကိုသာ မမြင်လိုက်ရတာ၊ ဒေဝဒတ်တွေ လူပြန်ဝင်စားတာနဲ့ချည်း ခေတ်ပေါင်းများစွာတိုးနေရတာ။

မြန်မာနိုင်ငံမှာ လူဖြစ်ရတာ ကံကောင်းတယ်ဆိုတဲ့ဟာတွေကိုပဲ ဆံပင်ဆွဲ ပါးရိုက်၊ အမွှေးဆွဲ ဒူးနဲ့တိုက်ချင်တော့တယ်။

ဒီခွေးမသားတွေ သက်ဆိုးရှည်နေသရွေ့တော့ ပြည်သူတွေ အသက်တိုနေတော့မှာပဲ။
10.9K views01:56
ክፈት / አስተያየት ይስጡ