2022-09-01 04:56:25
ဒေါ်လာစျေး ၄၀၀၀ကျော် ၅၀၀၀ဆိုတာ ရယ်စရာကိစ္စတော့ မဟုတ်ဘူး။ တိုင်းပြည်က သီရိလင်္ကာလို ဖြစ်တော့မယ် ထင်မနေနဲ့။ လက်ရှိမှာ သီရိလင်္ကာလိုကို ဖြစ်နေတာ။
သီရိလင်္ကာမှာလို ဒီကောင်တွေ ဆင်းသွားပေးမယ်မမျှော်လင့်နဲ့။ သီရိလင်္ကာက လမ်းပေါ်ထွက်လို့ရတယ်။ ဒီမှာက လမ်းပေါ်ထွက်ရင် သေနတ်နဲ့ ပစ်ထားတာ မကြာသေးတော့ ဘယ်သူမှ မထွက်ရဲကြတော့လို့သာ အခြေအနေက သီရိလင်္ကာလို ဖြစ်လာတော့မယ် ထင်နေရတာ။ တကယ်တမ်း အခြေအနေက ဖြစ်ကိုနေပြီ။
ဒေါ်လာစျေး ရွှေစျေးက အာဏာမသိမ်းခင်က ၁၃၀၀၊ ၁၄၀၀။ နောက်တက်သွားလိုက်တာ ၂၂၀၀၊၂၅၀၀။ ရက်ပိုင်းအတွင်း ထိုးတက်သွားလိုက်တာ ၂၂၀၀၊ ၂၅၀၀ရဲ့ နှစ်ဆ ၄၄၀၀၊ ၅၀၀၀ ကြား ဖြစ်နေပြီ။ အာဏာမသိမ်းခင်ကနဲ့ ယှဉ်မယ်ဆိုရင် သိန်း၁၀၀ ရှိတဲ့သူက အာဏာမသိမ်းခင်က ဒေါ်လာ ၇၀၀၀ ကျော် ပိုင်တယ်။ အခု ဒေါ်လာ ၂၀၀၀ ပဲ ပိုင်တယ်။ ကျန်တဲ့ ဒေါ်လာ၅၀၀၀ ကျော် ပလုံသွားပြီ။
ကိုယ်က ဒေါ်လာမှ မကိုင်တာ၊ ဒေါ်လာစျေးတက်တာ မဆိုင်ဘူးလို့ တွက်လို့ မရဘူး။ ထုတ်ကုန်မရှိတဲ့နိုင်ငံ၊ နိုင်ငံခြားက ဒေါ်လာနဲ့အကုန်ဝယ်သုံးရတဲ့နိုင်ငံ။ ဒေါ်လာစျေးတက်ရင် ကုန်စျေးနှုန်း တက်မယ်။ ကုန်စျေးနှုန်းတက်ပြီး မူလဝင်ငွေက တက်မလာတော့ ချိုးခြံချွေတာရတော့တယ်။ ချွေးခြံချွေတာလို့ မလောက်တော့ရင် ငတ်လာကြတော့မယ်။
အခြေခံလူတန်းစား ငတ်လာကြလို့ လောက်ငှနေသေးသူလည်း ငါတို့တော့ သက်သာမယ် မထင်ကြနဲ့။ လုယက်လာကြပြီဆိုရင် လုယက်ခံရမယ့်သူက လူချမ်းသာဆိုသူတွေ၊ သက်သာမယ်ထင်သူတွေပဲ များမှာ။
ဖြစ်လာကြတော့မယ်၊ ဖြစ်တော့မယ်လို့ ပြောနေလို့ မဖြစ်သေးတာ မဟုတ်ဘူး။ တစိတ်တပိုင်းက ဖြစ်ကိုနေပြီ။ အပြုံလိုက် ဖြစ်မလာသေးတာက လက်ထဲရှိနေတာလေး ပေါင်နှံရောင်းချစားနေကြသေးလို့။ ဒီအခြေအနေကို မထိန်းနိုင်ရင် ဘာမှကို မကြာတော့မှာ။
တစ်လကို လစာလေးသိန်းခွဲရတဲ့လူက အရင်က သူ့လစာက ဒေါ်လာသုံးရာ၊ အခု ဒေါ်လာတစ်ရာပဲ ကျန်တော့တယ်။ ဒေါ်လာ နှစ်ရာ ပျောက်သွားပြီ။ ဘာနဲ့ လောက်ငှအောင် နေကြမလဲ။
ညည်းပြလည်း ဘာမှမထူး။ အားလုံးခံစားနေရတာ အတူတူပဲ။ ထဆဲပြန်ရင်လည်း မအေလိုးတွေက ဖမ်းဦးမယ်။ ဘာမှလုပ်မရတဲ့အတူတူ ထိုင်ရယ်နေကြတာ။ ဖေ့စ်ဘုတ်ပေါ် တခွီခွီလုပ်နေတာ မြင်နေကြလို့ ဘာမှ မဖြစ်ဘူး ထင်မနေကြနဲ့ဦး။ အခြေအနေတွေက ဘယ်သူမှ မပြေလည်ဘူး။
အာဏာမသိမ်းခင်ကထက် တစ်နှစ်ကျော်အကြာမှာ သုံးပုံတစ်ပုံ မွဲသွားတယ်။ အခုက ငါးပုံတစ်ပုံအထက်မွဲသွားကြပြီ။
လုံးဝကို ငတ်ပြတ်ပြီး ငတ်သေကြတော့မှ မထူးတော့ဘူးဆိုပြီး လမ်းပေါ် Zombie တွေလို ထွက်လာတော့မှပဲ ထွက်ရဲကြတော့မှာ။ ဒီကြားထဲ Survival ဖြစ်ဖို့ ပြည်သူချင်း ချနင်းကြ၊ လိမ်ကြ၊ ကောက်ကြ၊ လုကြ၊ ယက်ကြ။ မတောင့်ခံနိုင်တော့ရင် ဖိနပ်လေးထားခဲ့ပြီး ခုန်ချသွားကြ။ ဒီအတိုင်းကြီး တိုင်းပြည်က ပျက်နေတော့တာ။
နိုင်ငံက ဘာမှဖြစ်နေတာ မဟုတ်ဘူး။ ဘာအားနည်းချက်မှ ရှိနေတာ မဟုတ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ်ကို မအေလိုးတစ်ကောင် အာဏာထရူးတာနဲ့ အကုန်ပြိုကျသွားတာ။
နှစ်နှစ်အတွင်း သေလိုက်ကြတဲ့ ပြည်သူတွေ သောက်သောက်လဲ။ ဆင်းရဲသွားလိုက်ကြတာ ဝက်ဝက်ကွဲ။ အခုအချိန် ဒီကောင်တွေ သေပေးရင်တောင် တန်တယ် မခံစားရတော့ဘူး။
ရုန်းကန်တဲ့သူတွေက ရုန်းကန်၊ ကုန်းခံတဲ့သူတွေက ကုန်းခံနဲ့ တိုင်းပြည်က အရိုးပဲ ကျန်တော့တယ်။ ရုန်းကြပါဟ ကြုံးကြပါဟနဲ့ ပြောသာပြောနေရတာ။ ရေပူခါစ ခုန်မထွက်တဲ့ ဖားတွေက ရေဆူလာတဲ့အခါ ရုန်းစရာအင်အားမကျန်တော့တာလားပဲ တွေးလာမိတယ်။
ငါတို့ခေတ်မှ ကြုံရလေခြင်းလို့ ရင်နာမိရအောက်လည်း ရှေ့မျိုးဆက်ကို ပြန်လှည့်တော့ ဒီအတိုင်းပဲ။ ဘုရားပွင့်တာကိုသာ မမြင်လိုက်ရတာ၊ ဒေဝဒတ်တွေ လူပြန်ဝင်စားတာနဲ့ချည်း ခေတ်ပေါင်းများစွာတိုးနေရတာ။
မြန်မာနိုင်ငံမှာ လူဖြစ်ရတာ ကံကောင်းတယ်ဆိုတဲ့ဟာတွေကိုပဲ ဆံပင်ဆွဲ ပါးရိုက်၊ အမွှေးဆွဲ ဒူးနဲ့တိုက်ချင်တော့တယ်။
ဒီခွေးမသားတွေ သက်ဆိုးရှည်နေသရွေ့တော့ ပြည်သူတွေ အသက်တိုနေတော့မှာပဲ။
10.9K views01:56