Get Mystery Box with random crypto!

သဒ်ပါတီအုပ်စုဆီမှာ မမပန်က အရမ်းကို စိုးမိုးလွန်းနေပြီ။ ကိုယ် | ပန်ဆယ်လို

သဒ်ပါတီအုပ်စုဆီမှာ မမပန်က အရမ်းကို စိုးမိုးလွန်းနေပြီ။

ကိုယ့်အိမ်က ဆိုဖာစျေးနှုန်းတောင် သူတို့ ရှာပေးမှ သိရတဲ့အဖြစ်။ မသိဆို ကိုယ်ဝယ်တာမှ မဟုတ်တာ။ အရင်အိမ်ပိုင်ရှင်တွေ အကုန်ထားခဲ့တာလေ။

အကုန်ထားခဲ့တာဆိုလို့ မဖြစ်နိုင်ဘူး ဖျင်ပိတ်ငြင်းဦးမယ်။ နင်တို့ရဲ့ ဝါးလုံးခေါင်းထဲက ဥာဏ်ရည်လေးတွေ အပြင်လေးထုတ်ကြည့်ကြဦး။ USမှာက အိမ်ပြောင်းရင် သယ်ယူစားရိတ်များလို့ ပစ္စည်းကြီးကြီးမားမားဆို မသယ်ကြဘူး။ အချို့ဆို အိမ်ပြင်ထုတ်ပြီး Free ဆိုပြီးစာကပ်ထားခဲ့တာ။ အဲ့တော့ အရမ်းဆန်းကျယ်မနေကြနဲ့။

ကိုယ်နေတဲ့မြို့က ဘုန်းကြီးကျောင်းဖေ့စ်ဘုတ်ပေ့ချ်တောင်မကျန် လှန်တာနော်။ အတော်အားယားနေကြတာ။ ဘာစောက်လုပ်စောက်ကိုင်မှ မရှိကြတာ သိသာတယ်။

အိမ်တက်ကို လူတွေမဖိတ်ဘဲ ခိုးလုပ်တာတဲ့။ ငါ့အိမ်ငါတက်တာ ခိုးလုပ်စရာလား။ လူတွေဖိတ်ရင် ဒီကာလကြီး ပွဲခံသလို ဖြစ်မှာစိုးလို့ အလိုက်တသိ မလုပ်ဘဲနေတာ။ အိမ်တက်လည်း မဟုတ်ဘူး။ အိမ်ကဘုရားကို အမေက အနေကဇာတင်ချင်ပါတယ်ဆိုလို့ မြို့က သံဃာသုံးပါးပင့်ပြီး မိသားစုဆွမ်းကပ်တာ။ အပြင်လူတစ်ယောက်မှ မပါတဲ့အပြင် အလုပ်သွားနေရတဲ့ မိသားစုဝင်တွေတောင် အလုပ်မဖျက်နိုင်လို့ လူမစုံဘူး။

အိမ်တက်အလှူလုပ်လို့ လုပ်ရကောင်းလား ဖောင်းထုတယ်ဆို ထားပါတော့။အပြင်လူတစ်ယောက်မှမပါတာ မြင်နေတာတောင် မိသားစုဝင်ချည်းပဲ ခိုးလုပ်တာတဲ့။ ဆန်းကျယ်လိုက်တာ။

ဓါတ်ပုံဟိုးထောင့်က မပစ်ရသေးတဲ့ အရက်ပုလင်းအခွံကို ကြည့်ပြီး အရက်ပုလင်းအကောင်းစားကြီးတဲ့။ ကြည့်လိုက်တော့ Black Label, Gold Label ပုလင်း။ US မှာ Black တို့ Gold တို့ဆိုတာက မြန်မာပြည်မှာဆို Grand Royal လောက်သဘောထားကြတာ။ USက လူတိုင်း မေးကြည့်လိုက်။

တာဇံမှန်း လူသိပါတယ် ဂေါင်းသေးတို့ရယ်။ နောင်အခါ ဒေါ်လာ၅၀ပတ်လည် အရက်လောက်ကို အရက်အကောင်းစား Luxury တွေလိုတော့ မပြောမိကြနဲ့ကွာ။

နင်တို့အစား ငါမျက်နှာပူလို့ပါ။