Get Mystery Box with random crypto!

ပန်ဆယ်လို

የቴሌግራም ቻናል አርማ pencilochannel — ပန်ဆယ်လို
የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.59K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 176

2022-06-18 06:41:17 သတိထားမိတာ ကြာပြီ။
ထောက်ပို့နေကျ အဖွဲ့တွေ တိုက်ပွဲသတင်းတွေ လာကြွားကြတဲ့အခါ “အမ… မြေပြင်မှာ ဒီ့ထက်ပိုများတယ်၊ ဒီလောက်ပဲ သတင်းထုတ်ရမယ်ဆိုလို့” လို့ ပြောပြောသွားကြတာ သုံးလေးဖွဲ့ရှိပြီ။

စစ်ခွေးတွေ အရမ်းအထိနာပြီဆို အဲ့ဒေသကို အဖိများလို့ သက်ဆိုင်ရာဒေသအကြီးအကဲတွေက သတင်းလျှော့ထုတ်ပြန်ခိုင်းတယ်ထင်တာပဲ။ ဒါလည်း တမျိုးကောင်းပါတယ်။ မီဒီယာမှာ အများကြီး ပါမလာရင် အပေါ်က အဘတွေ သိမှာမဟုတ်ဘူး။ အောက်ကအဆင့်တွေကလည်း အထောင်းခံရမှာစိုးလို့ အုပ်ထားမှာ။

အဲ့လို သတင်းလျှော့ထုတ်နေတဲ့ကြားက မနေ့က ၁၀၃ ကောင်ဒွမ်တဲ့။ အရင်တုန်းက စာရင်းတက်လာရင် အမြဲ ၂နဲ့စားပြီး လျှော့တွက်တယ်။ အခုက ၂နဲ့မြှောက် တွက်ရတော့မယ် ထင်တယ်။

တေဂျင်းဇိုးတွေ ဒွမ်ချက်နှယ်
22.3K views03:41
ክፈት / አስተያየት ይስጡ
2022-06-17 09:43:54
Con Con နော် MaALoe
21.0K views06:43
ክፈት / አስተያየት ይስጡ
2022-06-17 08:39:45 CDM ကျောင်းသားတွေနဲ့ CDMကျောင်းသားမိဘတွေရော၊ Non-CDM ကျောင်းသားတွေနဲ့ Non-CDM ကျောင်းသားမိဘတွေရော ဖတ်စေချင်တဲ့စာပါ။ NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို စာရှည်လို့ သေသေချာချာ မဖတ်မိကြမှာစိုးလို့ အတိုချုပ်ရေးပေးမယ်။

CDM ကျောင်းသားတွေအနေနဲ့ တော်လှန်ရေးအောင်မှ ကျောင်းတက်ရင် အသက်က အတန်းထက် ပိုကြီးသွားမလား။ ဥပမာ- ကျောင်းသားက ၆ တန်း။ CDM လုပ်လို့ ကျောင်းမတက်တာ နှစ်နှစ်ဆိုရင် ကျောင်းသားက ၈ တန်းအရွယ်ဖြစ်နေပြီ။ ကျောင်းပြန်တက်ရပြီဆိုပြီး ၆ တန်းက ပြန်တက်ရမှာလား။

မဟုတ်ပါဘူး။ NUG ရဲ့ ကြားကာလပညာရေး အစီအစဉ်တွေ၊ Online Learning Program တွေမှာ လေ့လာသင်ကြားထားပါ။ ကျောင်းပြန်တက်ရတဲ့အခါ ၈တန်းတက်ဖို့ အရည်အချင်းစစ်ဖြေပြီး ၈တန်းကနေ ပြန်လည်တက်ရောက်ရမှာ ဖြစ်ပါတယ်။

Non-CDM ကျောင်းသားတွေကတော့ စကစရဲ့ အောင်လက်မှတ်တွေကို ဘာတစ်ခုမှ ချွင်းချက်မရှိ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ တိတိကျကျထုတ်ပြန်ထားတာဖြစ်တဲ့အတွက် Non-CDM တွေအနေနဲ့ကတော့ မူရင်းအတန်းက ပြန်တက်ရဖို့ပဲရှိတယ်။

စကစက ပေးအပ်တဲ့ အောင်လက်မှတ်တွေ၊ ဘွဲ့လက်မှတ်တွေ ဘာတစ်ခုမှ အသုံးဝင်မှာ မဟုတ်ဘူး။ အကုန်ဖျက်သိမ်းခံရမှာပဲ။

ထပ်ပြီး အရေးကြီးတာ ပြောရဦးမယ်။ အခုရထားတဲ့ ဆယ်တန်းအောင်လက်မှတ်၊ တက္ကသိုလ်ဘွဲ့လက်မှတ်တွေ၊ အဲ့က တဆင့်တက်တဲ့ ဘွဲ့တွေအားလုံး ဘယ်နိုင်ငံကမှ အသိအမှတ်ပြုခွင့်မရှိကြောင်း ထုတ်ပြန်ထားပြီးပြီ။ အကြောင်းကြားထားပြီးပြီဆိုတာပဲ။

အဲ့တော့ တက်ချင်သပဆိုတက်ကြ၊ ကိုယ့်ရွေးချယ်မှုပဲ။ အချိန်ကုန်လူပန်း လောက်ကောင်တံဆိပ်ကပ်ခံချင်ရင်၊ တကယ့်ကို နှစ်အောက်ခံချင်ရင် တက်ကြ။

နှစ်အောက်ကုန်မှာ စိတ်ပူကြသူတွေအတွက် နှစ်မအောက်မယ့် အစီအစဉ်တွေ စီစဉ်ထားပေးပြီးသား။ ဒါကိုမှ ကျောင်းသားတွေဘက် ကြည့်ပါဦး ဘာညာ မျက်ရည်ခံလာထိုးရင် တက်စရာကျောင်းမရှိတော့တဲ့ ကျောင်းသားတွေ၊ နေစရာအိမ်မီးရှို့ခံလိုက်ရလို့ စစ်ဘေးရှောင်စခန်းရောက်နေတဲ့ ကျောင်းသားတွေ၊ ထောင်ထဲရောက်နေတဲ့ ကျောင်းသားတွေ၊ ကျောင်းထားစရာ ကျောင်းသားမရှိတော့တဲ့ မိဘတွေက တပြုတ်ကြီး လှန်ပြနေတယ်ဆိုတာပဲ။

ဪ… မေ့လို့
မဖြေသူနဲ့ သေသူကလွဲရင် အကုန်အောင်တဲ့ ၂၀၂၁-၂၀၂၂ စောက်ကျိုးနည်းဆယ်တန်းအောင်စာရင်းမှာ အောင်တဲ့ကောင်တွေကို သောင်းသောင်းဖျဖျ ဝိုင်းဆဲနေလို့ ဖြေသူတွေ အများကြီးပဲလို့ မထင်လိုက်နဲ့ဦး။

၁၀တန်းကျောင်းသား ၉သိန်းကျော်မှာ ၂သိန်းကျော်ပဲ ဝင်ဖြေခဲ့တာ။ မဖြေတဲ့ကျောင်းသား ၆ သိန်းကျော်ကိုလည်း Congratulations လုပ်ဖို့လိုတယ်။

ဟို၂ သိန်းကျော်ကတော့ ပေတရာပေါ် သွေးမခြောက်သေးခင် လောက်ကောင်လုပ်တာ။ ဆက်သာဆဲကြ။
21.9K views05:39
ክፈት / አስተያየት ይስጡ
2022-06-17 07:42:32 နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ရှိနေတဲ့အချိန်မှာတောင် ဘွဲ့ရအလုပ်လက်မဲ့တွေ တောင်လိုပုံလို့။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အလျိုအလျို ထွက်သွားကြပြီ။ ပြည်တွင်းလုပ်ငန်းတွေ ဖုတ်လှိုက်ဖုတ်လှိုက်။ ငွေမရှိရင် ရိုက်ထုတ်မယ်လောက် တတ်တဲ့ စစ်ဖိနပ်အောက်မှာ ဒီ့ထက် ပိုကောင်းလာစရာ ဘာမှမရှိဘူး။

ဂေါင်းသေးတို့ကို လောက်ကောင်လုပ် ဆယ်တန်းအောင်တော့ ဘယ်သူက အလုပ်ခန့်မှာမို့ Con Con လုပ်နေကြတာတုန်း။
19.9K views04:42
ክፈት / አስተያየት ይስጡ
2022-06-17 06:22:31 ကိုယ်ကတော့ ခပ်ဂျစ်ဂျစ်ပဲနော်။
ကိုယ်သာ အခွင့်အာဏာရှိရင် ၂၀၂၁-၂၀၂၂ မှာ ဆယ်တန်းအောင်တဲ့၊ ပေတရာပေါ် သွေးမခြောက်သေးခင် လောက်ကောင်လုပ်တဲ့ ဟာတွေ လုံးဝကို ကျောင်းပြန်ပေးမတက်ဘူး။

တက်ချင်သပဖို့ တက်လေ။
သူငယ်တန်းက ပြန်စတက်ခိုင်းမယ်။
အချောင်လိုချင်စိတ်ဟာ မကောင်းဘူးဆိုတာကို သူငယ်တန်းကနေ ပြန်စသင်ပေးမှ တတ်မယ့်ဟာတွေ။

အချောင်သမား အောက်တန်းစား လောက်ကောင်ပါခင်ဗျာဆို ရင်ဘတ်မှာ ရင်ထိုးတပ်ပေးထားဦးမှာ။

တန်ရာ တန်ရာမှ ပြန်မပေးနိုင်ရင်
သစ္စာရှိမှုဟာ ဒီလောကနဲ့ မတန်ဘူး။
20.9K views03:22
ክፈት / አስተያየት ይስጡ
2022-06-17 06:06:02 CDM ကျောင်းသားတွေနဲ့ ထောင်ထဲက ပြည်သူတွေအတွက် NUG ကို တောင်းဆိုသင့်တယ်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ စစ်ကောင်စီလက်အောက်က ဖြေတိုင်းအောင်စနစ်နဲ့ အရည်အချင်းမပြည့်မီဘဲ ခွေးတိုးပေါက်က ဆယ်တန်းအောင်လာတဲ့ လောက်ကောင်တွေရဲ့ ဆယ်တန်းအောင်လက်မှတ်၊ တက္ကသိုလ်တက်ခွင့်တွေကို တရားမဝင်ကြောင်း ကြေညာပေးဖို့နဲ့ အရေးတော်ပုံအောင်တဲ့အခါ ဒီလောက်ကောင်တွေကို ကျောင်းဆက်တက်ခွင့်မပေး၊ ဘွဲ့လက်မှတ်ရုပ်သိမ်းတဲ့ ပြစ်ဒဏ်ပေးဖို့။

သစ္စာရှိသူရော၊ သစ္စာမဲ့သူရော တန်းတူအခွင့်အရေး ပေးမယ်ဆို ဒီတော်လှန်ရေးမှာ ဝင်ရင်းနေတဲ့ အသက်တွေ ဘဝတွေကို ပြက်ရယ်ပြုတာပဲ။
20.2K views03:06
ክፈት / አስተያየት ይስጡ
2022-06-17 05:50:33 ဒီနှစ် ဆယ်တန်းအောင်စာရင်းမှာ အောင်လို့ ဂုဏ်ထူးပါလို့ ဂုဏ်ဆာနေတဲ့ ကျွန်ပေါက်စလေးတွေကို တစ်ခုတော့ ပြောချင်တယ်။

စစ်ဖိနပ်အောက်မှာ ဘယ်သူမှ အနာဂတ် မရှိဘူးဆိုတာပဲ။ နောင်တစ်ချိန်ကျ ဘယ်နှစ်က ဆယ်တန်းအောင်တာလဲမေးလို့ ၂၀၂၂ ကဆိုရင် အသေနှိမ်မှာ။

ဂေါင်းသေးလေးတို့ ဘာတွေ မျှော်လင့်နေကြတာလဲ။
881 views02:50
ክፈት / አስተያየት ይስጡ
2022-06-16 20:34:21 လမ်းဘေးသေးပေါက်နေတဲ့ အရပ်ဝတ်နဲ့ စစ်ခွေးကို ခိုးဆိုးလုယက်တွေက ဓါးထောက်လုတယ်။ အစကတော့ ပစ္စည်းလုရုံလောက်ပဲ။ ငါက စစ်တပ်ကကွလို့ ထအော်တော့ ဇွပ်ပြီး ရေမြောင်းထဲ ကန်ချသွားသတဲ့။

လူကောင်းသူကောင်းတွေ မုန်းရုံမက ခိုးဆိုးလုနှိုက်ပါ မုန်းတာ။

ရှင်တို့လပ်တီးရဲ့ စန်းဇာတာက ကြောက်စရာနော်။
ခိုးဆိုးလုယက်အချင်းချင်းတောင် အဆင်မပြေဘူး။
37.8K viewsedited  17:34
ክፈት / አስተያየት ይስጡ
2022-06-16 10:34:10 Fake News Check Community ဆိုတဲ့ပေ့ချ်က ရည်ရွယ်ချက်ရှိရှိ သတင်းအမှားတွေ ဖြန့်နေတာ သေချာတယ်။ အစကတည်းက စစ်ခွေးတွေဘက်က ထောင်ထားတဲ့ ပေ့ချ်ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် အစက အမှန်အကန်ပေ့ချ်ဖြစ်ပြီး အက်မင်တွေ အဖမ်းခံရလို့ စစ်ခွေးတွေလက်ထဲရောက်သွားတဲ့ ပေ့ချ်ဖြစ်မယ်။ ရပ်တည်ချက်က လုံးဝမမှန်ဘူး။ အခိုင်အမာပြောမယ်နော်…. လုံးဝယုံလို့မရဘူး။

မနေ့က ကိုဂျင်မီနဲ့ ကိုမောင်ကျော်ကို မနက်၄နာရီ သေဒဏ်ပေးမယ်ဆိုပြီး စဖွတဲ့ပေ့ချ်။၂၀၂၁ ဩဂုတ်မှာ သန်းရွှေသေပြီဆိုတဲ့သတင်းအမှားနဲ့ အတန်းရှင်းယူတယ်။ Page Like များအောင်လုပ်တယ်။နေပြည်တော်က စကစအိမ်တွေ ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတဲ့သတင်းအမှားတွေ FNCC ကတက်လာတယ်။

သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိနဲ့တင်နေမှန်း ပြည်သူတွေ ရိပ်မိလာလို့ ၂၀၂၁ September မှာ လုံခြုံရေးအရ ဘာညာနဲ့ ပြန်ဖျောက်သွားတယ်။ ၂၀၂၂ ဇန်နဝါရီ ၂၅ မှာ ပြန်ပေါ်လာတယ်။

၂၀၂၂ ဖေဖော်ဝါရီ ၅ မှာ FNCC ကိုယ်တိုင်စုံစမ်းထားတဲ့ သတင်း ဆိုပြီး ကိုဂျင်မီ၊ ဇေယျာသော်တို့နဲ့ဆက်စပ်တဲ့သူ ၇၈ ဦးရဲ့ ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်တွေ စကစဘက်ကရထားပါတယ်။ သတင်းဆက်တင်ပေးမယ် ဆိုရေးပြီးနောက်ဆက်တွဲ ဘာမှဆက်တင်ပေးတာမရှိတော့ပါဘူး။ (ဝပ်နေတဲ့ UGတွေကိုထွက်လာအောင် တောခြောက်တဲ့သတင်း)

၂၀၂၂ ဖေဖော်ဝါရီ ၂၄ မှာလဲ freeze ခံရမယ့် kpay list ရဖို့ရှိတယ်။ သိရရင်တင်ပေးမယ် ငွေထုတ်ဖို့ မှီမမှီမပြောနိုင်ဘူး ဆိုပြီး post တခုထပ်တင်ပါတယ်။ ( ပြည်တွင်းကနေ တလရကိုကူနေသူတွေအနေနဲ့ အရှိန်တန့်သွားအောင်လုပ်တဲ့သတင်း)

၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက်မှာ ရေကြည်အိုင်ကနေပြီး ambulance ၅ စီးထွက်လာတယ်။ စစ်ကြောရေးခံသူတွေကိုခြေလွန်လက်လွန်ဖြစ်တယ်လို့ ထင်မြင်စရာရှိတယ်ဆိုပြီး FNCC page တခုထဲကပဲတက်လာပါတယ်။ ( မသိစိတ်နဲ့ အကြောက်တရားထည့်တဲ့သတင်း)

၂၀၂၂ ဖေဖော်ဝါရီ ၂၅ မှာအလှူခံကြောင်းတင်ပါတယ်။ (လှူမယ့်အကောင့်တွေကို ထောင်ဖမ်းချင်တာ)

၂၀၂၂ ဖေဖော်ဝါရီ ၂၆။ “သပိတ်လူငယ်တွေကျနော်တို့ကိုလာရောက်ချိတ်ဆက်စေလိုပါတယ်။လမ်းကြောအခြေအနေကို မြို့နယ် Channel Admin တွေအကုန်လုံးကိုပေါင်းကြည့်ခိုင်းပြီးလမ်းကြောကြည့်ပေးလို့ရလို့ပါ။ကူညီအားဖြည့်ပါရစေ။လူပ်ပေးနိင်တာလေးလုပ်ပေးချင်ပါတယ်ခင်ဗျာ” တင်ထားပါတယ်။ ( သပိတ်သမားတွေကို ထောင်ဖမ်းချင်တာ)

(အစအဆုံးပြန်ရေးရရင် လက်ညောင်းလို့ အညိုစုထားတဲ့အချက်တွေ ထည့်ရေးတာ)

ပိုပြီးသေချာတဲ့ အချက်က လွန်ခဲ့နှစ်ရက်က FNCC က အခြားပေ့ချ်တစ်ခုကို ကြေညာတယ်။ TAS News Agency တဲ့။ ပိုစ့်နှစ်ခုပဲ ရှိတယ်။ Likeက ၆သောင်းကျော်နေတယ်။ ရှေ့မှာ ဘယ်လိုသတင်းအမှားတွေတင်ပြီး ဖော်လိုဝါရှာ၊ နာမည်ချိန်းထားလဲ မပြောတတ်ဘူး။ တင်ထားတဲ့ နှစ်ပိုစ့်လုံးက ကိုယ့်ဘက်ကလိုလိုနဲ့ စကစကို ကြောက်ရွံ့အောင် ခြိမ်းခြောက်တဲ့ သတင်းလိုလိုတွေ။ ပထမပိုစ့်က စကစရဲ့ လက်နက်စက်ရုံကို ပိတ်ပစ်ဖို့လိုတယ်လို့ခေါင်းစဉ်တပ်တယ်။ စကစထုတ်လက်နက်တွေကို မလိုအပ်ဘဲ တန်းစီရေးပြတယ်။ သဘောက စကစမှာ လက်နက်တွေအများကြီးပဲ၊ ကြောက်ကြဆိုတာမျိုး။ ဒုတိယပိုစ့်က စစ်ကိုင်းကို ဗုံးကျဲဖို့ စီစဉ်နေပြီ၊ အစည်းအဝေးလုပ်နေပြီတို့ စသဖြင့် အထိပ်တလန့်ဖြစ်စေတဲ့ ကြောက်စေတဲ့ သတင်းမျိုး။

Fake News Check Community ပေ့ချ်ရဲ့ သတင်းတွေကို သေသေချာချာ ခေါင်းသုံးဖတ်ကြည့်။ ကိုယ်တွေဘက်ကို သတိပေးသလိုလိုနဲ့ စကစကို ကြောက်အောင် အကြောက်တရားထည့်နေတာ။

အဲ့တော့ တည့်တည့်ပဲ ပြောမယ်။ အဲ့ပေ့ချ်တွေက စစ်ခွေးတွေ ကိုင်နေတာ။ အဲ့ပေ့ချ်တွေက သတင်းတွေကို မယုံနဲ့၊ မဖြန့်နဲ့။ Report ထုကြ။ Page ကျသွားရင် ပိုကောင်းတယ်။ False Information, Politice ကို ရွေးပြီး Report ကြ။ နှစ်ပေ့ချ်လုံးထု။ ကြာလို့။

စောက်လုံးက နောက်လာပြီ MaALoe စစ်ခွေးတွေ။

Report ထုကြ

https://www.facebook.com/fnccburma/

https://www.facebook.com/TASNewsAgency/
17.3K viewsedited  07:34
ክፈት / አስተያየት ይስጡ
2022-06-16 06:38:24 အဲ့တော့ လေးနာရီမှာ ဘာဖြစ်သွားလဲ။
တစ်ညလုံးစိတ်ပူပန်ရတာပဲ အဖက်တင်တယ်မလား။

နောက်ပိုင်းလည်း အဲ့လိုသတင်းတွေ လွှင့်မှာပဲ။ သူတို့က ပြည်သူတွေ ပူပန်နာကျင်နေတာကို ကြိုက်တာ။ကိုယ်တွေ ငိုလေ၊ သူတို့ကြိုက်လေပဲ။

စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ တိုက်ကြမယ်မလား။ အကြောမာကြရအောင်ပါ။
19.2K views03:38
ክፈት / አስተያየት ይስጡ