Get Mystery Box with random crypto!

ပန်ဆယ်လို

የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.66K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 185

2022-05-14 06:06:18
တနင်္ဂနွေည ၈နာရီမှာ ဒေါက်တာဖြိုးသီဟ၊ မထရီဇာတို့နဲ့ စကားဝိုင်းလေး ရှိပါမယ်။

အမေ့ထီး One Million Challenge နဲ့ ပတ်သက်ပြီး ပြည်သူလူထုကို သိစေချင်တာတွေနဲ့ တော်လှန်ရေးစကားဝိုင်းလေး ပြုလုပ်မှာ ဖြစ်ပါတယ်။

အမေ့ထီးလက်မှတ်လေးတွေကို ဝယ်ယူချင်ရင် အောက်ပါLink မှာ ဝယ်ယူနိုင်ပါတယ်။

m.me/crph.ofp.official
fb.me/crph.ofp.official
7.0K views03:06
ክፈት / አስተያየት ይስጡ
2022-05-13 10:41:05
ပုပုလေးတွေ့လိုက်လို့ ကြင်စိုးလို့ မထင်လိုက်ပါနဲ့။
ဒီကောင်ကို USက စောက်ဖက်မလုပ်ပါဘူး။

နောက်ပြီး ပုံထဲက ပုပုက ငါးပေတစ် ရှိပါတယ်။
9.0K views07:41
ክፈት / አስተያየት ይስጡ
2022-05-13 09:26:52 ပန်ဆယ်လိုမှာ ဖော်လိုဝါတစ်သန်းကျော် ရှိတယ်။ အကုန်ကလစ်ရင် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ပိုစ့်ကို လုံးဝသဘောမတူဘူးနော်။

ကျွန်မလည်း Click ဖို့ မျိုးစုံ Promote လုပ်နေတဲ့သူပါ။ Click စေချင်တယ်။ Click ပေးဖို့ လှုံ့ဆော်တယ်။ ဒါပေမယ့် ဖော်လိုဝါတစ်သန်းကျော်ရှိလို့ ကလစ်ကာတစ်သန်းကျော်မရှိတာနဲ့ ပန်ဆယ်လို့ ဖော်လိုဝါတွေက တော်လှန်ရေးမှာ စောက်သုံးမဝင်ဘူး သိမ်းကြုံးပြောတာတော့ လက်မခံဘူး။

ဖော်လိုဝါတစ်သန်းကျော်ရှိတယ်။ Post Like 100K ပတ်လည်ပဲ ရှိတယ်။ ဆယ်ပုံတစ်ပုံပဲရှိတယ်။ ဆိုလိုတာက Facebook ရဲ့ Algorithm ကို နားမလည်ကြတာပဲ။ Facebook မှာ Friends ငါးထောင်ရှိရင် ငါးထောင်လုံးကို ပိုစ့်တွေ ပြပေးတာ မဟုတ်ဘူး။ ဖော်လိုဝါတစ်သန်းရှိလို့ တစ်သန်းလုံး ပိုစ့်တွေမြင်ရတာ မဟုတ်ဘူး။

Click သည် တော်လှန်ရေးအတွက် အရမ်းအသုံးဝင်တယ်။ လက်ခံတယ်။ လက်ခံလို့လည်း စည်းရုံးပေးတယ်။ ဒါပေမယ့် Click မလုပ်တာနဲ့ လှူမှာလည်း မဟုတ်ဘူး၊ ပါမှာလည်း မဟုတ်ဘူး၊ စောက်သုံးလည်း မဝင်ဘူးဆိုတာ မှားတယ်။

ကိုယ်တွေအတွက် မခက်ခဲပေမယ့် မလုပ်တတ်ကြသူတွေ အများကြီး။ နည်းပညာအဆင့်ကို အသာထား၊ ဖုန်းတောင် ကောင်းကောင်းမနှိပ်တတ်တာတွေ တပုံကြီး။ Click မလုပ်တတ်တာနဲ့ တော်လှန်ရေးမှာ မပါဝင်တဲ့ဟာတွေလို့ တွေးမနေသင့်ဘူး။ ဒီတော်လှန်ရေးဟာ လူတန်းစား အလွှာပေါင်းစုံက ပါဝင်နေတဲ့တော်လှန်ရေး။ ထိုင်Blame နေမယ့်အစား တွဲခေါ်ဖေးကူထောက်ကန်ကြဖို့ပဲရှိတာ။

မျက်မြင်ကြုံခဲ့ဖူးတယ်။ တော်လှန်ရေးမှာ ဒေါ်လာသောင်းချီလှူနေတဲ့ အစ်မကြီးတစ်ယောက် လုံးဝမကလစ်တတ်ဘူး။ ကလစ်ဖို့ အချိန်လည်း မရှိရှာဘူး။ YouTube မှာ ဘယ်လိုဖွင့်ထားရင်ရတယ်ဆိုတာမျိုး ဖုန်းယူပြီး ပြပေးခဲ့ရဖူးတယ်။ အဲ့လိုမျိုးလူတွေ အများကြီး။ အဲ့ဒါ ကျွန်မဖော်လိုဝါစစ်စစ်။

အဲ့ဒီ့ဖော်လိုဝါတွေကြောင့်သာ ကျွန်မရဲ့ ထောက်ပို့ကူညီမှုတွေ အခုလို လုပ်နိုင်နေတာ။လူကူနိုင်သူ လူကူ၊ ငွေကူနိုင်သူ ငွေကူ၊ ကလစ်ကူနိုင်သူ ကလစ်ကူ။ ကျရာအခန်းကဏ္ဍတိုင်းမှာ ပါဝင်နေတဲ့ လူတစ်ယောက်ချင်းစီတိုင်းဟာ အရေးကြီးတယ်။ စောက်သုံးမကျဘူး စောက်သုံးမဝင်ဘူး ထိုင်ပြောရုံနဲ့ Click အရေအတွက်တိုးသွားရင် ကိုယ်တိုင် ထိုင်ဆဲပေးမယ်။ ကိုယ့်လူတွေနဲ့ ကျောချင်းကပ်ရှိနေရမယ့် အချိန်မှာ ဟိုဘက်ကို တွန်းထုတ်နေတဲ့ အရေးအသားတွေ။

တော်လှန်ရေးဟာ ရွေးချယ်မှုလည်း ဖြစ်တယ်။ ပခုံးပေါ်ရောက်လာတဲ့ တာဝန်လည်း ဖြစ်တယ်။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် လုပ်ခဲ့တာမှ မဟုတ်ဘဲ မတရားမှုကို ငုံ့မခံဘူးဆိုတဲ့စိတ်က ထမ်းခိုင်းတဲ့ တာဝန်။ ရွေးခိုင်းတဲ့ ရွေးချယ်မှုပဲ။

ကိုယ် ဘာတွေ လုပ်နေတယ် ပြောပြလို့ရတယ်။ ရိုးရိုးသားသား ပြောပြပါ။ သူများတွေကို အပြစ်တင်ပြောဆိုနေမှ ကိုယ့်လုပ်ရပ်က ပိုအရောင်လက်လာမှာ မဟုတ်ဘူး။

အသက်တွေ၊ ဘဝတွေနဲ့ ရင်းနေကြရချိန် ကိုယ့်ဘက်ခြမ်းမှာ Click သူနဲ့ မClick တတ်သူကို နှစ်ခြမ်းခွဲပြီး ရန်စောင်ကောင်းနေတုန်း။ အဲ့စာအရှည်ကြီး ရေးနေ၊ လိုက်မန့်နေမယ့်အစား သွားကလစ်နေကြပါလား။

ငါအံ့ဩတယ်… တကယ်။
1.3K viewsedited  06:26
ክፈት / አስተያየት ይስጡ
2022-05-13 08:49:07 မြိုင်မှာ ဖောကားကြီးနဲ့ အလောင်းကောက်လိုက်၊ ငိုလိုက်၊ ဆဲလိုက်ပဲ အမရေတဲ့။

အောင်မာ… မိန်လုံးတွေက PDF တွေကို ဆဲနေတာလားဆိုတော့

မဟုတ်ဘူးအမ…. သူတို့ပထွေးမင်းအောင်လှိုင်ကိုတဲ့။

ငှယ့်
5.9K views05:49
ክፈት / አስተያየት ይስጡ
2022-05-13 07:13:45
ဒီယူနီဖောင်းနဲ့ လိုက်တာ
ဒီကောင်ပဲ ရှိတယ်။

10.8K views04:13
ክፈት / አስተያየት ይስጡ
2022-05-13 05:39:12 NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးက
USရဲ့ လုံခြုံရေးအစောင့်အရှောက်နဲ့
ဖိတ်ခံရချိန်မှာ

ဂျပု မပြောနဲ့
ဂျပုနဲ့ ပုလင်းတူဘူးဆို့ကောင်တောင်
ဖိနပ်ပျံနဲ့ ကြိုခံရတယ်။

ဂျပုနဲ့ပေါင်းလို့ ရောထောင်းခံရတဲ့ ဟွန်ဆန်။

2.1K views02:39
ክፈት / አስተያየት ይስጡ
2022-05-12 09:17:37 ရွှေဘိုနယ်နဲ့ ခင်ဦးနယ်ဘက်ကို
အာရုံစိုက်ပေးကြပါ။

မနာလိုတယ်လို့ ပြောလည်း ခံရမှာပါပဲ။
ခင်ဗျားတို့ ပျော်ရွှင်သာယာနေပါတယ်ဆိုရင် ဝမ်းသာပေးနိုင်ပေမယ့် အထူးတလည် စိတ်မဝင်စားကြပါဘူး။အဲ့ဒါတွေအစား သူတို့အတွက် စာနာမှုလေး ပေးကြပါ။

ကျောမွဲတွေရဲ့ ရွာအိမ်ခြေ ၄၀၀
ဒီမနက်ပိုင်းတင် ပြာကျသွားပါပြီ။
23.5K views06:17
ክፈት / አስተያየት ይስጡ
2022-05-12 08:53:02 အားလုံးရဲ့ အားကိုးစွာ အကူအညီတောင်းခံကြမှုကို ကျေးဇူးတင်စွာ လက်ခံရရှိပါတယ်ရှင်။ ကျွန်မအနေနဲ့ အခုအချိန်မှာ ဘီလျံနာ မီလျံနာကြီး ဖြစ်မနေတာကိုပဲ အားမရဖြစ်ရပါတယ်။

ဝန်နဲ့အား မမျှတဲ့အခါ ခါးပါ ကျိုးချင်လာပါပြီ။ အကူအညီတောင်းခံမှုတွေကို မတတ်သာစွာ အကြောင်းမပြန်နိုင်တော့တိုင်း ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ တရစ်ချင်း ခံစားမိလာတယ်။ စိတ်တွေပါ ကျလာမိတယ်။

ကျွန်မအနေနဲ့ ဒေါ်လာသန်းနဲ့ချီ ရှာဖွေပေးနိုင်တာတွေဟာ ကျွန်မစီမံခန့်ခွဲမျှဝေလို့ရတဲ့ ငွေတွေ မဟုတ်ပါဘူး။ ဥပမာပြောရရင် NUG Bond ကို အေးဂျင့်အနေနဲ့ ဒေါ်လာသန်းချီရောင်းချပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် NUG Bond ရောင်းရငွေဟာ NUG ရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကို တစ်ပြားတစ်ချပ်မကျန် ပြန်လည်ပေးပို့ရပါတယ်။ ကျွန်မ စီမံမျှဝေခွင့် မရှိပါ။

Project Dragonfly ဒေါ်လာနှစ်သန်းကျော် ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရရှိငွေအားလုံးကို ငှက်ကင်အတွက် သက်ဆိုင်ရာဌာနကို ပေးပို့ရပါတယ်။ ကျွန်မစီမံခန့်ခွဲမျှဝေခွင့် မရှိပါ။ အခြားသော ကျွန်မပါဝင် Fund Raise လုပ်နေတဲ့ Campaign တွေဟာလည်း ကျွန်မက တော်လှန်ရေးအတွက် Promoter အနေနဲ့ ပါဝင်ရုံမှတပါး ကျွန်မစီမံခန့်ခွဲခွင့် မရှိပါ။

ကျွန်မစီမံခန့်ခွဲမျှဝေနေတဲ့ ငွေဆိုတာက ကျွန်မအကောင့်ကနေ အလှူခံပြီး ရရှိတဲ့ ငွေပမာဏပဲ ရှိပါတယ်။ အဲ့ဒီ့က ရရှိငွေနဲ့ ကျွန်မ လစဉ်ထောက်ကန်နေရတဲ့ အဖွဲ့တွေဆီ ပေးပို့ရသလို အသစ်ထပ်မံအကူအညီတောင်းခံလာသူထဲကလည်း စိစစ်ပြီး မျှဝေရပါတယ်။

တော်လှန်ရေးကာလကြာမြင့်လာတဲ့အမျှ လိုအပ်ချက်တွေလည်း များပြားလာသလို ထောက်ပို့ငွေရှာဖွေနိုင်စွမ်းကလည်း ယခင်ထက်ပိုပါးလျလာတာ အားလုံးအသိပါ။ ကျွန်မလည်း အပြောအဆို အတိုက်အခိုက်တွေကြားက အားမလျှော့ဘဲ ရှာဖွေထောက်ပို့နေပါတယ်။

အကူအညီတောင်းခံလာသမျှ အဖွဲ့တိုင်းကို ကူညီပါမယ်လို့ ကတိကဝတ် မပေးထားပါဘူး။ အဖွဲ့တိုင်းကိုလည်း မကူညီနိုင်ကြောင်း ဝန်ခံထားပါတယ်။ ဒါပေမယ့် ကျွန်မထောက်ပို့နေတဲ့ အဖွဲ့တွေကို မျက်မြင်မြင်နေရပါလျက်နဲ့ ငါတို့ကိုတော့ မပေးရကောင်းလားဆိုပြီး အမြင်လွဲတာမျိုးတွေလည်း ခံရပါတယ်။

အချို့ကတော့ အခက်အခဲတွေကို နားလည်ပေးကြပေမယ့် အချို့ကတော့ ခင်ဗျားက ဒေါ်လာသန်းချီရှာနိုင်နေလျက်နဲ့ မကူညီရကောင်းလားဆိုပြီး ဆဲဆိုသွားတာတွေလည်း ကြုံရပါတယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့ ဒေါ်လာသန်းချီဟာ ကျွန်မကိုင်တွယ်စီမံခွင့်မရှိကြောင်း တသီးတသန့်ပြောပြဖို့ လိုအပ်တယ်လို့ ယူဆလို့ပါ။

အချို့စိတ်ဓါတ်ဆိုးဝါးသူတွေဆိုရင် သူတို့ကို မထောက်ပို့မိတာနဲ့ ကျွန်မကို ပိုစ့်တွေတင် ဆဲဆို၊ မဟုတ်မမှန်တွေ ဆက်တိုက်သိက္ခာချ၊ အညှိုးတကြီးနဲ့ ခြေထိုးခံနေတာတွေလည်း မြင်ရပါတယ်။ ကျွန်မအနေနဲ့ သူတို့အဖွဲ့ကို မထောက်ပို့နိုင်လိုက်ပေမယ့် ကျွန်မထောက်ပို့မှုကို ရနေတဲ့အဖွဲ့တွေ မျက်မြင်ရှိနေကြလျက်နဲ့ ဘာလို့ ဒါမျိုးတွေ လုပ်နိုင်ကြလဲ မစဉ်းစားတတ်အောင်ပါပဲ။

တစ်ဖွဲ့စီက လာအကူအညီတောင်းကြတယ်ဆိုပေမယ့် အကူအညီတောင်းခံခံရသူ ကျွန်မအနေနဲ့က တစ်ယောက်တည်းပါ။ တကယ်ကို မနိုင်နင်းနိုင်တာပါ။ အကူအညီတောင်းခံသံတွေကြားမှာ ကူကယ်ရာမဲ့ပါပဲ။

ကျွန်မလည်း ရှိသမျှမာန အကုန်ပစ်ချပြီး တစ်ဖက်က သိက္ခာချ တိုက်ခိုက်မှုမှန်သမျှ အဖက်မလုပ်ဘဲ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အကုန်ရှာဖွေ ထောက်ပို့နေပါတယ်။ အားလုံးကို မထောက်ပို့နိုင်တဲ့အတွက်လည်း ဝမ်းနည်းရပါတယ်။ ဒီလောက်လေးပဲ စွမ်းနိုင်တဲ့အတွက်လည်း တောင်းပန်ပါတယ်။

ကျွန်မရဲ့ စွမ်းဆောင်နိုင်မှုဟာ အထောက်အပံ့တစုံတရာလေး ဖြစ်ခဲ့မယ်ဆိုရင် ကျွန်မရဲ့မစွမ်းဆောင်နိုင်မှုတွေကိုလည်း နားလည်ပေးကြဖို့ပါ။

ကျွန်မ ဒီ့ထက် ပိုကြိုးစားကြည့်ဖို့ အားယူချိန်လေး ပေးကြပါ။
22.0K views05:53
ክፈት / አስተያየት ይስጡ
2022-05-12 06:02:50 PDF တွေကို အပြတ်ချေမှုန်းမယ်လို့ ကြွေးကြော်ထားတဲ့ ဒုတိယဗိုလ်မှူးကြီး တင့်ထူးနိုင်ကို PDF တွေက အပြတ်ချေမှုန်း။

ဒွမ်
22.9K views03:02
ክፈት / አስተያየት ይስጡ
2022-05-11 17:46:11 အကုန်ပစ်သတ်ခံလိုက်ရပြီဆိုပြီး ပြည်သူတွေ ကြေကွဲဝမ်းနည်းခဲ့ရတဲ့ ရန်ကုန် Dark Shadow အဖွဲ့ဝင်အားလုံး လွတ်မြောက်ပါတယ်တဲ့။

လုံခြုံစိတ်ချရတဲ့ နေရာကို ရောက်ရှိသွားပြီဖြစ်လို့ သတင်းထုတ်ပြန်လာပုံရတယ်။

အဲ့သတင်းစကြားကတည်းက အတွင်းမှာ မဟုတ်ဘူးလို့ ကြားပေမယ့် အားလုံးကျဆုံးသွားပြီလို့ ထုတ်ပြန်ထားတာဖြစ်တဲ့အတွက် အဲ့အတိုင်းထားတာ ပိုကောင်းပါတယ်လို့ ထင်ခဲ့တာ။အခုလို ဘေးကင်းလုံခြုံကြောင်း သိရလို့ ဝမ်းသာရပါတယ်။

ခက်ခဲခဲ့မှာပဲ။ ဒါပေမယ့် သူတို့ရှင်သန်နေကြဆဲ။
29.4K views14:46
ክፈት / አስተያየት ይስጡ