Get Mystery Box with random crypto!

ပန်ဆယ်လို

የቴሌግራም ቻናል አርማ pencilochannel — ပန်ဆယ်လို
የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.62K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 180

2022-06-07 09:46:27 ၂၀၂၁ဖေဖော်ဝါရီ ၄ရက်နေ့ အိမ်ကထွက်လာတဲ့ နေ့ကစပြီး ဒီနေ့ထိ တော်လှန်ရေးမှာ တစ်ရက်မှ မနားခဲ့ဘူး။ ဒီနေ့ထိ တစ်ရက်လေးမှ ခွင့်မယူခဲ့ဘူး။ တစ်ရက်မပြတ် ပါဝင်နေတယ်။

တစ်နှစ်ကျော်ကာလမှာ အမှန်အတိုင်း ပြောရရင် အရမ်းပင်ပန်းနေပြီ။ အရမ်းမောပန်းနေပြီ။ စိတ်ဓါတ်တက်သည်ဖြစ်စေ ကျသည်ဖြစ်စေ၊ ကျနေချိန်တောင် ရပ်သွားတဲ့အထိ ဖြစ်မသွားအောင် တောင့်ခံနေခဲ့တာ။

Normal Life ကြီး ဖြစ်ပြနေသူတွေကို ကြည့်ပြီးလည်း နာကျင်မနေတော့ဘူး။ နင်တို့မပါလည်း ငါတို့က နိုင်အောင်ချမှာလို့ပဲ တွေးတယ်။ မလုပ်တဲ့သူတွေ အများကြီးပဲလို့ တွေးအားငယ်မနေဘူး။ ငါတို့မလုပ်ရင် ဘယ်သူလုပ်မလဲပဲ တွေးတယ်။ ရေပေါ်ဆီတွေကြည့်ပြီး ကြေကွဲနေမယ့်အစား အသက်တွေဘဝတွေ ပေးနေတဲ့ တော်လှန်သူတွေအတွက် တာဝန်ကျေဖို့ လိုတယ်ပဲ တွေးတယ်။

NUG ဘက်က ရပ်တည်တယ်။ NUG ဘက်က ရပ်တည်တယ်ဆိုတာက NUG ထဲက တစ်ဦးတစ်ယောက်ချင်းစီကို အချစ်တော်ဝင် အပြစ်တော်မမြင်နေတာ မဟုတ်ဘူး။ NUG ရဲ့ ပြည်သူ့ Mandate ရ ဖြစ်တည်မှု၊ စုဖွဲ့မှုနဲ့ ရုန်းကန်မှုအတွက် အတူကူတွန်းတာ။ NUG အတွက် တော်လှန်ရေးရံပုံငွေ ရှာပေးတယ်၊ လှုံ့ဆော်တယ်။ အဲ့လိုပဲ မြေပြင်PDFတွေဆီ တိုက်ရိုက်စီးဆင်းဖို့လည်း ကြိုးစားတယ်။

NUG ကို ဝေဖန်ထောက်ပြစရာရှိရင် အတွင်းထဲမှာ ပြောတယ်။ ပြောတာမှ တော်တော်ကြီးကို ပြောတာ။ အဲ့လိုပြောတာကိုလည်း လိပ်ပြာလုံတယ်။ ပြည်သူအထင်လွဲအောင် Public မှာ ဖောင်းထုတာ မဟုတ်ဘူး။ တတ်နိုင်သလောက်လည်း ကူနေတာ ဖြစ်တဲ့အတွက် လိုအပ်လို့ပြောမိလည်း လိပ်ပြာလုံတယ်။

အချို့နဲ့ မတူတာက အချို့က တော်လှန်ရေးမိခင်ကြီး ဖခင်ကြီးတွေ ဖြစ်ဖို့ တော်လှန်ရေးကြီး အဓွန့်ရှည်စေချင်နေတာ။ သူတို့က ဒီအရေးတော်ပုံမှာ ဘဝပျက်ခဲ့ကြရသူတွေထဲ မပါဘူး။ ကိုယ်တွေက အရေးတော်ပုံအောင်မှ ကိုယ့်ဘဝကိုယ်ပြန်ရကြမှာ။ အဲ့တော့ ကွာမှာပဲ။

ကိုယ့်အပိုင်းမဟုတ်ရင် ဝင်မပါဘူး။ အရှုပ်ထဲမှာ ရှင်းအောင်နေတယ်။ ဒီကာလမှာ အရင်ပန်ဆယ်လိုကို သိသူတွေဆို ကောင်းကောင်းနားလည်လိမ့်မယ်။ ကိုယ်ဘယ်လောက် စိတ်လျှော့ထားလဲဆိုတာ။ အရင်စိတ်နဲ့ဆို တနေ့တပွဲတောင် ပြတ်မှာ မဟုတ်ဘူး။

အရမ်းပင်ပန်းနေတဲ့ကာလမှာ ကိုယ့်တွေရဲ့ အင်အားမှန်သမျှဟာ MaALoe စစ်အုပ်စုကို ထိုးနှက်ဖို့ သီးသန့်ပဲ ဖြစ်ချင်တယ်။ ကိုယ့်အချင်းချင်း ငြိကြပြောရတွေမှာ အင်အား မပြုန်းတီးချင်ဘူး။

ရိုင်းရတယ်ဆိုတာကလည်း ကိုယ့်အတွက် ငှက်ပျောသီး အခွံနွှာစားရတာမှ ခက်နေသေးတယ်။ အခုမှ ထရိုင်းတာလည်း မဟုတ်တဲ့ နဂိုရိုင်းလေး။

ဆိုတော့ကာ ပွဲတွေကို ညည်းငွေ့လွန်းလှတယ်။ ပွဲတွေလည်း မတည်ကြနဲ့။ နုကြည်ကို ဖြုတ်ချင်နေတဲ့ဟာတွေ အုပ်စုတွေ ဖွဲ့ပြီး နုကြည်ကို ဖြုတ်မရသေးခင် ကိုယ့်ကို ဝိုင်းကန်ဖို့ ကြံနေတာလည်း သိတယ်။ ပြုံးပြုံးလေး နေနေတယ်ဆိုတာ မသိလို့လည်း မဟုတ်ဘူး။ အင်အားကုန်လို့ ပလစ်ထားတာ။ ရှေ့တန်းကလူငယ်တွေကို အားနာလို့။

သိပ်ပွဲဖြစ်ချင်ရင် ခဏအောင့်ထားကြဦး။ တော်လှန်ရေးပြီးတဲ့အခါ မြို့တော်ခန်းမရှေ့ စင်ထိုးပြီး ချိန်းထိုးကြတာပေါ့။

ဟိုက်ရား…
23.1K viewsedited  06:46
ክፈት / አስተያየት ይስጡ
2022-06-07 09:02:08 သာအေးမကလို့ သာအေးအဖေအိမ်ပဲဖြစ်ဖြစ်၊ အကုန်ရှို့တဲ့။

စောက်တပ်က ပြတ်တယ်။
စစ်ကိုင်းတိုင်း ဝကခဟောင်း သာအေး​အမျိုးတွေ အိမ်မို့ကို သေသေချာချာ ရှို့သွားတာ။

တပ် မတော်ကြီး ကောင်းသေးလား သာအေးရေ။
21.7K views06:02
ክፈት / አስተያየት ይስጡ
2022-06-07 08:25:50 နိုင်ငံတကာက တရားမဝင်အစိုးရလို့ ပြောတာကို နာတယ်ဆိုတော့ တရားဝင်အောင် လုပ်တတ်တာ ဘာရှိလို့တုန်း မဲလုံးရဲ့။

လူသတ်မယ်၊ မီးရှို့မယ်၊ အကြမ်းဖက်မယ်၊ ဖမ်းဆီးမယ်၊ အနိုင်ကျင့်မယ်။
MaALoe တွေ…. နင်တို့လုပ်တတ်တာ ဒါပဲရှိတဲ့ဟာ။

ဟိုက MaALoe အစိုးမရလို့ သုံးမသွားတာ
ကျေးဇူးတင်။
22.7K views05:25
ክፈት / አስተያየት ይስጡ
2022-06-06 19:10:32 လေးချက်အပစ်ခံရပေမယ့် ချက်ချင်း မသေသေးဘူး။
တပ်ဖဲဝါ ခြေသလုံးအိမ်တိုင်မ သတင်းသွားမေးပြီး ပြန်တာနဲ့ သေတာပဲတဲ့။

နင်များ သတ်လိုက်တာလားဟယ်။
14.7K viewsedited  16:10
ክፈት / አስተያየት ይስጡ
2022-06-06 19:03:18 အချိန်တန်ရင် သူပုန်တွေအဖြစ် အလင်းပြန်ဝင်ရလိမ့်မယ်ဆိုတဲ့ ဘဲလည်း အချိန်တန်တော့ မသာအဖြစ် မြေကြီးထဲ ဝင်သွားရရော။

အနိစ္စ ဒုက္ခ အနတ္တ
သင်္ခါရ ဘယ်အရာမှ မမြဲပါတကား။
14.7K views16:03
ክፈት / አስተያየት ይስጡ
2022-06-05 09:48:55 ဖရဲသီးရှာမရလို့
တစ်စခန်းလုံး ဖမ်းထားတယ်တဲ့။

ဖရဲသီး ရှာချင်တာများ
စျေးထဲ သွားပါလား။

ဥာဏ်ပုလေးတွေ
20.3K views06:48
ክፈት / አስተያየት ይስጡ
2022-06-05 08:54:56 ဘဝရဲ့ သက်တမ်းထက်ဝက်ကို တပ်မတော်သာငပိ တပ်မတော်သာငပွ လုပ်ပြီး ကုန်လွန်ခဲ့တယ်။ မအလက အာဏာရူးပြီး အာဏာသိမ်းလိုက်တော့လည်း အားတက်သရော တာဝန်သုံးခုကြီးတောင်ယူပြီး ညီအကိုအရင်းတောင် နိုင်ငံရေးလုပ်လို့ဆိုပြီး မျက်နှာလို မျက်နှာရ သတ်ပြခဲ့သေးတာ။

ဟာ… တော်တယ်ကွာဆိုပြီး စစ်ကိုင်းကို ပို့ချလိုက်တော့ ဂွမ်းရော။ ဖြိုးသန့် စောက်သုံးမကျလို့ PDFတွေ ထကြွနေတာ၊ ငါလုပ်ပြမယ်၊ PDFတွေ ကုန်မှ စစ်ကိုင်းက ပြန်မယ်ဘာညာ ကြွေးကြော်ပြီး ဖားယားသေးတာ။

စစ်ကိုင်းက PDFတွေက အစိမ်းလိုက် သဲကြမ်းပက်ချလွှတ်တာ ထိပ်ပေါက် ကတ်ဦးထုတ်ပြုတ်ကျပြီး ပြန်ပြေးတာ နေပြည်တော်ထိ ရောက်တယ်။

နေပြည်တော်ရောက်တော့ တပြွတ်ပြွတ်စုတ်လိုက် တဖွဖွနယ်လိုက် လုပ်လာတဲ့ မအလဘောကလည်း ဟယ်… သောင်လည်း မသောင်ဘူးဆိုပြီး အပျော့လေးနဲ့ ထိုးလွှတ်တာ၊ ရာထူးက ဖြုတ်စေတဲ့။

စစ်ရှုံးသမား….. သန်းလှိုင်ဂီရိ
ဂီရိ… ဂီရိ… ဂိ… ဂိ

(အက်ခိုးသံလေးနဲ့)
ဗက်ဟက်ဟက်
21.1K viewsedited  05:54
ክፈት / አስተያየት ይስጡ
2022-06-05 08:28:04 စစ်ကိုင်းမှာ PDF တွေကုန်မှ ပြန်မယ် ကြွေးကြော်ထားပြီး အလောင်းမင်းတရားစစ်ဆင်ရေးကနေ အလောင်းစည်သူ စစ်ဆင်ရေးဖြစ်၊ ခေါင်းပေါက်နဖူးပြဲရုံအပြင် ကတ်ဦးထုတ်ကြီးပါ ပြုတ်ကျကျန်ခဲ့တဲ့

(အမလေး… မောထှာ။ ဒင်းကျရှုံးခန်းတွေ ပြောရတာ)

အဲ့ကောင်ကွာ…. သန်းလှိုင် အရှုံးသမား
အရှုံးသမား သန်းလှိုင်

အခုတပ်ထဲကပါ ကန်ထုတ်ခံလိုက်ရပြီ။
ရာထူးက ဖြုတ်တဲ့။

သင့်ချစ်သူကို အရှုံးပေးနေရလို့
နာကျင်နေပါသလား….?
သန်းလှိုင် PDF တွေကို ရှုံးခဲ့ရတဲ့ အရှုံးလောက် မများဘူးဆိုပြီး မိုတီယူလိုက်ပါ။

အယ့်လယ်
21.7K views05:28
ክፈት / አስተያየት ይስጡ
2022-06-05 08:05:42 လျှပ်စစ်မီးက မမှန်၊ မီးစက်မောင်းဖို့ တတ်နိုင်ရင်တောင် ဓါတ်ဆီက ဝယ်မရ။

နေတတ်ထိုင်တတ်ရင် စစ်ဖိနပ်အောက်မှာလည်း အဆင်ပြေပါတယ် တွေးနေသူတွေလည်း မချောင်ဘူးဆိုတာ တဖြည်းဖြည်း နားလည်နေကြလောက်ပြီ။

MaALoe ခေတ်မှာ ချောင်လည်ပျော်ရွှင်နေတာ MaALoe Lite တွေပဲ ရှိတယ်။
20.5K views05:05
ክፈት / አስተያየት ይስጡ
2022-06-04 04:47:11
မနက်ဖြန် San Francisco Bay Area တဝိုက်ရဲ့ Modesto မြို့မှာ နွေဦးတော်လှန်ရေး ရံပုံငွေပွဲနဲ့ ဘွန်းရောင်းချပွဲလေး ရှိပါတယ်။

ငွေတိုက်စာချုပ်အပြင် အမေ့ထီးကံစမ်းမဲ၊ ၁၄/အင်းယား အစုရှယ်ယာ၊ ကိုမင်းကိုနိုင်ရဲ့ ပန်းချီကားလေလံနဲ့ဂိမ်းအစီအစဉ်တွေအပြင် မြန်မာ့ရိုးရာအစားအစာများ နဲ့ ဧည့်ခံမှာပါ။

မမပန်ကလည်း ပုသိမ်ဟာလဝါတမယ် ရောင်းချပြီး အရင်းရော အမြတ်ရော လှူဒါန်းမှာပါ။ အမေ့ထီးလေးနဲ့ ဓါတ်ပုံတွဲရိုက်လို့ရတဲ့ အစီအစဉ်၊ PDF ဖိနပ်နဲ့ ဓါတ်ပုံတွဲရိုက်လို့ရတဲ့ အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ကြွရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။
1.6K views01:47
ክፈት / አስተያየት ይስጡ