Get Mystery Box with random crypto!

ပန်ဆယ်လို

የቴሌግራም ቻናል አርማ pencilochannel — ပန်ဆယ်လို
የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.62K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 181

2022-06-03 19:31:00 ဥပဒေနဲ့အညီ ကြိုးမိန့်ပေးချင်ရင်တော့
မအလအတွက် တစ်လမ်းတော့ ရှိတယ်။

ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့သမ္မတ ဦးဝင်းမြင့်ကို လက်မှတ်သွားထိုးခိုင်းကြည့်ပါလား။

လိနဲ့ထထိုးလည်း မနည်းဘူးဆိုတော့ ဒီလိုပဲ မြှောက်ပေးရတာပ။
11.0K views16:31
ክፈት / አስተያየት ይስጡ
2022-06-03 18:46:18 သေဒဏ်ကို အတည်ပြုမှ သတ်တာလည်း မဟုတ်ဘူး။ လူမသိသူမသိ သတ်ပစ်နေတဲ့သူတွေမှ စစ်ကြောရေးမှာ အများကြီး။

ဥပဒေအရဆိုရင် သေဒဏ်ပေးတယ်ဆိုတာ သူတို့လူသတ်တာလောက် လွယ်တဲ့အရာ မဟုတ်ဘူး။ကြိုးမိန့်ကို ယာယီအုပ်ချုပ်တဲ့သူက ပေးခွင့်မရှိဘူး။ သေဒဏ်(ကြိုးမိန့်) ကို ပြည်သူရွေးချယ် တင်မြှောက်တဲ့ အစိုးရ(သမ္မတ)ကပဲ စီရင်ပိုင်ခွင့် ရှိတယ်။ စကစမှာ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ သမ္မတ မရှိဘူး။

သေဒဏ်ပေးမယ်ဆိုရင်တောင် ချက်ချင်းကြိုးပေးသတ်လို့ မရဘူး။ အယူခံ တင်သွင်းခွင့်ရှိတယ်။ အယူခံတင်သွင်းရင် တရားရုံးအဆင့်ဆင့်တက်ရတဲ့အတွက် အနည်းဆုံး ၃ နှစ်ကနေ ၅ နှစ်အထိ ကြာမြင့်ပါတယ်။ မြန်မာနိုင်ငံက သေဒဏ်(ကြိုးမိန့်) ပယ်ဖျက်ရေးအဖွဲ့မှာ လက်မှတ်ထိုးသားပြီးသား။

အခုချက်ချင်း သေဒဏ်ချ၊ ချက်ချင်း အယူခံပယ်ချ၊ ချက်ချင်းသတ်ဆိုတာ သူတို့ပါးစပ်ကပြောနေတဲ့ ဥပဒေနဲ့ အညီဆိုရင် ဖြစ်စရာလမ်း မရှိဘူး။

သတ်ကို သတ်မယ်ဟေ့ဆိုပြီး သတ်ရင်တော့ ရတယ်။ ဒါပေမယ့် ဒါဟာ ကြိုးမိန့်ပေးတာ မဟုတ်ဘူး။ နိုင်ငံတကာနဲ့ နိုင်ငံသားအားလုံးရှေ့မှာ ဗြောင်သတ်ဖြတ်ပြတဲ့ လူသတ်မှုပဲ။

ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို ဖမ်းလိုက်တာနဲ့ တော်လှန်ရေးဟာ ရပ်မသွားခဲ့ကြောင်း ပြည်သူက သက်သေပြခဲ့ပြီးပြီ။ ဘာတွေဥာဏ်ပုပြီး သတ်မယ်လုပ်ပြပြ၊ သတ်ပဲသတ်သတ် တော်လှန်ရေးဟာ ရပ်သွားစရာ လမ်းမရှိဘူး။

ကိုဂျင်မီဟာ ကိုဂျင်မီတွေ အများကြီး ထားခဲ့ပြီးပြီ။ ဇေယျာသော်ဟာ ဇေယျာသော်တွေ အများကြီး ထားခဲ့ပြီးပြီ။

စောက်ကြီးစောက်ကျယ် ကြိုးမိန့်ဆိုတဲ့ စကားကို နင်တို့ပါးစပ်ပေါက်က မထွက်ကြနဲ့။ လူသတ်မှုကျူးလွန်မယ်လို့ တည့်တည့်ပြောလိုက်။

ပြည်သူကို အကြောက်တရားထည့်ဖို့ ကြိုးစားရုံအပြင် ဘာမှဆက်လုပ်စရာမရှိတော့တဲ့ လမ်းဆုံးနေတဲ့ အရှုံးသမားတွေ။
15.3K views15:46
ክፈት / አስተያየት ይስጡ
2022-06-03 11:55:06 ၂၀၂၁ ဖေဖော်ဝါရီတုန်းက စစ်တပ်က နိုင်နိုင်တယ်လို့ ရေးသားခဲ့တဲ့ နိုင်ငံတကာဆောင်းပါးရှင်က ၂၀၂၂မေလမှာ ရေးသားတဲ့ စစ်တပ်က ရှုံးလိမ့်မယ်လို့ ရေးလာတယ်။ ခေတ်သစ်မှာ ဘာသာပြန်ဆောင်းပါး တင်ထားတယ်။ ဖတ်ကြည့်သင့်တယ်။

ပြေးပွဲတစ်ခုမှာ ပြေးနေတဲ့သူတွေ မမြင်တဲ့ရှုထောင့်တွေကို ဘေးက ရပ်ကြည့်နေသူတွေက ပိုမြင်နိုင်တယ်။ ဒီတော်လှန်​ရေးမှာ ဒီဆောင်းပါးရှင်လိုလူက ဘေးကရပ်ကြည့်နေတဲ့သူပဲ။ သူတို့အမြင်က ဒီတော်လှန်ရေးကို ဘယ်လိုမြင်လဲဆိုတာ စိတ်ဝင်စားစရာတော့ ကောင်းတယ်။

ရေးထားတာတော့ အစုံပဲ။ ကိုယ်စိတ်ဝင်စားတာက တော်လှန်ရေး အဆင့် ၃ဆင့်ဆိုတဲ့ အရာပဲ။
(၁)ပြည်သူ့ခုခံမှု
(၂)ပြောက်ကျားစနစ်
(၃)ဒေသထိန်းချုပ်စနစ်
(သူကတော့ အရှည်ကြီးရေးထားတာ၊ ကိုယ်က ချုံ့ရေးပြတာ)
နံပါတ်(၃)အဆင့်ကိုရောက်ရင် လပ်တီး ရှုံးပြီပဲတဲ့။

ဆိုတော့ကာ တော်လှန်ရေးကို ပြန်ကြည့်လိုက်တော့ နံပါတ်(၁) အဆင့်က လွန်မြောက်သွားပြီ။ နံပါတ်(၂) အဆင့်ကို ရောက်နေပြီ။ နံပါတ်(၃) အဆင့်ကို ကူးပြောင်းဖို့ ဝိုင်းရုန်းနေကြတဲ့ အနေအထားကို ရောက်နေပြီဆိုတာပဲ။

တော်လှန်ရေးကာလ တစ်နှစ်ကျော်လာပြီဆိုတော့ အားလုံး ပင်ပန်းနေကြပြီ။ တခါတရံ စိတ်ဓါတ်ကျရတွေရှိတယ်။ ဒါပေမယ့် Conclusion ပြန်ထုတ်လိုက်ရင် ရှင်းလင်းတဲ့ အဖြေက ဒီတော်လှန်ရေးဟာ နံပါတ်(၂) အဆင့်ကို ရောက်နေပြီဆိုတာ ငြင်းစရာမရှိတဲ့ အနေအထားပဲ။

နံပါတ်(၃) အဆင့်ကို ကူးပြောင်းနိုင်ဖို့ တပ်ဖွဲ့စုစည်းမှုတွေ လက်နက်စုဆောင်းမှုတွေဟာလည်း အခြေအနေအတိုင်းအတာအဆင့်တစ်ခုထိ ရောက်ရှိနေပြီ။ တစ်နှစ်ကျော်အတွင်း ဒီလောက် တိုးတက်မြန်ဆန်တဲ့ တော်လှန်ရေး ဘယ်ခေတ်မှာ ရှိခဲ့ဖူးလဲ။

နံပါတ်(၃) အဆင့်ဟာ အခက်အခဲဆုံးနဲ့ အောင်ပွဲရဖို့ အနီးကပ်ဆုံးကာလပဲ။ ငါတို့ဟာ ဒီနေရာနီးနီးထိ ရောက်လာပြီဆိုတာ သိပ်အားတက်စရာကောင်းတဲ့အရာပဲ။

ယုံကြည်မှုထားစမ်းပါ။ ငါတို့ မနိုင်သေးသလို သူတို့လည်း မနိုင်သေးဘူး။ ငါတို့ပင်ပန်းနေသလို သူတို့လည်း ပင်ပန်းနေတယ်။ ငါတို့ မနားရသလို သူတို့လည်း မနားရဘူး။ ငါတို့ဘက်မှာ အဆုံးအရှုံးတွေရှိသလို သူတို့လည်း သေတယ်။ သေချာတာက သူတို့က ပိုသေတယ်။ အဲ့တော့ ငါတို့က မရှုံးသေးတဲ့ အပြင် နိုင်နေတာ။ သူတို့က မနိုင်သေးတဲ့အပြင် ရှုံးကိုနေတာ။

ကြက်ကလေး ငှက်ကလေးဖမ်းသလို အာဏာသိမ်းခြင်းကို ခေတ်အဆက်ဆက် အလွယ်လေး လုပ်လာတဲ့ မြန်မာ့နိုင်ငံရေးစောက်ကျင့်ဆိုးသမိုင်းမှာ ဒီတစ်ခေါက်ဟာ သူတို့အတွက် အခက်ခဲဆုံး အထိနာဆုံး ရှုံးကိုရှုံးမယ့်ပွဲပဲ။ ပြည်သူရဲ့ အရုန်းကန်ဆုံး သမိုင်းသစ်ပဲ။

နတ်စီတဲ့အိပ်မက်တွေ လွယ်လွယ်နဲ့ မရဘူး။ ကြီးမားတဲ့ အောင်မြင်မှုတွေဟာ အလွယ်လေး မရဘူး။ နိုင်ငံတစ်ခုလုံးရဲ့ အနာဂတ်၊ လူသန်းပေါင်းများစွာရဲ့ အနာဂတ်နဲ့ မျိုးဆက်တွေရဲ့ အနာဂတ်တွေ ပြောင်းလဲဖို့ဆိုတာ ကြီးမားတဲ့ အောင်မြင်မှုဖြစ်တဲ့အတွက် ရင်းနှီးပေးဆပ်နေကြရတာပဲ။

အားမလို အားမရဖြစ်ရင် အချင်းချင်းပတ်ရမ်းမယ့်အစား အလုပ်ပိုလုပ်ကြရမယ်။ ဘယ်UN မှ မလာဘူး၊ ဘယ်USမှာ မလာဘူး။ မလာလည်း ကိစ္စမရှိဘူး။ ဒီနေရာထိ ငါတို့ လျှောက်ခဲ့ပြီးပြီ။

အဆုံးထိ မလျှောက်ရင် အစကတည်းက မလျှောက်ခဲ့သလိုပဲ။ နှစ်ခါနာတယ်။ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ အသက်တွေ ဘဝတွေ၊ သေသူတွေကို လစ်လျူမရှုသော အားဖြင့် ရှင်နေသူတွေက ပိုသန်မာကြရမယ်။

ယုံစမ်းပါ….
ကမ္ဘာကြီးမှာ နိုင်မြင်းက ငါတို့ပြည်သူတွေဆိုတာ အသံထွက်လာပြီ။ နိုင်မြင်းကို ရွေးလောင်းမယ့် ကမ္ဘာကြီးအတွက် နိုင်မြင်းက ဒီမှာဟေ့လို့ နားရွက်ဆွဲပြသနိုင်တဲ့ အခြေအနေရောက်လာတော့မှာ။

ငါတို့က နိုင်ကိုနိုင်မှာ
21.2K viewsedited  08:55
ክፈት / አስተያየት ይስጡ
2022-06-03 08:19:53
အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီတုန်းက စစ်တပ်နိုင်မယ်လို့ ရေးခဲ့တဲ့ဘဲကြီးတောင် ၂၀၂၂ မေမှာ လေသံပြောင်းသွားပြီ။ စစ်တပ်က ရှူံးတော့မယ်တဲ့။

စောက်ပုရဲ့လပ်တီးနဲ့ ထောက်ခံသူဥာဏ်ပုတွေလောက်ပဲ သူတို့နိုင်နိုင်သေးတယ် ထင်နေတာ ရှိတော့တယ်။

သေချာ မှတ်သွားနော် ဘောမတွေ
နင်တို့ ရှုံးကိုရှုံးမှာ
21.2K views05:19
ክፈት / አስተያየት ይስጡ
2022-06-03 04:27:24
တော်လှန်ရေးတစ်နှစ်ကျော်ကာလအတွင်း နေရာအတော်များများမှာ တူမီးကနေ မောင်းပြန်တွေ ဖြစ်လာပြီ။ အခု နောက်ထပ် Next Level ဖြစ်တဲ့ လနကြီးတပ်ဆင်ရေးကို သွားကြဖို့ ပြင်ဆင်နေကြပြီ။

“မမများနဲ့ ပွဲကမယ်” ဆိုတဲ့ Project ဟာ ကရင်နီဒေသအတွက် လနကြီးတွေ တပ်ဆင်ဖို့ လုပ်ဆောင်နေတဲ့ Project ပါ။ သိန်းငါးထောင် Project ဖြစ်ပေမယ့် လတ်တလောမှာ ပြည့်မှီခြင်း မရှိသေးပါဘူး။ ဒါကြောင့် တတ်အားသမျှ ပါဝင်ကြဖို့ တိုက်တွန်းပါတယ်။

ရဲဘော်တွေ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရတာ ဒီလိုပစ္စည်းအကြီးတွေ ရရှိနိုင်မှု နည်းပါးနေသေးတာတွေကြောင့်ပါ။ ဒါတောင် အရမ်းတော်တဲ့ မျိုးဆက်မို့ ရန်သူကို အကောင်ရေများများ ချေမှုန်းနိုင်နေတာပါ။ ကိုယ်ဘက်က အထိအခိုက် အကျအဆုံးတွေမြင်မှ အလောင်းပိုက်ဆွေးကြမယ့်အစား လနကြီး ရရှိရေးအတွက် ဝိုင်းဝန်းအာရုံစိုက်ပေးကြပါ။

ဒီပေ့ချ်ကနေတဆင့် သွားရောက်ပါဝင်ပေးကြပါ။

https://www.facebook.com/dancingwithladies/
3.2K views01:27
ክፈት / አስተያየት ይስጡ
2022-06-02 11:53:39 ဘုတ်ပြင်းဘက်က ခမရ ၅၈၅ မှာစစ်ခွေးအချင်းချင်းကိုက်တဲ့။

လေးကောင်က ပစ်လိုက်တာ သုံးကောင်ဒွမ်သွားတယ်။ လေးကောင်နောက် လိုက်ဗျင်းတာ လေးကောင်မှာ သုံးကောင်ဒွမ်သတဲ့။

စုစုပေါင်း ၆ကောင်ပေါ့။
နေ့တိုင်း ကိုက်ကြပါလားဟယ်။
မကျေနပ်ရင် တပ်ရင်းလိုက် ချိန်းပစ်ကြလေ။

ငါကြိုက်လို့ကွ။
(ကိုသားကြီးလေသံဖြင့်)
18.3K views08:53
ክፈት / አስተያየት ይስጡ
2022-06-02 10:59:00 ရဲတွေဘဝက နင်းပြားနော်။

စခန်းထဲမှာနေလည်း စခန်းမှူးကို စစ်ခွေးက ပြေးထိုးတာ။ လမ်းပေါ်သွားလည်း ကားရပ်မပေးလို့ဆိုပြီး ရဲအုပ်ကို စစ်ခွေးက အသေပစ်သတ်တာ။

ခွေးချင်းတူတာတောင် ယူတို့ဘဝက
ဝဲနှစ်ကွက် ပိုစားနေသလိုမျိုး။

စိတ်တောင် မကောင်းဘူး။
21.5K views07:59
ክፈት / አስተያየት ይስጡ
2022-06-02 05:52:42
ကြည့်ပြီးသားဆိုရင်လည်း ထပ်ကြည့်။
ဒီနေ့ Nway Oo Video မှာ ဝုန်းကြမယ်။

"နိုင်ငံပျောက်သူ" ကို Nway Oo Videos မှာ ကြည့်လို့ရပါပြိီ

ဝင်ငွေအားလုံးဟာ နွေဦးတော်လှန်ရေးအတွက် တိုက်ရိုက်စီးဆင်းမှာဖြစ်ပါတယ်။

Nway Oo Video App ကို ဒေါင်းလုပ်လုပ်ရန် -

Android (Google Play Store) -
https://bit.ly/3HD3ama

IOS (Apple) -
https://apple.co/3t2MRKN

Android TV နှင့် Play Store မရှိသူများ အတွက် -
https://bit.ly/3M2A7Mp

"နိုင်ငံပျောက်သူ" ဇာတ်လမ်းကို ကြည့်ကြတဲ့အခါမှာလည်း VPN ခံကြဖို့ သတိပေးချင်ပါတယ်။ V4C VPN app ကို ဒီလင့်မှာ ဒေါင်းလို့ရပါတယ်။

Android (Google Play Store) -
https://play.google.com/store/apps/details?id=co.vforc.myvpn

Direct Download Link -
https://thadinn.com/apk/v4c-v0.4.1.apk

#PeopleClickForce
#နိုင်ငံပျောက်သူ
23.8K views02:52
ክፈት / አስተያየት ይስጡ
2022-06-01 17:47:57 သူတို့ ဗုံးခွဲလို့ သေရတယ်။
သေသူကို ဗုံးခွဲသူလို့ ပြန်စွတ်စွဲတယ်။

ဘာမှပြန်မချေပနိုင်တဲ့ သေသူကို တရားခံလုပ်ပစ်လိုက်တယ်။

ကလိန်ကကျစ်ကောင်
အောက်တန်းစား ကလေကဝ စောက်ကျင့်တွေ
ဘုရင်တက်ဖြစ်ချင်တဲ့ ခေတ်ဆိုးကြီးထဲ လူဖြစ်ရလေခြင်းပဲ။
14.3K views14:47
ክፈት / አስተያየት ይስጡ
2022-06-01 12:14:21 တော်လှန်ရေးဘက်ခြမ်းက ရုပ်ရှင်ရိုက်ပြနေတာ အားကျမခံ ပြန်ရိုက်ပြလေ။

အရင်ခေတ်က
ဝေလည်းမွှေး ကြွေလည်းမွှေးဆိုပြီး
စစ်ကားကို အသဲခိုက်အောင် ရိုက်ပြခဲ့တယ်မလား။

နေလည်း ခွေး၊ သေလည်း အေးဆိုပြီ ရိုက်ပြလိုက်ရင် အကုန်ကြွေဆင်းကုန်ကြမှာ။

တို့က အကြံအလကားပေးတာကို
20.3K views09:14
ክፈት / አስተያየት ይስጡ