Get Mystery Box with random crypto!

ပန်ဆယ်လို

የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.66K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 182

2022-05-23 07:12:33 ကိုယ်တွေဘက်ကဟာတွေသာ Social Punishment ကို မာချင်တဲ့အခါမာ၊ ပျော့ချင်တဲ့အခါ ပျော့နဲ့
L** လိုလုပ်နေတာ

သူတို့ဘက်ကတော့ ကိုယ်တွေဘက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးလို့ဆိုပြီး မှူးဇော်လို သူတို့လူဖြစ်ခဲ့သူကိုတောင် သေအောင်သတ်တာမျိုး။

တော်လှန်ရေးနိုင်ချင်ရင် ရန်/ငါပြတ်တာလောက်တော့
အနိမ့်ဆုံးလုပ်ကြ။
24.6K views04:12
ክፈት / አስተያየት ይስጡ
2022-05-22 17:37:51 ရှေ့ရက်က ညဘက်ကြီး အမြန်လမ်းကို ပိတ်ချလိုက်တယ်။ သေနတ်သံတွေ ကြားတယ်။ တောင်ငူဘက်မှာ တိုက်ပွဲဖြစ်နေလို့ စသဖြင့် သတင်းက စုံနေတာပဲ။ ဘာမှန်း တိတိကျကျ မသိလိုက်ဘူး။

ဒီနေ့မှ လျို့ဝှက်ဆိုတာကြီး ထုံးစံအတိုင်း ထွက်လာတယ်။ ခွေးဇိုးနှစ်ကောင် ဘာကိစ္စမှန်းမသိဘဲ ခရီးသွား၊ လမ်းမှာ ကားကပျက်၊ ကားတစ်စီးကိုတား အကူအညီတောင်း၊ ကားပေါ်ပါပုဂ္ဂိုလ်က ကားဆင်းပြင်ပေး။

ခွေးဇိုးတစ်ကောင်က ဆေးပေါက် လေထဲလွင့် သေနတ်နဲ့ထပစ်၊ အတူပါ ခွေးဇိုးလေး ငါးချက်ထိ၊ ဂန့်။ ကားဆင်းပြင်ပေးတဲ့လူ တစ်ချက်ထိ မစိုးရိမ်ရ။

ဘိန်းစားတပ်ကိုလည်း တစ်ခုတော့ ပြောချင်တယ်။ တရုတ်ထုတ် အရည်အသွေးနိမ့်တွေ အလကားရတိုင်း စွတ်စွတ်မသုံးပါနဲ့ဆို။

အခုတော့ အတူတူလာတဲ့ ဗကအချင်းချင်း မင်းအောင်လှိုင်လို့ မြင်ပြီး ထပစ်တာမျိုး၊ PDF တွေလာပြီဆိုပြီး သွေးပျက်ပြီး ထပစ်တာမျိုးတွေ ဖြစ်ပြီ။

ယူတို့ ဘိန်းစားတပ်
အတော် ပြောရခက်နော်။
14.6K views14:37
ክፈት / አስተያየት ይስጡ
2022-05-22 09:33:08 ဒီမိုကရေစီဆိုပြီး
ဘောင်းဘီက ပုဆိုးလဲဝတ်တာလည်း
သူတို့ပဲ့။

ဒီမိုကရေစီဆိုပြီး မဲပြိုင်တော့လည်း
၂၅ကျပ်သား အကြောပေးထားတောင်
ရှူံးလို့ အာဏာသိမ်းတာလည်း
သူတို့ပဲ။

ချကြမယ်ကွာဆိုတော့လည်း
လေယာဉ်အကြောပေးထားတာတောင်
ခွက်ခွက်လန်ရှုံးနေတာလည်း
သူတို့ပဲ။

တိုင်းပြည်ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ
အဆီအနှစ်ယူ အမြင့်ဆုံးဘက်ဂျက်ယူပြီး
အကြောပေး ထူထောင်ထားတဲ့ အင်စတီကျူးရှင်း တစ်ခုလုံးပေါင်းလို့တောင် PDFမနိုင် ရွာမီးရှို့ ဗျူဟာပဲ ထွက်လာတယ်။

တကယ့် အရှုံးသမားတွေ။
21.8K views06:33
ክፈት / አስተያየት ይስጡ
2022-05-22 09:13:37 ရွာတွေကို မီးတင်ရှို့တဲ့နည်းနဲ့ တော်လှန်ရေးကို ရပ်တန့်လို့ရမယ်ထင်နေတဲ့ မင်းအောင်လှိုင်စစ်တပ်ရဲ့ အတွေးအခေါ်ဟာ အတော်ဆိုးဆိုးဝါးဝါး နိမ့်ကျနေတာပဲ။

လူဆိုတာက ကိုယ့်ရဲ့လက်ရှိအခြေအနေ အနေအထားလေး ဘယ်လောက်သေးငယ်နေပါစေ တွယ်ဖက်တွယ်တာတတ်တဲ့သဘော ရှိတယ်။ ကိုယ်နေတဲ့ အိမ်လေးဟာ ကြီးချင်မှ ကြီးမယ်၊ ကောင်းချင်မှ ကောင်းမယ်။ ဒါပေမယ် ဒါလေးဟာ ကိုယ့်ဘဝတစ်ခုလုံးလည်း ဖြစ်နေနိုင်တယ်။ ဒီအရာတွေကို စွန့်ခွါဖို့ ထားပစ်ဖို့ ပြတ်သားဖို့ဟာ အတော်ကြီးမားတဲ့ ရွေးချယ်မှုပဲ။ ဒါသည်ပင် လူတစ်ယောက်ရဲ့ အခြေခံချစ်စိတ်ပဲ။

ရွာတွေကို မီးရှို့ပစ်လိုက်တယ်။ နေစရာအိမ်မဲ့သွားကြတယ်။ စီးပွါးရေးတွေ ရပ်သွားတယ်။ တွယ်မက်စရာတွေ မရှိတော့ဘူး။ ဒီလိုဖြစ်စေတဲ့ ရန်သူဟာ ဘယ်သူဆိုတာလည်း ရှင်းလင်းတယ်။

အရင်က တော်လှန်ရေးဘက်ခြမ်းမှာ ရပ်ချင်ပါတယ်ဆိုရင်တောင် ငဲ့ကွက်စရာတွေနဲ့။ ဒီလိုလုပ်ရင် ဒီလိုအရာတွေ ဖြစ်လာမှာစိုးလို့ဆိုပြီး ချင့်ချိန်တွေးဆစရာတွေ အများသား။

တွယ်တာစရာ ဘာမှမကျန်တော့သူတွေကို ရွာမီးတင်ရှို့ခြင်းနဲ့ မွေးထုတ်လိုက်ကြတယ်။ နောက်လှည့်ရင် ကျောပဲရှိတဲ့ ကျောမွဲတွေကို နောက်လှည့်ရင်တောင် ဘာမှမရှိတော့တဲ့အခြေအနေတွေ ဖန်တီးလိုက်ကြတယ်။ တော်လှန်ရေးကို ရပ်တန့်ဖို့ဆိုပြီး တော်လှန်သူတွေကို စစ်တပ်ကပဲ မွေးထုတ်ပေးနေကြပြီ။

စစ်အာဏာရှင်စနစ်အောက်မှာ ဘယ်သူမှ ငြိမ်းချမ်းသာယာမနေပါဘူး။ ငြိမ်းချမ်းသာယာနေရင်လည်း ခဏပါပဲ။ ကိုယ်နေရာ ပူမလာခင်ထိ အေးနေတယ် ထင်နေကြပေါ့။

လောင်မြိုက်နေကြရှာတဲ့ အပြစ်မဲ့ပြည်သူတွေကို ဘာမှမတတ်နိုင်ဘူးလို့ နေစိမ့်ကြရင် ကိုယ်တိုင်လောင်မြိုက်ကြတဲ့အခါ ဘယ်သူမှ မကူနိုင်ဘူးဆိုတာလည်း ကြိုတင်တွက်ဆထားဖို့ပါပဲ။

ဒီတော်လှန်ရေးဟာ ဒီအတိုင်း ပြီးသွားမယ်အရာမဟုတ်ဘူးဆိုတာ နှလုံးသွင်းထားဖို့ပါပဲ။
21.9K views06:13
ክፈት / አስተያየት ይስጡ
2022-05-21 19:23:57
12.9K views16:23
ክፈት / አስተያየት ይስጡ
2022-05-21 10:42:39 စဉ့်ကူးက ရွှေပြည်ရဲစခန်းကို PDFတွေဝင်ပစ်၊
ရဲ၅ကောင်ဒွမ်။
စစ်ကူလာတဲ့စစ်ကားက မိုင်းရှင်း
မိုင်းရှင်းရင်း မိုင်းကွဲ
၃ကောင် ထပ်ဒွမ််။
ထပ်မံမိုင်းရှင်း ထပ်မံမိုင်းကွဲ
၃ကောင် ထပ်ဒွမ်။
အလောင်းလာကောက်တဲ့ စစ်ကြောင်း ထပ်မိုင်းမိ
၁၂ ကောင်ဒွမ်။

ထပ်ဆင့်အကယ်ဒမီများရှင် လပ်တီးနော်
ကျော်ဟိန်းရယ်၊ ရန်အောင်ရယ်၊ ချိုပြုံးရယ် ပေါင်းထားသလိုပဲ။

ဒွမ်ဒီးဒီးဒွမ်
21.7K viewsedited  07:42
ክፈት / አስተያየት ይስጡ
2022-05-21 07:26:47 စစ်ကိုင်းလည်း မထိန်းနိုင်
ကရင်နီမှာလည်း ပြာခါနေတာ
ကရင်မှာလည်း ပြေးတာ ထိုင်းထိရောက်ကုန်ပြီ
ကချင်မှာဆို နားရွက်တောင် မလှုပ်ရဲဘူး
ရခိုင်ကို လှည့်ကြိမ်းနေသေးတယ်။

ပြည်သူကို ငဲ့ညှာလို့ပေါ့ကွာဆိုပဲ
အယ့်လယ်…. အင်တာနက်ဖြတ်ပြီး ရခိုင်ကို ဖိနှိပ်တုန်းက သူတို့ မဟုတ်တဲ့အတိုင်းနော်။

ဇော်မဲလုံးက လူအသံနဲ့သာ ပြောတာ
ဝုတ်ဝုတ်စကားတွေချည်းပဲ။
24.2K views04:26
ክፈት / አስተያየት ይስጡ
2022-05-20 10:19:53 အရေးကြီးလို့ပါဗျို့
Chevron ရဲ့ ဒေါ်လာ သန်း၂၅၀ စကစကို ပေးလိုက်ရင် ပြည်သူကို သတ်မယ့် လူသတ်လက်နက်တွေ ရကုန်တော့မယ်။ ဒီမှာ ဝင်လက်မှတ် ထိုးပေးကြပါ။

ဒီနေ့ နောက်ဆုံးမို့ အခုပဲ ဝင်ပြီး လက်မှတ်ထိုးကြပါ။ လက်မှတ်ပေါင်း ၁ သိန်းကျော်လိုနေတာမို့ တွန်းကြပါဦး။

https://www.facebook.com/108745491471914/posts/292680216411773/
23.9K views07:19
ክፈት / አስተያየት ይስጡ
2022-05-20 09:59:14 ဗျူဟာကျကျ ဆုတ်ခွါအောင်ပွဲဆင်တဲ့အနေနဲ့ စခန်းသိမ်းခံလိုက်ပြီး ထိုင်းဘက်ကို နိုင်ငံဖြတ်ကျော် မာရသွန်ပြေးခဲ့တဲ့ ၁၄ကောင်မှာ (၃)ယောက်က ပေါ်တာဆွဲလာတာတဲ့။

စစ်သည်အင်အား ငါးသိန်းဘာညာပြောပြီး ပေါ်တာနဲ့လူသားဒိုင်းနဲ့။ War Criminal မြောက် သက်သေတွေပေးပြီး ပထွေးကို ကြိုးကွင်းခိုင်အောင် ကျစ်ပေးနေတာ။

ဒီစစ်ခွေးတွေနဲ့တော့ ခက်ပြီ။
22.4K viewsedited  06:59
ክፈት / አስተያየት ይስጡ
2022-05-20 08:40:54
ဘွန်းတွေ မရောင်းတော့ဘူးဆိုပြီး
ဟိုဘက်ရပ်ကွက်က ပျော်နေမှာစိုးလို့
စနေရော၊ တနင်္ဂနွေရော နှစ်ပွဲဆက် ရောင်းပြလိုက်ဦးမယ်။

ကိုယ်တွေက ဒေါင်းတွေ
အချင်းချင်း ခွပ်လည်း
နင်တို့ဘက်ကို ဖျင်လှန်ပြ မပျက်ဘူး။

OK နော် ?
23.6K views05:40
ክፈት / አስተያየት ይስጡ