Get Mystery Box with random crypto!

ရှေ့ရက်က ညဘက်ကြီး အမြန်လမ်းကို ပိတ်ချလိုက်တယ်။ သေနတ်သံတွေ ကြား | ပန်ဆယ်လို

ရှေ့ရက်က ညဘက်ကြီး အမြန်လမ်းကို ပိတ်ချလိုက်တယ်။ သေနတ်သံတွေ ကြားတယ်။ တောင်ငူဘက်မှာ တိုက်ပွဲဖြစ်နေလို့ စသဖြင့် သတင်းက စုံနေတာပဲ။ ဘာမှန်း တိတိကျကျ မသိလိုက်ဘူး။

ဒီနေ့မှ လျို့ဝှက်ဆိုတာကြီး ထုံးစံအတိုင်း ထွက်လာတယ်။ ခွေးဇိုးနှစ်ကောင် ဘာကိစ္စမှန်းမသိဘဲ ခရီးသွား၊ လမ်းမှာ ကားကပျက်၊ ကားတစ်စီးကိုတား အကူအညီတောင်း၊ ကားပေါ်ပါပုဂ္ဂိုလ်က ကားဆင်းပြင်ပေး။

ခွေးဇိုးတစ်ကောင်က ဆေးပေါက် လေထဲလွင့် သေနတ်နဲ့ထပစ်၊ အတူပါ ခွေးဇိုးလေး ငါးချက်ထိ၊ ဂန့်။ ကားဆင်းပြင်ပေးတဲ့လူ တစ်ချက်ထိ မစိုးရိမ်ရ။

ဘိန်းစားတပ်ကိုလည်း တစ်ခုတော့ ပြောချင်တယ်။ တရုတ်ထုတ် အရည်အသွေးနိမ့်တွေ အလကားရတိုင်း စွတ်စွတ်မသုံးပါနဲ့ဆို။

အခုတော့ အတူတူလာတဲ့ ဗကအချင်းချင်း မင်းအောင်လှိုင်လို့ မြင်ပြီး ထပစ်တာမျိုး၊ PDF တွေလာပြီဆိုပြီး သွေးပျက်ပြီး ထပစ်တာမျိုးတွေ ဖြစ်ပြီ။

ယူတို့ ဘိန်းစားတပ်
အတော် ပြောရခက်နော်။