Get Mystery Box with random crypto!

အပြစ်ကျူးလွန်သူတွေကို ခွင့်လွှတ်ပေးတယ်ဆိုတာ ဒါမျိုးအပြစ်ကို ထပ | ပန်ဆယ်လို

အပြစ်ကျူးလွန်သူတွေကို ခွင့်လွှတ်ပေးတယ်ဆိုတာ ဒါမျိုးအပြစ်ကို ထပ်ခါထပ်ခါကျူးလွန်ရဲအောင် အားပေးအားမြှောက်ပြုတာနဲ့ အတူတူပဲမို့ ခွင့်လွှတ်သူတွေမှာလည်း အပြစ်ရှိတယ်တဲ့။

မြန်မာနိုင်ငံမှာ အာဏာရူးအဆက်ဆက် စစ်အာဏာသိမ်းပြီး တိုင်းပြည်ကို စုတ်ပြတ်သွားအောင် လုပ်ခဲ့ကြတယ်။ ပြည်သူတွေ နာကျည်းလားဆိုတော့ နာကျည်းကြပါတယ်။ ဒါပေမယ့် ခွင့်လွှတ်လိုက်ကြတယ်။ ဘယ်လောက်ထိ ခွင့်လွှတ်လိုက်လဲဆိုတော့ စစ်အာဏာရူးမျိုးဆက်တွေ လူပါးဝခွင့်ရအောင် ခွင့်လွှတ်လိုက်ကြတယ်၊ လက်ခုတ်သံချူရင် လက်ခုတ်တီးပေးကြတဲ့အထိ ခွင့်လွှတ်လိုက်ကြတယ်။

ခွင့်လွှတ်သူတွေကြောင့် ကျူးလွန်သူတွေဟာ ကျူးလွန်ဖို့ မျက်တောင်တစ်ချက်မခတ်အောင်ကို ရဲတင်းလာခဲ့ကြတယ်။ ကျူးလွန်သူတွေဟာ သူတို့ရဲ့အပြစ်ကို အပြစ်လို့ မမြင်နိုင်တော့အောင် လက်ရဲဇက်ရဲ ကျူးလွန်လာကြတော့တယ်။

ဒီတစ်ခေါက်မှာတော့ ခွင့်လွှတ်ဖို့ကို ကိုယ်တို့ ငြင်းဆန်ကြရလိမ့်မယ်။ ငြင်းဆန်နေကြဆဲဖြစ်တယ်။ နာကျင်စရာတွေ များလွန်းတဲ့ကြားကနေကို ငြင်းဆန်နေကြဆဲဖြစ်တယ်။

ခွင့်လွှတ်မိခြင်းနဲ့ ကျူးလွန်မိခဲ့တဲ့ ဘဝထဲက အပြစ်တွေအကြောင်း ပြန်တွေးတောဆင်ခြင်မိရင်း ရေးဖြစ်တဲ့စာ ဆိုပါတော့။

ခွင့်လွှတ်တတ်သူကို လောကကြီးက အမြဲခွင့်လွှတ်နေရမယ့် အရာတွေ (ကျူးလွန်ခံရမှုတွေ) ကိုပဲ ပေးလေ့ရှိတယ်။