Get Mystery Box with random crypto!

အချိန်တွေအကြာကြီး မျိုသိပ်ခဲ့ရတဲ့ကိစ္စဟာ မနေ့က နေပြည်တော်ဒရုန် | ပန်ဆယ်လို

အချိန်တွေအကြာကြီး မျိုသိပ်ခဲ့ရတဲ့ကိစ္စဟာ မနေ့က နေပြည်တော်ဒရုန်းတိုက်ခိုက်ခံရမှုကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက တရားဝင်ကြေညာသွားပြီ ဖြစ်တဲ့အတွက် အနည်းငယ်တော့ ပြောခွင့်ရှိပြီဖြစ်ပါတယ်။

မနေ့က နေပြည်တော်ကို ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်မှုရဲ့ တစိတ်တပိုင်းက Project Dragonfly နဲ့ ပတ်သက်ကြောင်း ထုတ်ပြန်ချက်မှာ ဝန်ကြီးဌာနက ထည့်သွင်းကြေညာသွားပါတယ်။

ဒီကိစ္စရပ်ဟာ ၂၀၂၂ ဒီဇင်ဘာလကတည်းက ကျွန်မတို့မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ Project Dragonfly ဟာ မျှော်မှန်းထားတာထက် အဆပေါင်းများစွာရရှိအောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်ဝန်ကို ထင်ထားခဲ့တာထက် ပိုထမ်းခဲ့ရပါတယ်။ ပိုတာဝန်ကြီးခဲ့ပါတယ်။ တော်လှန်ရေးအတွက် ကောင်းကျိုးတွေ ဖြစ်ခဲ့ပေမယ့် Project စီစဉ်သူ ကျွန်မတို့အတွက် ဆိုးပစ်တွေလည်း ဖြစ်ခဲ့ပါတယ်။

အရေးကြီးစစ်ရေးကိစ္စဖြစ်တဲ့အပြင် ကန့်သတ်ချက်တွေ များပြားလွန်းတဲ့ကိစ္စကြောင့် ထုတ်ဖော်ပြောဆိုရန် မသင့်တာကို အခွင့်ကောင်းယူပြီး မသမာသူ သူ့လူကိုယ့်ဘက်သား အယောင်ဆောင်တွေရဲ့ အုပ်စုဖွဲ့တိုက်ခိုက်မှုပေါင်းများစွာကိုလည်း အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့ပေမယ့် ကျွန်မတို့ဟာ စိတ်ခံစားချက်ထက် ထိန်းသိမ်းသင့်တာကိုပဲ ဦးစားပေးခဲ့ပါတယ်။

ရံပုံငွေ ၂.၂သန်းမှာ ၁.၄ သန်းကို လေကြောင်းရန် ကာကွယ်ရေးအတွက်၊ ၈သိန်းကို တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက် ခွဲဝေလျာထားသုံးစွဲထားကြောင်း ၂၀၂၃ မတ်လ(၃၀)ရက်နေ့မှာ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ဖူးပါတယ်။ အခုကိစ္စက တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအနေနဲ့ ဖြစ်ပါတယ်။

ဒါက လက်ရှိဖြစ်စဉ်နဲ့ ကြေညာချက်တွေအပေါ် ထုတ်ဖော်​ပြောကြားလို့ရတဲ့ အခြေအနေအထိဖြစ်ပြီး ကျန်ရှိတဲ့ကိစ္စရပ်တွေကတော့ မစ်ရှင်တွေ အောင်မြင်သွားပြီးနောက်ပိုင်းမှပဲ အခုလို လိုအပ်သလောက် ပြောတာကလွဲရင် ဘယ်လိုတိုက်ခိုက်နေပါစေ ကျွန်မတို့ဘက်က တစ်လုံးတစ်ပါဒမှ နှုတ်ကျွံမည် မဟုတ်ပါ။

အဆုံးထိယုံကြည်ပေးခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ရသလို အခုထက်ပိုပျော်စရာကောင်းတဲ့အရာတွေဖြစ်လာဖို့လည်း အတူတူစိတ်ရှည်ပေးကြပါလို့ ပြောပါရစေ။

ကျွန်မတို့ဟာ ပြည်သူနဲ့အတူ တသားတည်းရှိခဲ့ပြီး ပြည်သူရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ဘယ်တုန်းကမှ မလိမ်ညာခဲ့ဘူးဆိုတာပါပဲ။

တိုက်ခိုက်ခဲ့ကြသူအားလုံးကိုလည်း ကိုယ့်ဖျင် ထိုင်ရှိခိုးသွားကြတယ်လို့သာ သဘောထားပါကြောင်း။