Get Mystery Box with random crypto!

PDF တွေကို အပြတ်နှိမ်နင်းမယ် ဘာညာ ကြိမ်းဝါးလာတာ ဘယ်လောက်ကြာသေး | ပန်ဆယ်လို

PDF တွေကို အပြတ်နှိမ်နင်းမယ် ဘာညာ ကြိမ်းဝါးလာတာ ဘယ်လောက်ကြာသေးလို့လဲ။ EROs တွေနဲ့ ဆွေးနွေးညှိနှိုင်းပါရစေ၊ PDFတွေ မပါဘူး၊အပြတ်ချေမှုန်းမယ် ဘာညာလုပ်ပြတာ ဘယ်နှလကြာသေးလို့လဲ။ အခုတော့ လက်နက်အပ် အလင်းဝင်ရင် နွေးထွေးစွာ ကြိုဆိုပါမယ်တဲ့။ အဟက်

စောင့်ကြည့်နေ… ဒီလောက်နဲ့ မပြီးသေးဘူး။ PDF တွေ အလင်းဝင်ပါတယ်ဆိုပြီး သူတို့ သေနတ်ပေးထားတဲ့ ငပျူတွေ သေနတ်ပြန်အပ်ပြပြီး ရုပ်ရှင်ရိုက်ပြဦးမှာ။

သွေးကြွေးမှာ ဆွေးနွေးစရာမရှိပါဘူးဆိုမှ တနေ့တခြား PDF ထဲ ဝင်သွားသူတွေမှ အများကြီး။ဖာသိဖာသာနေခဲ့သူတွေတောင် ရွာတွေ အိမ်တွေ မီးရှို့ခံရလို့ အံကြိတ်တောက်ခေါက် လက်နက်ကိုင်နေပြီ။ အဖိုးအဖွားအရွယ် ကလေးအရွယ်တွေကအစ လက်နက်မကိုင်နိုင်ရင်တောင် မအိမ်လုံးတွေကို ပြန်ချဖို့ လက်နက်ဝယ်ပေးမယ်ဟဲ့ဆိုပြီး ရှိတဲ့နားကပ်လေး ရွှေတိုရွှေစလေးတွေကအစ ထုတ်ပေးနေကြပြီ။

EROsတွေ PDF တွေဆီ လက်နက်ချ အလင်းဝင်တဲ့ စစ်ခွေးတွေ များများလာတာ မခံစားနိုင်တော့ဘူး ထင်ပါရဲ့။ ဘောမတွေလည်း သူတို့ပထွေးကို ကြိတ်ဆဲနေတာ ကိုယ်တွေထက်တောင် မာန်ပါသေးတယ်။ တစ်နှစ်ကျော်ကာလ တစက်မှ မနားရတဲ့ စစ်ခွေးတွေလည်း ဒူးချောင်နေပြီ။ ဒွမ်နှုန်း၊ ပြေးနှုန်းကလည်း မြင့်၊ အထွက်သာ ရှိ အဝင်မရှိလို့ ကလေကဝတွေကို ငွေပေးပြီး ငပျူတွေအနေနဲ့ ယိုင်နဲ့နဲ့ စစ်တပ်ကို ထောက်ကန်ပေးနေရတဲ့ ကလေကဝစစ်တပ်ကြီး ဖြစ်နေပြီ။

PDF တွေ အလင်းဝင်ပါ လက်နက်အပ်ပါ ဘာညာ လေသံပစ်မယ်။ လက်နက်အပ်တယ် ဘာညာ ရုပ်ရှင်ရိုက်ပြမယ်။ ဒီအကွက်လောက်က နာကျည်းမှု ကမ်းကုန်နေပြီဖြစ်တဲ့ PDF တွေအတွက် ဆေးမတိုးတာ ဇော်မဲလုံးတို့လည်း မသိဘဲ မနေဘူး။

သူတို့အကွက်က သူတို့ဘောကို မချင်သလို မမချင်သလိုလို အချစ်ပေါ့ အားလျော့လာတဲ့ ဘောမလေးတွေကို မိုတီပေးချင်နေပုံရတယ်။ စစ်တပ်က အားနည်းလာလို့ အားငယ်လာလို့ စိတ်မလုံမခြုံဖြစ်လာတဲ့ အခြေအနေကို ဖုံးကွယ်ဖို့ ထလုပ်တဲ့အကွက်လို့ပဲ မြင်တယ်။

လက်နက်အပ်ပါ လက်နက်အပ်ပါ လုပ်နေရအောင် သူတို့စောက်ဆံတစ်ပြားမှ မပါဘူး။ လိမို့ အပ်ရမှာလား။ လိုချင်ဝယ်ထား သုံးတတ်ရင် ဆောင်ထား။ ကိုယ်တွေဖာသာ လူအင်အားများလွန်းပြီး လက်နက်နည်းနေလို့ မနည်းရှာဝယ်နေရတာ။ စဉ်းစားလေ… ငယ်တော့တဲ့ အရွယ်တွေလည်း မဟုတ်။ သေခါနီးနေပြီ… L33 စကားတွေ ပြောတုန်း။

ပြောတော့ဖြစ် အပြုတ်တိုက်မယ် အပြုတ်တိုက်မယ်နဲ့၊ ငှက်သိုက်လေး ကိုယ်တိုင်ပြုတ်ပြီး သွားတိုက်ခဲ့ရတဲ့ အစဉ်အလာနဲ့ ကောင်တွေ။

တောင့်ထားကြဟေ့
ပထမတော့ အပြုတ်တိုက်မယ် အပြတ်ဖြုတ်မယ်။ဒုတိယကျ လက်နက်အပ်ပါ အလင်းဝင်ပါ ဘာညာ။ နောက်ဆုံးတဆင့်ပဲ ကျန်တော့တယ်။PDF တို့ရေ… ငှက်သိုက်ပူပူလေး အဘကိုယ်တိုင် အိမ်မှာပြုတ်လာတာဆိုပြီး။

မှတ်ထား ဘောမတို့
နင်တို့ ရှုံးတော့မှာ။