Get Mystery Box with random crypto!

Texas ပြည်နယ် Amarillo မြို့မှာ ကျင်းပတဲ့ Fund Raising ပွဲနဲ့ | ပန်ဆယ်လို

Texas ပြည်နယ် Amarillo မြို့မှာ ကျင်းပတဲ့ Fund Raising ပွဲနဲ့ 007 ရောင်းချပွဲမှာ တော်လှန်ရေးရံပုံငွေ အမေရိကန်ဒေါ်လာ 42956 USD (မြန်မာငွေ သိန်း၈၅၀ ကျော်ဝန်းကျင်) ရှာဖွေနိုင်ခဲ့ပါတယ်။

NUG Bond ရောင်းချရငွေအား NUG အစိုးရရဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနကို ပို့ဆောင်မှာဖြစ်ပြီး Fund Raise ရရှိငွေကို Amarillo PDF Supporting Group မှတဆင့် မြေပြင်ကို တိုက်ရိုက်စီးဆင်းမှာ ဖြစ်ပါတယ်။

အပူရှိန် 106 ကျော်မှာ အားကျိုးမာန်တက် စီစဉ်ပေးကြတဲ့ မြို့ခံများ၊ တက်ရောက်လာကြသူများ၊ အခြားState တွေကပါ အဝေးကြီးကားမောင်းပြီး ရောက်အောင်လာကြသူများကို အထူးကျေးဇူးတင်ပါတယ်။

ကရင်နီဝတ်စုံလေးကို ကြိုတင်ပြင်ဆင် ဝတ်ဆင်ပေးခဲ့တဲ့ မြို့ခံတိုင်းရင်းသားတွေကိုလည်း မှတ်မှတ်ရရသတိရနေမှာပါ။ ပုံတူပန်းချီကားလေးအတွက်လည်း ကျေးဇူးပါ။

Thank you all, Amarillo.