Get Mystery Box with random crypto!

အခုနောက်ပိုင်း နိုင်ငံတကာသတင်းတွေ ဖတ်ဖြစ်တော့ သတိထားမိတာက ကိုယ | ပန်ဆယ်လို

အခုနောက်ပိုင်း နိုင်ငံတကာသတင်းတွေ ဖတ်ဖြစ်တော့ သတိထားမိတာက ကိုယ်တို့နိုင်ငံက ဆန္ဒပြပွဲတွေဟာ အင်မတန်ယဉ်ကျေးတယ်ဆိုတာပဲ။ မနေ့ကဆို သီရိလင်္ကာမှာ ဝန်ကြီးချုပ်အိမ်တွေ လွှတ်တော်အမတ်အိမ်တွေကို မီးရှို့ကြတာမျိုး။

ကိုယ်တွေရဲ့ ဆန္ဒပြပွဲတွေဟာ အင်မတန်ယဉ်ကျေးသိမ်မွေ့ခဲ့ကြတယ်။ အကြမ်းဖက်မှု တစုံတရာလေးတောင် မပါဘဲ ထိန်းသိမ်းခဲ့ကြတယ်။ မျက်ရည်ယိုဗုံးတွေပစ်နေချိန်မှာ ရေစိုဝတ်လေးတွေနဲ့ ကာကွယ်ခဲ့ကြတယ်။ ခေါင်းတွေ ရွေးပစ်နေချိန်မှာ ကျည်မကာတဲ့ သစ်သားဒိုင်းလေးတွေနဲ့ လည်စင်းခံခဲ့ကြတယ်။

ဒီလိုအခြေအနေကနေ လက်နက်ကိုင်တော်လှန်ရေးအထိ ဖြစ်ခဲ့ရတာဟာ စစ်မိစ္ဆာအုပ်စုရဲ့ မိုက်ရိုင်းရက်စက်မှုကြောင့် သီးသန့်ပဲဆိုတာ နားလည်သဘောပေါက်ထားဖို့ လိုတယ်။

ငါတို့ဟာ လူရိုင်းတွေ မဟုတ်ဘူး။ ငါတို့ရဲ့ ယဉ်ကျေးခြင်းဟာ လူ့အန္ဓတွေနဲ့ တွေ့တဲ့အခါ ငါတို့ဟာ ဒီလမ်းကို မဖြစ်မနေလျှောက်ခဲ့ကြရတာ။

ဘုံရန်သူဟာ သူတို့ပဲရှိတယ်။
အမြင်တွေ ဘယ်လိုကွဲကွဲ မုန်တိုင်းတွေထဲလည်း အန္တိမပန်းတိုင်ကို မမေ့ကြဖို့ပဲ။