Get Mystery Box with random crypto!

ရန်သူက အနားတောင်းလာတယ်ဆိုတာ အတော်အထိနာနေပြီလို့ ဝန်ခံနေတာပဲ။ မ | ပန်ဆယ်လို

ရန်သူက အနားတောင်းလာတယ်ဆိုတာ အတော်အထိနာနေပြီလို့ ဝန်ခံနေတာပဲ။ မင်းအောင်လှိုင်ပြောတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာကလည်း သူတို့ အတော်အထိနာနေတယ်ဆိုတာကို ပြသနေတယ်။

ရန်သူကအနားတောင်းချိန်မှာ အနားမပေးဘဲ ဆက်ဖိထိုးနိုင်ရင် အောင်ပွဲရကို ရတော့မှာ။ အခုငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာကြီးမှာ EROs တွေထဲမှာ ကြီးကြီးမားမားအဖွဲ့တွေ တစ်ဖွဲ့မှ မတက်ကြဘူးဆိုတာ နောက်ထပ် အခွင့်အရေး မပေးနိုင်တော့ဘူးဆိုတဲ့ သဘောလို့ ယူဆလို့ရနေပြီ။ အားလုံးညီညွတ်ကြပြီဆို မင်းအောင်လှိုင်လို အရပ်မပြည့်ကျပ်မပြည့်ကောင် မပြောနဲ့၊ တစ်ကမ္ဘာလုံးက အာဏာရှင်တွေ သေရာကပြန်ထလာရင်တောင် သူတို့နိုင်စရာအကြောင်းကို မရှိတော့တာ။

ဆယ်စုနှစ်ပေါင်းများစွာ အယောင်ဆောင်ငြိမ်းချမ်းရေးထဲမှာ မငြိမ်းချမ်းခဲ့တဲ့မြေတွေအတွက် ငြိမ်းချမ်းရေးအစစ်ရဖို့ဆိုတာ စစ်အာဏာရူးတွေ အပြီးတိုင် ကျဆုံးသွားမှ ဖြစ်မယ်။ ဒီကာလက အကြီးမားဆုံးအခွင့်အရေးပဲ။

အစွမ်းကုန်ရုန်းကြရအောင်ပါ။
သံပူခိုက်မှာ နာနာရိုက်ကြမယ်။