Get Mystery Box with random crypto!

ပန်ဆယ်လို

የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.38K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 6

2024-04-11 09:26:03
စလုံးနဲ့ အာရှတွင်းနိုင်ငံများက မိတ်ဆွေတို့ရေ

Project Armor 2 ဟာ Day 10 ကို ရောက်ရှိလာခဲ့ပါပြီရှင်။ ကလေးခရိုင်တပ်ရင်းတပ်ခွဲများကို ကျည်ကာ၊ Vest, Helmet များ တပ်ဆင်ဖို့ရာ ပြုလုပ်နေတဲ့ Project ဖြစ်ပါတယ်။

မြေပြင်ရဲဘော်များရဲ့ အသက်ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာမို့ ဒီအသက်ကယ်ပရော့ဂျက်မှာ မိမိတတ်စွမ်းသမျှ ပါဝင်ပေးကြဖို့ လှုံ့ဆော်ပါရစေရှင်။

ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြတဲ့ လူငယ်တွေကို ကျွန်မတို့အတူ ကာကွယ်ပေးကြရအောင်ပါ။

ကြယ်တွေတောက်ဖို့ ဗျောက်ကာစို့နော်။

ဒီပေ့ချ်ချက်ဘောက်ကနေ ပါဝင်ပေးပါနော်။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d
43.5K views06:26
ክፈት / አስተያየት ይስጡ
2024-04-11 09:07:33
ကိုယ်လေ အဆင်သင့်ဖြစ်နေပြီ
အဆင်သင့် ဖြစ်ခဲ့ပြီ

45.4K views06:07
ክፈት / አስተያየት ይስጡ
2024-04-11 09:04:14 လက်ဖက်ခြောက်က ဒဏ်ရာပြင်းတယ်။
ကန်သာယာ ရောက်နေပြီ ကြားတယ်။

ကန်သာယာမှသည် ရေဝေးဆီသို့

မိမိ စွရမ်းမျှော်မိသည်။
42.5K views06:04
ክፈት / አስተያየት ይስጡ
2024-04-11 08:58:20
Project Armor2 အတွက် Collector တစ်ဦးက လှူဒါန်းပေးထားတဲ့ ဆရာကြီးဦးလွန်းကြွယ်ရဲ့ ပန်းချီကားလေလံဟာ တစ်ရက်အတွင်း USD 9000 ရောက်ရှိနေပါပြီ။

ကျန်တဲ့ နှစ်ရက်အတွင်း ဘယ်လိုရလဒ်မျိုးဖြစ်လာမလဲ စိတ်ဝင်စား ရင်ခုန်နေရပါပြီ။ နောက်ထပ် တန်ဖိုးထား လေလံပါဝင်ပေးမယ့်သူများရှိရင်လည်း ကြိုဆိုပါတယ်ရှင်။

တော်လှန်ရေးအတွက် စိတ်အားထက်သန်မှုအပြည့်နဲ့ ပါဝင်ပေးကြသူအားလုံးကို ကျေးဇူးအထူးတင်ရပါတယ်။
43.5K views05:58
ክፈት / አስተያየት ይስጡ
2024-04-11 06:55:33 မြဝတီ ကျလည်း
မြန်မာ့အသံ ကျန်သေးသည်ဟု
ဇော်မဲလုံး ပြောကြား
50.9K views03:55
ክፈት / አስተያየት ይስጡ
2024-04-10 11:00:53 မကျဘူး
တိုတယ်လို့တော့ ကြားတယ်။

တစ်နေ့နေ့ အမေစုပုံစာအုပ်လေးကိုင်ပြီး လာရောင်းလို့က မတိုတဲ့တစ်ဖက်ပါ တိုသွားစေရမယ်။

အာမခံတယ်။
68.2K views08:00
ክፈት / አስተያየት ይስጡ
2024-04-10 10:06:31 လက်ဖက်ခြောက် ကျမကျက
ခွီသာနေတာ သိပ်မထင်ပေါင်။

အညှီအဟောက်အသံဖိုင်ကြီး
ထုတ်ရှိုးလာတာ မြင်တော့မှ….

သေချာတယ်ဟေ့
မကျတောင် ထိကိုထိတယ်။

အဟေဟေ
70.3K views07:06
ክፈት / አስተያየት ይስጡ
2024-04-10 08:33:42
Project Armor 2အတွက် ပန်းချီကားလေလံပါရှင်။

ဆရာကြီးဦးလွန်းကြွယ်ရဲ့ ၁၉၉၈ ခုနှစ်က ရေးဆွဲခဲ့တဲ့ “ဦးပိန်တံတား” အမည်ရှိ ပန်းချီလက်ရာဖြစ်ပါတယ်။ ပန်းချီဆရာရဲ့ လက်မှတ်လည်း ပါဝင်ပြီး ဆီဆေးအမျိုးအစား ဖြစ်ပါတယ်။

တန်ဖိုးကြီးပန်းချီကားတွေ စုဆောင်းလေ့ရှိတဲ့ ပန်းချီCollector တစ်ယောက်က Project Armor အတွက် လှူဒါန်းလာတာဖြစ်ပါတယ်။

၁၉၉၈ က ဆရာကြီးဦးလွန်းကြွယ်ရဲ့ ပန်းချီကား ကာလတန်ကြေးကို နားလည်တတ်ကျွမ်းသူတွေ သိရှိသဘောပေါက်ကြပါတယ်ရှင်။

ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ ၃၀၀၀ ကနေ စတင်ပါ့မယ်။ လေလံကာလက သုံးရက်ဖြစ်ပါတယ်။ ကျွန်မရဲ့ပေ့ချ်ချက်ဘောက်ကနေ လေလံစျေးပေးနိုင်ပါတယ်ရှင်။

နာမည်ကျော်ပန်းချီဆရာကြီးရဲ့ လက်ရာကို စုဆောင်းရင်း အသက်ကယ်အလှူရှင် ဖြစ်နိုင်ပါပြီရှင်။

လေလံစျေးပေးရန်ပေ့ချ်

https://www.facebook.com/PenciloWriter?mibextid=LQQJ4d
68.3K views05:33
ክፈት / አስተያየት ይስጡ
2024-04-10 07:43:42
ဘယ်နေရာ ဘယ်လိုဝင်ဆော်သွားတာ၊ ဘယ်စခန်းကို ဘယ်လိုသိမ်းလိုက်တာ စတဲ့သတင်းတွေ ကြားရင် တော်လှန်ပြည်သူတွေ ပျော်ကြပါတယ်။ ပျော်လည်း ပျော်သင့်ပါတယ်။ အောင်ပွဲကို ဆာလောင်တောင့်တကြတာ မဟုတ်လား။

ဒါပေမယ့် အဲ့ဒီ့အောင်ပွဲတွေရဲ့ နောက်ကွယ်မှာ ရဲဘော်ဘယ်နှယောက် အသက်ပေးလိုက်ရတယ်၊ ရဲဘော်ဘယ်နှယောက် ခြေလက်အင်္ဂါဆုံးရှုံးလိုက်တယ်၊ ရဲဘော် ဘယ်နှယောက် ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ နာကျင်ရတဲ့ အရှိတရားတွေ ရှိနေပါတယ်။

အခြားလူတော့ မသိဘူး၊ ကိုယ်ကတော့ တကယ့်အောင်ပွဲဆိုတာ ကိုယ့်ရဲဘော်တွေ အထိအရှ အနည်းဆုံးနဲ့ အောင်မြင်ပြန်လာနိုင်တာပါပဲ။

ကျည်ကာအတွက် ထောက်ပို့ကြပါဦးလို့ တဆာဆာ ပြောနေရတာ မပြောလည်း မပြောချင်သလို အားလည်း နာပါတယ်။ ဒီမြေပြင်ရဲဘော်လေးတွေက ငါ့အကိုသာ ငါ့မောင်သာဆိုရင် အကာအကွယ်မရှိ ထားရက်သလား၊ လုံခြုံမှုတစ်ခုခု ပေးချင်သလား။ ဒီစိတ်ကြောင့်ပါပဲ။

ကိုယ်တစ်ယောက်တည်း ကောင်းဖို့လောက်က ဒီလောက်ကြိုးကုတ် အားထုတ်နေစရာမှ မလိုတာ။

Project Armor 2 မှာ ပါဝင်မယ်ဆိုရင် အောက်ပါပေ့ချ်လင့်ချက်ဘောက်ကနေ ဆက်သွယ်ပါရှင်။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d
64.3K views04:43
ክፈት / አስተያየት ይስጡ
2024-04-10 06:57:22 ဘာတွေပန်းထွက်ထွက်
အရေးမကြီးဘူး။

လက်ဖက်ခြောက် ကျပြီလားပဲ
စိတ်ဝင်စားတယ်။

လက်ဖက်ရည်သောက်ချင်တယ်ဆို။
61.3K views03:57
ክፈት / አስተያየት ይስጡ