Get Mystery Box with random crypto!

ဘယ်နေရာ ဘယ်လိုဝင်ဆော်သွားတာ၊ ဘယ်စခန်းကို ဘယ်လိုသိမ်းလိုက်တာ စတ | ပန်ဆယ်လို

ဘယ်နေရာ ဘယ်လိုဝင်ဆော်သွားတာ၊ ဘယ်စခန်းကို ဘယ်လိုသိမ်းလိုက်တာ စတဲ့သတင်းတွေ ကြားရင် တော်လှန်ပြည်သူတွေ ပျော်ကြပါတယ်။ ပျော်လည်း ပျော်သင့်ပါတယ်။ အောင်ပွဲကို ဆာလောင်တောင့်တကြတာ မဟုတ်လား။

ဒါပေမယ့် အဲ့ဒီ့အောင်ပွဲတွေရဲ့ နောက်ကွယ်မှာ ရဲဘော်ဘယ်နှယောက် အသက်ပေးလိုက်ရတယ်၊ ရဲဘော်ဘယ်နှယောက် ခြေလက်အင်္ဂါဆုံးရှုံးလိုက်တယ်၊ ရဲဘော် ဘယ်နှယောက် ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ နာကျင်ရတဲ့ အရှိတရားတွေ ရှိနေပါတယ်။

အခြားလူတော့ မသိဘူး၊ ကိုယ်ကတော့ တကယ့်အောင်ပွဲဆိုတာ ကိုယ့်ရဲဘော်တွေ အထိအရှ အနည်းဆုံးနဲ့ အောင်မြင်ပြန်လာနိုင်တာပါပဲ။

ကျည်ကာအတွက် ထောက်ပို့ကြပါဦးလို့ တဆာဆာ ပြောနေရတာ မပြောလည်း မပြောချင်သလို အားလည်း နာပါတယ်။ ဒီမြေပြင်ရဲဘော်လေးတွေက ငါ့အကိုသာ ငါ့မောင်သာဆိုရင် အကာအကွယ်မရှိ ထားရက်သလား၊ လုံခြုံမှုတစ်ခုခု ပေးချင်သလား။ ဒီစိတ်ကြောင့်ပါပဲ။

ကိုယ်တစ်ယောက်တည်း ကောင်းဖို့လောက်က ဒီလောက်ကြိုးကုတ် အားထုတ်နေစရာမှ မလိုတာ။

Project Armor 2 မှာ ပါဝင်မယ်ဆိုရင် အောက်ပါပေ့ချ်လင့်ချက်ဘောက်ကနေ ဆက်သွယ်ပါရှင်။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d