Get Mystery Box with random crypto!

ပန်ဆယ်လို

የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 219.38K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 7

2024-04-09 21:05:29 လက်ဖက်ခြောက် ကျပြီးလား၊
မကျသေးဘူးလား။

မြန်မြန်ကျတော့လေ
လက်ဖက်ရည် သောက်ချင်လှပြီ။
66.5K views18:05
ክፈት / አስተያየት ይስጡ
2024-04-09 16:53:40 လက်ဖက်ခြောက်အနေနဲ့ အားနာသမှုတော့ ရှိသင့်တယ်။

ဒီလောက် ကျဲပေးနေတာ
နည်းနည်းပါးပါးတော့ တေပေးသင့်တာပေါ့။

ကြိုးကွင်းပဲ စောင့်မယ်ဆိုရင်တော့ သဘော။

69.5K viewsedited  13:53
ክፈት / አስተያየት ይስጡ
2024-04-09 09:09:12 မြန်မာပြည်ကနေ မြန်မာပြည်ကိုသွားဖို့ မဲဆောက်လေဆိပ်ကိုဆင်းရတဲ့ကိစ္စကို ကြည့်ရင် ကိုယ်တော့ သိပ်ဝမ်းသာအားရမိတာပဲ။

ဆိုလိုတာက ဒီကောင်တွေမှာ မြဝတီထိ ဆင်းဖို့ လုံခြုံရေးအခြေအနေ လုံးဝမရှိတော့တာကို မျက်ဝါးထင်ထင် မြင်ရတဲ့ အခြေအနေပဲ။

ကုန်းလမ်းကတော့ စကားထဲ ထည့်ပြောနေစရာကို မလိုတော့တာ။ ရဟတ်ယာဉ်တွေ တစ်ပုံကြီးရှိတာပဲ။ ဒါပေမယ့် ပွိုင့်ဖိုက်တွေ၊ လေယာဉ်ပစ်တွေကြောင့် စိတ်တောင် မကူးရဲဘူး။ ဒါ့ကြောင့် ထိုင်းကို တကူးတက နိုင်ငံတော်ကိစ္စကြီးတစ်ခုလို ခွင့်တောင်းပြီး မဲဆောက်လေဆိပ်ကို ဆင်းရတာ။

ဒါသည်ပင် တော်လှန်ရေး ဘယ်အထိရောက်နေပြီလဲဆိုတဲ့ အခြေအနေပဲ။ စစ်တပ်ပါးစပ်က တစ်သက်လုံးစွဲကိုင်ခဲ့တဲ့ အချုပ်အခြာအာဏာ တည့်တံ့ခိုင်မြဲရေးဆိုတာမှာ တည်လည်းမတည်တံ့ ခိုင်လည်းမခိုင်မြဲတဲ့အပြင် ရှိကိုမရှိတော့တာဆိုတဲ့ သဘောပဲ။

အချုပ်ပြောရရင် ဒီကိစ္စဟာ နိုင်ငံတကာသိ စကစ ချပြလိုက်ရတဲ့ အရှုံးဆိုတာပဲ။

အရှုံးချင်းထပ်နေတဲ့ အရှုံးသမားစစ်တပ်။
17.7K views06:09
ክፈት / አስተያየት ይስጡ
2024-04-09 08:58:24
ဒီနေ့ည ၈နာရီခွဲမှာ Project Armor 2 အတွက် စကားဝိုင်းလေး ရှိပါမယ်ရှင်။

မြေပြင်ရဲဘော်များရဲ့ စကားသံနဲ့အတူ အားအင်ပေး အားအင်ယူကြဖို့ အချိန်ရမယ်ဆိုရင် နားထောင်ပေးကြပါဦးနော်။

Project Armor 2 မှာလည်း ပါဝင်ပေးကြပါဦးရှင်။
18.5K views05:58
ክፈት / አስተያየት ይስጡ
2024-04-09 04:15:42 သိပ်ကြောက်သွားလား မစိုးဝင်း

ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ
ရေချိုးမလို့ပါ။
33.1K views01:15
ክፈት / አስተያየት ይስጡ
2024-04-09 03:38:36 အတာတောင် မကြိုချင်ဘူး
အတို ကြာသွားမှာစိုးလို့။

ဟိုအတိုကောင် ကြာနေမှာစိုးတာ
33.6K views00:38
ክፈት / አስተያየት ይስጡ
2024-04-09 02:15:03 US က ဆရာဝန်ကြီးများ၊ ဆူရှီသူဌေးကြီးများ၊ အမိမြန်မာပြည်ကို လွတ်မြောက်စေချင်တဲ့ တော်လှန်ပြည်သူများတို့ရေ

တော်လှန်ရေးအစ ကနဦးတည်းက ရဲရင့်ခဲ့တဲ့ ချင်း၊စစ်ကိုင်းဆုံရာနယ်မြေ ကလေးဒေသ တပ်ရင်းတပ်ခွဲများအတွက် ကျည်ကာ၊ Vest, Helmet, Equipment အစုံအလင် တပ်ဆင်ပေးဖို့ရာအတွက် Project Armor2 မှာ ပါဝင်ထောက်ပို့ပေးကြပါဦးရှင်။

ရဲဘော်တွေအတွက် သက်ကယ်အလှူဖြစ်သလို ဇီဝိတဒါနလည်း မြောက်ပါတယ်။ အချိန်ကာလများစွာပေးပြီး လေ့ကျင့်ထားတဲ့ လူငယ်ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို အထိုက်အလျောက်ကာကွယ်နိုင်ဖို့ပါ။

ကျွန်မတို့အားလုံး မြန်မာပြည်ပြန်ပြီး ကျည်ဆန်တွေကြား တိုက်ပွဲဝင်ဖို့ မဖြစ်နိုင်ပါဘူး။ စစ်ဖိနပ်အောက်ကလွတ်မြောက်ဖို့ အသက်ကိုရင်း တိုက်ပွဲဝင်မယ့် လူငယ်လူရွယ်တွေကို ထောက်ပို့ပါဝင်ခြင်းဟာလည်း တော်လှန်ရေးရဲ့ ဝန်ကို ထမ်းခြင်းပါပဲ။

USAအတွက် Zelle ကနေ လွှဲနိုင်ပါတယ်ရှင်။အထူးဂရုပြုပေးရမှာက Description မှာ *ဘာမှ မရေးခြင်း*နဲ့ ကူညီပေးပါရှင်။

mshhusa@gmail.com
Name-Myanmar Spring Helping Hands
36.3K views23:15
ክፈት / አስተያየት ይስጡ
2024-04-08 06:31:23 စလုံးက အယ်ကို အယ်မတို့ရေ
ကျည်ကာလေးဖက် လှည့်ပေးကြပါဦးနော်။

လကုန်ပြီး တစ်ပတ်ဆိုတော့လေ
ခွဲတမ်းလေး မကျန်တော့မှာ စိုးလို့ပါ။
ရဲဘော်တွေကို နှုတ်ကျွံထားတာ
လက်လွန် ကြက်သွန်တွေ ဖြစ်ကုန်ပြီဆိုတော့
စထရက်စ်တွေလည်း အဇမ်းပိနေပါပြီ။

ချက်ဘောက် အားမနာတမ်းလာကြနော်။
50.0K views03:31
ክፈት / አስተያየት ይስጡ
2024-04-08 06:00:53 မဲဆောက်ထိ လေယာဉ်ကြီးနဲ့ လာသယ်တယ်ဆိုတော့ သူတို့ကောင်တွေ လာကယ်တယ်ပေါ့လေ။

ဘယ်ဟုတ်မလဲ
ငွေထုတ်ကြီးတွေ မ,ပြီး ပြန်သွားသတဲ့။

သာဓု သာဓု သာဓု
50.2K views03:00
ክፈት / አስተያየት ይስጡ
2024-04-08 04:35:59 ကိုယ့်စိတ်ထဲမှာ အကောင်နှစ်ကောင် ရှိတယ်။ တစ်ကောင်က အတော်ဆိုးတယ်။ တစ်ကောင်က အတော်ကောင်းတယ်။ အဲ့နှစ်ကောင်ဟာ အမြဲတိုက်ခိုက်နေကြရတယ်။ တခါတရံ ဆိုးတဲ့ကောင် နိုင်တယ်။ တခါတရံ ကောင်းတဲ့ကောင် နိုင်တယ်။

ကိုယ်ဟာ အမြဲ အစွန်းနှစ်ဖက်ကို ရောက်နေဖို့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ ကောင်စားမျိုးပဲ။ လူတွေဟာ ကိုယ့်အပေါ် အမြဲ အမြင်နှစ်မျိုးရှိကြတယ်။ ကိုယ်က ကိုယ်ဆိုးဖို့ ရွေးချယ်လိုက်တဲ့ဘက်အတွက် အတော်ဆိုးတဲ့ကောင် ဖြစ်ပြီး ကိုယ်ကောင်းဖို့ ရွေးချယ်တဲ့ဘက်မှာလည်း အတော်ကောင်းတဲ့ကောင်ဖြစ်တယ်။ ဒါ့ကြောင့် ကိုယ့်ကို မုန်းတဲ့လူတွေကလည်း အသေအလဲကို မုန်းကြတာဖြစ်ပြီး ကိုယ့်ကိုချစ်တဲ့လူတွေကလည်း အတော်လေး ချစ်ကြတယ်ဆိုရမယ်။

ကိုယ်နဲ့အပြင်မှာ ဆယ်စုနှစ်တစ်ခု ခင်ကြပြီး Online မှာ ကိုယ့်ဖြစ်တည်မှုကို အရမ်းအမြင်ကပ်တဲ့ အချစ်ခဲ့ဆုံးသူငယ်ချင်းက ပြောဖူးတယ်။ ငါနင့်ဆီမှာ တစ်ခါမှ ပန်ဆယ်လိုရဲ့ ပုံသဏ္ဍာန်ကို မမြင်ဖူးခဲ့ဘူးတဲ့။ နင်က ငါကောင်းဖို့ ရွေးချယ်ခဲ့တဲ့ဘက်ခြမ်းလေလို့ ကိုယ်ပြောခဲ့ဖူးတယ်။

ကိုယ့်အမြင်ကတော့ လူကောင်းလူဆိုးဆိုတာ မရှိလှဘူးရယ်။ လူတိုင်းရဲ့ အတွင်းထဲမှာ အကောင်နှစ်ကောင် ရှိနေကြတာ။ ဆိုးတဲ့ကောင်ကို များများသတ်နိုင်ရင် လူကောင်းဖြစ်မယ်။ ကောင်းတဲ့ကောင်ကို များများသတ်နိုင်ရင်တော့ လူဆိုးဖြစ်တယ်။ ကိုယ်ကတော့ တချိန်တည်းမှာပဲ ဘက်ခြမ်းခွဲပြီး ကိုယ့်အကောင်တွေကို လိုအပ်သလို လွှတ်ပေးတတ်တဲ့ အရေခွံနှစ်ထပ်နဲ့ကောင်စားမျိုးပေါ့။

ဒီကာလဆိုးကြီးထဲမှာ ကိုယ်လည်း အသက်မသေရုံပါပဲ။ တခါတလေ ဖေဖော်ဝါရီ၁ ရက်နေ့ကတည်းက အဖမ်းခံရပြီး အသတ်ခံလိုက်ရတာမှ ပိုသက်သာဦးမယ်လို့ မကြာခဏ တွေးဖြစ်တာပါပဲ။ ဒီကာလထဲမှာ ကိုယ့်အတွင်းထဲက ဆိုးတဲ့ကောင်ရဲ့ ခေါင်းထောင်ထမှုတွေဟာ မကြာခဏပဲ။

ပျော်နေတဲ့လူတွေကို မြင်ရင် သူတို့က ဘာတွေများ ပျော်နေကြတာပါလိမ့်လို့ တွေးဖြစ်တယ်။ ဘာမဟုတ်တာလေးနဲ့ ပျော်နိုင်လိုက်ကြတာဆိုပြီး မနာလိုတယ်။ ငါကရောလို့ တွေးပြီး ဒေါသထွက်လာတယ်။ အဲ့လူတွေ အကုန်သေကုန်ရင်ကောင်းမယ်ဆိုတာမျိုးတွေအထိ တွေးမိလာတယ်။

စာနဲ့ရေးပြလို့သာ ကြာတာပါ။ စက္ကန့်တစ်ခု လက်ဖျစ်တစ်တွတ်မှာပဲ ဖြစ်လာလိုက် ပျက်သွားလိုက် အတွေးတွေပဲ။

ကိုယ့်ကိုယ်ကိုယ် တွေးဖြစ်တယ်။ ငါ ဘဝမှာ ဆိုးတဲ့ကောင်ကိုပဲ သတ်လာခဲ့တာ၊ ငါဟာ အတိုင်းအတာတစ်ခုထိ လူကောင်းဖြစ်ခဲ့တာပဲ။ ဘာဖြစ်လို့ ငါ့ဆီမှာမှ တိုးဝင်တိုက်ချလာတဲ့ လောကဓံတွေက ဒီလောက်များရတာလဲပေါ့။ ကောင်းတဲ့ကောင်က ဘာစောက်ကောင်းကျိုးမှ မပေးတော့ဘူးလားပေါ့။

နေ့စဉ်တိုင်းမှာ ဖုန်းစခရင်ကို ဖောက်ထွက်ပြီး စင်လာတဲ့ သွေးတွေ။ အာဏာသိမ်းခံရတုန်းက ကိုယ့်ဇောနဲ့ကိုယ် ဘဝပျက်သလို မခံစားရဘဲ တော်လှန်ရေးလုပ်မှ တရိရိဘဝပျက်သလို ခံစားလာရတဲ့ အချိန်တွေပဲ။

ဒီသုံးနှစ်တာမှာ ဆိုးတဲ့ကောင် ခေါင်းထောင်လာချိန်တွေ များပေမယ့် ခဏလေးမှ စိတ်လွတ်မခံခဲ့ဘူး။ ရူးသွားလောက်တဲ့အရာတွေကို ပြန်လည်ဖောက်ခွဲဖို့အတွက် ဟိုကောင်တွေကို ဘက်ခြမ်းရွေးပြီး တိတိပပပြန်ဆိုးနိုင်ဖို့ပဲ ရွေးချယ်ခဲ့တာ။

ရူးသွားတယ်လို့ တွေးမိတာပါပဲ။ သုံးနှစ်လုံး တစ်ရက်မပြတ် ဒီစိတ်နဲ့ နေနိုင်ဖို့၊ ဒီကောင်တွေကို တစ်ခုမဟုတ်တစ်ခု အဆိုးတွေပေးနိုင်ဖို့ဆိုတဲ့စိတ်နဲ့ လုပ်ခဲ့တာတွေဟာ ရူးနေတာမှ မဟုတ်ရင် လုပ်နိုင်မှာမှ မဟုတ်တာ။

တခါတရံ ကိုယ့်ကို ကျေးဇူးတင်ကြောင်း လာပြောရင် ကိုယ်စိတ်မလုံဘူး။ ကိုယ်က ချစ်ခြင်းမေတ္တာနဲ့ လုပ်နေတဲ့ကောင်မှ မဟုတ်တာ။ ကိုယ်က အမုန်းတရားနဲ့ နာကျည်းမှုအတွက် အရူးစိတ်နဲ့ လုပ်နေတဲ့ကောင်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတာက ကိုယ်က ဦးနှောက်သုံး ခံစားချက်ထိန်းရတဲ့ စစ်ရေး၊ နိုင်ငံရေးမှာ ဘယ်တော့မှ ဝင်မပါတာပဲ။ ဝင်ဆရာ မလုပ်ဘူး၊ ဝင်မစွက်ဖက်ဘူး၊ ဝင်အာရုံမနောက်ဘူး။ ကိုယ့်ကို တိုက်ရိုက်ထိစေတဲ့ Dragonfly လို ကိစ္စမျိုးမှာတောင် ဝင်ပါလို့ရလျက်နဲ့ မပါခဲ့ဘဲ ကိုယ့်စိတ်ကိုယ်ချိုးနှိမ်ခဲ့တာ။ ဒါ့ကြောင့်ပဲ ရလဒ်ကောင်းတွေ ရှိလာနိုင်တာ။ ဟိုကောင်တွေ ဆွသမျှ စိတ်လိုလက်ရသာ စိတ်ကို လွှတ်ပေးလိုက်လို့က ပြည်သူ့ပိုက်ဆံ ၂.၂ သန်းက ကိုယ်လျှောက်ပြောတာနဲ့တင် အဟောသိခံဖြစ်တော့မှာ။

ဒီလောက်အရူးစိတ်တွေ အပြည့်အနှက်နဲ့ကောင်မှာ ထိန်းသိမ်းနိုင်စိတ်က အခုထိ တစ်စက္ကန့်လေးတောင် လွတ်ထွက်မသွားသေးဘူးပဲ။ မွန်းကြပ်လွန်းလာရင် ရိုလာကိုစတာစီးရင် မကြောက်ဘဲ အသံအကျယ်ကြီးနဲ့ အော်ပစ်လိုက်တာမျိုးလောက်ပဲ ရှိသေးတယ်။ မူးယစ်စေတဲ့အရာတွေ ကြိုက်ပေမယ့် Legal သုံးလို့ရနေတဲ့နေရာမှာ မူးယစ်ဆေးမပြောနဲ့ အရက်မူးအောင်တောင် ဒီသုံးနှစ်လုံး တစ်ရက်လေးမှ မသောက်ခဲ့ဖူးဘူး။

ဒီလောက်ရူးနေတဲ့ကောင်ကိုမှ ပြင်ပဘဝထိ တည့်တည့်ကြီး လာမှားကြသူ သုံးယောက်လောက်ကလည်း ရှိခဲ့သေးတယ်။ ခြေမွှပစ်လိုက်ဖို့ ကျွတ်ကျွတ်အိတ်လောက်တောင် မခက်ခဲတဲ့ဟာတွေကိုလည်း ငါလုပ်လိုက်ရဟာဆိုတာလောက်နဲ့ ကျော်ချပေးဖို့ ကိုယ့်ဆိုးတဲ့ကောင်နဲ့ အပြန်အလှန်သတ်ရတာ အလူးအလဲပဲ။

ဘဝမှာ လူဆိုးဖြစ်လိုက်ဖို့က စက္ကန့်ပိုင်းလောက်ပဲ လိုတယ်။ လူကောင်းဖြစ်ဖို့အတွက်ကတော့ တစ်ဘဝလုံးကြာတယ်ထင်ရဲ့လေ။
50.7K views01:35
ክፈት / አስተያየት ይስጡ