Get Mystery Box with random crypto!

မြန်မာပြည်ကနေ မြန်မာပြည်ကိုသွားဖို့ မဲဆောက်လေဆိပ်ကိုဆင်းရတဲ့ကိ | ပန်ဆယ်လို

မြန်မာပြည်ကနေ မြန်မာပြည်ကိုသွားဖို့ မဲဆောက်လေဆိပ်ကိုဆင်းရတဲ့ကိစ္စကို ကြည့်ရင် ကိုယ်တော့ သိပ်ဝမ်းသာအားရမိတာပဲ။

ဆိုလိုတာက ဒီကောင်တွေမှာ မြဝတီထိ ဆင်းဖို့ လုံခြုံရေးအခြေအနေ လုံးဝမရှိတော့တာကို မျက်ဝါးထင်ထင် မြင်ရတဲ့ အခြေအနေပဲ။

ကုန်းလမ်းကတော့ စကားထဲ ထည့်ပြောနေစရာကို မလိုတော့တာ။ ရဟတ်ယာဉ်တွေ တစ်ပုံကြီးရှိတာပဲ။ ဒါပေမယ့် ပွိုင့်ဖိုက်တွေ၊ လေယာဉ်ပစ်တွေကြောင့် စိတ်တောင် မကူးရဲဘူး။ ဒါ့ကြောင့် ထိုင်းကို တကူးတက နိုင်ငံတော်ကိစ္စကြီးတစ်ခုလို ခွင့်တောင်းပြီး မဲဆောက်လေဆိပ်ကို ဆင်းရတာ။

ဒါသည်ပင် တော်လှန်ရေး ဘယ်အထိရောက်နေပြီလဲဆိုတဲ့ အခြေအနေပဲ။ စစ်တပ်ပါးစပ်က တစ်သက်လုံးစွဲကိုင်ခဲ့တဲ့ အချုပ်အခြာအာဏာ တည့်တံ့ခိုင်မြဲရေးဆိုတာမှာ တည်လည်းမတည်တံ့ ခိုင်လည်းမခိုင်မြဲတဲ့အပြင် ရှိကိုမရှိတော့တာဆိုတဲ့ သဘောပဲ။

အချုပ်ပြောရရင် ဒီကိစ္စဟာ နိုင်ငံတကာသိ စကစ ချပြလိုက်ရတဲ့ အရှုံးဆိုတာပဲ။

အရှုံးချင်းထပ်နေတဲ့ အရှုံးသမားစစ်တပ်။