Get Mystery Box with random crypto!

ဒီရက်ထဲ ကျွန်မနာမည်နဲ့ လိုက်လုပ်စားနေတဲ့ ပေ့ချ်အတု၊ အကောင့်အတု | ပန်ဆယ်လို

ဒီရက်ထဲ ကျွန်မနာမည်နဲ့ လိုက်လုပ်စားနေတဲ့ ပေ့ချ်အတု၊ အကောင့်အတုတွေ အတော်သောင်းကျန်းနေပါတယ်။ Telegram အတုတောင် ပါပါသေးတယ်။

အသေးစိတ်တွေ ပြောမနေတော့ပါဘူး။ အတိုပဲ ပြောပါ့မယ်။ ကျွန်မပေ့ချ်ဟာ အသစ်ဖွင့်ထားရပြီး Blue Mark မပါပေမယ့် Follower လေးသိန်းကျော်ရှိပါတယ်။ ပိုစ့်သိပ်မတင်ဖြစ်တဲ့ အကောင့်က Follower ၁သန်းကျော်ရှိပါတယ်။ Follwer ၂သိန်းကျော် တယ်လီဂရမ်ချန်နယ်တစ်ခုရှိပါတယ်။ အဲ့ဒီ့ပေ့ချ်တစ်ခု၊ အကောင့်တစ်ခု၊ ချန်နယ်တစ်ခုကလွဲရင် အခြားပေ့ချ်တွေ၊အကောင့်တွေ၊ဂရုတွေ တစ်ခုမှ ကျွန်မနဲ့ မသက်ဆိုင်ပါ။

ဘယ်သူ့ကိုမှ ချက်ဘောက်က စာပို့အလှူခံတာမျိုး လုံးဝမရှိတာမို့ ကျွန်မနာမည်နဲ့ ချက်ဘောက်က လာအလှူခံရင် အတုပါ။ Kpay လုံးဝမသုံးတာမို့ Kpay အကောင့်ပေးလာရင် အတုပါ။

Telegram ကလည်း ချန်နယ်အနေနဲ့ပဲ သုံးပါတယ်။ Comment တောင် Reply မလုပ်ပါ။ ချက်ဘောက်လည်း မသုံးပါ။ Telegram ကနေ ကျွန်မနာမည်နဲ့ လာစကားပြောပြီး အလှူခံရင် အတုပါ။

တော်လှန်အသိ၊ တော်လှန်သတိလေး ရှိကြပါ။ ငွေဆုံးရှုံးတာထက် လူပါ အန္တရာယ်ရှိတာမို့ အထူးသတိပြုပေးကြပါ။