Get Mystery Box with random crypto!

တော်လှန်မိတ်ဆွေတို့ရေ ကြိုတင်အသိပေးထားတဲ့ Project Armor 2 စတင် | ပန်ဆယ်လို

တော်လှန်မိတ်ဆွေတို့ရေ
ကြိုတင်အသိပေးထားတဲ့ Project Armor 2 စတင်ပါပြီ။

အခုပရော့ဂျက်ကတော့ ကလေးခရိုင် တပ်ရင်းတပ်ဖွဲ့များကို ကျည်ကာ၊ ဟဲလ်မက် Equipment အပြည့်အစုံ တပ်ဆင်နိုင်ရန် ပြုလုပ်တဲ့ Project ဖြစ်ပါတယ်။

ကလေးခရိုင်တပ်ရင်းတပ်ခွဲများမှာ အသုံးပြုမယ့် ကျည်ကာပြားရှေ့နောက်၊ Vest, Helmet တစ်စုံစာတန်ဖိုးကတော့ USD350 ဖြစ်ပါတယ်။ တစ်စုံစာဖြစ်စေ၊ ဆယ်စုံစာဖြစ်စေ၊ နိုင်သလောက်ဖြစ်စေ ကန့်သတ်ထားခြင်းမရှိဘဲ မိမိတတ်နိုင်သလောက် ပါဝင်နိုင်ပါတယ်။

မြေပြင်ရဲဘော်တွေ ထိခိုက်ကျဆုံးတဲ့အခါ အများစုသေဆုံးရခြင်းအကြောင်းက ရင်ဘတ်နဲ့ ဦးခေါင်းကို ထိခိုက်တာကြောင့်ဖြစ်ပါတယ်။ ဒီကျည်ကာအစုံတပ်ဆင်လိုက်နိုင်ခြင်းဟာ ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်ဆိုတာ အားလုံးမျက်မြင်ပါပဲ။

Project Armor 1 ရဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မှုတွေကိုလည်း ထောက်ပို့ပြည်သူတွေ သိမြင်ကြပြီးဖြစ်တဲ့အတွက် Project Armor 2 မှာလည်း ထပ်မံအားဖြည့်ပါဝင်ပေးကြဖို့ မြေပြင်ရဲဘော်တွေကိုယ်စား လှုံ့ဆော်ပါရစေ။

အောက်မှာ Link ပေးထားတဲ့ပေ့ချ် ချက်ဘောက်ကနေ သက်ဆိုင်ရာနိုင်ငံပြော၊ ဘဏ်အကောင့်တောင်းယူပြီး လာရောက်ပါဝင်နိုင်ပါပြီ။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d