Get Mystery Box with random crypto!

US ကအမျိုးတို့ရေ Project Armor 1 မှာ ပါဝင်မှုများခဲ့သလောက် အခု | ပန်ဆယ်လို

US ကအမျိုးတို့ရေ
Project Armor 1 မှာ ပါဝင်မှုများခဲ့သလောက် အခု Project Armor 2 မှာ လူသိပ်မသိကြသေးလို့ပဲလားမသိ ပါဝင်မှု အတော်နည်းနေပါသေးတယ်။

ကျွန်မတို့ တစ်ရက်စာလုပ်အားခလောက် ပေးပို့ပါဝင်လိုက်တဲ့ ပါဝင်မှုကနေ ဖြစ်လာမယ့် ကျည်ကာတွေက မြေပြင်ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို အများကြီး ကာကွယ်ပေးနိုင်ပါတယ်။

ကျည်ကွယ်မျက်ကွယ်က လုပ်အားတွေက ကျည်ကြားဗုံးကြားက တော်လှန်လူငယ်တွေရဲ့ အသက်ပေါင်းများစွာကို ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် Project Armor 2မှာ ပါဝင်အားဖြည့်ပေးကြပါဦးနော်။

ချက်ဘောက်ကနေ ဆက်သွယ်ပါဝင်နိုင်ပါတယ်ရှင်။