Get Mystery Box with random crypto!

အမိမြေအတွက် တစ်ရက်စာ Project မှာ လုပ်အားခ တစ်ရက်တာ ထောက်ပို့ထာ | ပန်ဆယ်လို

အမိမြေအတွက် တစ်ရက်စာ Project မှာ လုပ်အားခ တစ်ရက်တာ ထောက်ပို့ထားကြတဲ့ ထောက်ပို့ပြည်သူတွေကို တစ်ခုလောက် တင်ပြခွင့်တောင်းပါရစေ။

ကျွန်မရဲ့ Project အလီလီမှာ မြေပြင်တိုက်ခိုက်ရေး တပ်ရင်းတပ်ဖွဲ့များကို အဓိက ထောက်ပံ့ဖြစ်တာ အားလုံးအသိပါပဲ။ ဒီတစ်ခေါက် အမိမြေအတွက်တစ်ရက်စာProject ထဲက သိန်းငါးရာကို တိုက်ခိုက်ရေးမဟုတ်တဲ့ လိုအပ်ချက်တစ်ခုမှာ ထောက်ပို့ချင်ပါတယ်။

အဲ့လိုအပ်ချက်ကတော့ တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရှာတဲ့ ရဲဘော်တွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့လေး အနည်းငယ်လေးပဲဖြစ်စေ အသုံးဝင်အောင် ထောက်ပံ့ကူညီဖို့ပါ။ ဒီ့အတွက် သိန်းငါးရာ ပေးပို့ပါရစေ။ လက်လှမ်းမီသလောက် စာရင်းကောက်ထားတဲ့ အရေအတွက်အရ တစ်ဦးကို သိန်းဂဏန်း အနည်းငယ်လောက်သာ ထောက်ပံ့နိုင်မှာ ဖြစ်ပေမယ့် တစ်စုံတစ်ရာ အားအင်ဖြစ်စေဖို့အတွက်ပါ။ သူတို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုကို ပြည်သူတွေက မမေ့လျော့ကြောင်း ခံစားမိစေချင်တဲ့အတွက်ပါ။

Project ပြုလုပ်စဉ်က တိုက်ခိုက်ရေးအတွက်လို့ပဲ ပြောထားမိပြီး ဒီခေါင်းစဉ်မပါတဲ့အတွက် သီးသန့်ခွင့်တောင်းခြင်းဖြစ်ပါတယ်။

ဒေသတစ်ခုက ရလာတဲ့စာရင်းကို ကြည့်ရင်း တကယ် အသဲကွဲပါတယ်။ အသက်အရွယ်အားဖြင့် ၁၈နှစ်ကနေ ၂၅နှစ်ကြား လူငယ်တွေ။ တော်လှန်ရေးအောင်ရင်တောင် ပြန်မရနိုင်တော့တဲ့ ခြေလက်အင်္ဂါအစိတ်အပိုင်းတွေ။

သူတို့ရဲ့ ရင်းနှီးပေးဆပ်ခဲ့ရမှုတွေကို စိတ်ဓါတ်ကျချင်လာတိုင်း ပြန်ရှက်ပါ့မယ်လို့ သံန္ဒိဌာန်ပြုပါတယ်။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမယ်။