Get Mystery Box with random crypto!

လောကဓံကို အရှုံးပေးဖို့ စဉ်းစားဖူးလားဆိုတော့ အမြဲလိုလို စဉ်းစာ | ပန်ဆယ်လို

လောကဓံကို အရှုံးပေးဖို့ စဉ်းစားဖူးလားဆိုတော့ အမြဲလိုလို စဉ်းစားဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့အထိ နိုင်အောင်တိုက်လာခဲ့တာပဲဆိုတဲ့အတွေးကြောင့် အလွယ်လေး အရှုံးမပေးနိုင်တာပါ။

ဒီအချိန်ထိ လောကဓံလက်သီးချက်တွေကြား ကုတ်ကပ်ရှင်သန်ခဲ့သမျှကို အသိအမှတ်ပြုသောအားဖြင့် အလွယ်မသေလိုက်နိုင်တာလို့ပဲ ပြောရမယ်။

အခက်အခဲတွေ ကြုံလာရင် အခက်အခဲတွေကို ရင်ဆိုင်တာ ငါအကျွမ်းကျင်ဆုံး အလုပ်ပဲ၊ နင်က ဘယ်လောက်ခက်နိုင်မှာမို့လဲလို့ပဲ တွေးဖြစ်တော့တယ်။