Get Mystery Box with random crypto!

တိုက်ပွဲထွက်မယ့် ရဲဘော်တစ်ယောက်ဟာ ကျည်ကာEquipment အစုံအလင်ဝတ်ဆ | ပန်ဆယ်လို

တိုက်ပွဲထွက်မယ့် ရဲဘော်တစ်ယောက်ဟာ ကျည်ကာEquipment အစုံအလင်ဝတ်ဆင်ပြီးရင် အလေးချိန် အချိန်၁၀လောက်ကို ထမ်းထားရပါတယ်။

အခု Project Armor 2.0 က တပ်ဆင်ပေးမယ့် ကျည်ကာပြားတွေဟာ တစ်ချပ်ကို နှစ်ပိဿာလောက် လေးပါတယ်။ ရှေ့တစ်ချပ်၊ နောက်တစ်ချပ်နဲ့ Vest အပါ လေးပိဿာကျော် ငါးပိဿာလောက် လေးပါတယ်။ ပစ်အားပြင်းကျည်အစစ်တွေနဲ့ အသေအချာစမ်းသပ်ထားပြီးသာ Certified တွေ ဖြစ်ပါတယ်။

တိုက်ပွဲမှာ အသုံးပြုဖို့ ကျည်ဟာ ရဲဘော်တစ်ယောက်ကို ကျည်နှစ်ရာနဲ့ သုံးရာကြား သယ်ရပါတယ်တဲ့။ ကိုင်ထားတဲ့ လက်နက်၊ အသီးစတာတွေအပြင် ရေဘူး၊ ဓါးစတာတွေပါ ထည့်တွက်ရင် ဘယ်လောက်လေးလံတယ်ဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်။

ကျည်ကာအပြည့်ဝတ်ဆင်ထားတဲ့ ရဲဘော်ဟာ Battle ဆိုင်ကြပြီဆိုရင် ဘာမှမဝတ်ထားတဲ့ ရဲဘော်ထက် Confidence ပိုပါတယ်။ ပိုတက်ရဲ ပိုတိုက်ရဲပါတယ်။ အသက်အန္တရာယ်ဖြစ်နိုင်ချေကလည်း အများကြီး သက်သာပါတယ်။ PDF ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို လျှော့ချနိုင်ဖို့ ကျည်ကာတွေ မဖြစ်မနေ လိုအပ်တာကြောင့် Project Armor ဆိုတာ ဖြစ်ပေါ်လာခဲ့တာပါ။

မြေပြင်မှာ ပန်းနဲ့ပေါက်နေတာမဟုတ်ပါဘူး။ သေနတ်နဲ့ပစ်နေကြတာပါ။ ကိုယ့်ဘက်က ရဲဘော်တွေ ထိခိုက်မှ ကျဆုံးမှ ဝမ်းနည်းကြေကွဲကြရတာထက် ထိခိုက်ကျဆုံးမှု နည်းပါးအောင် ကာကွယ်ကြပါမယ်။ ဘေးကင်းပါစေလို့ ဆုတောင်းမယ့်အစား ဘေးကင်းအောင်ဆင်ယင်ဖို့ ပါဝင်ပေးတာက လက်တွေ့ကျအလုပ်ဖြစ်ပါတယ်။

ဒါ့ကြောင့် Project Armor 2.0 မှာ အားဖြည့်ပါဝင်ပေးကြပါဦးနော်။

ဒီပေ့ချ်ရဲ့ ချက်ဘောက်ကနေ ဆက်သွယ်လိုက်ပါရှင်။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d