Get Mystery Box with random crypto!

ဒီနေ့ သင်္ကြန်အကျနေ့ဟာ ကျွန်မရဲ့ အသက်(၃၃)နှစ်ပြည့် မွေးနေ့ဖြစ် | ပန်ဆယ်လို

ဒီနေ့ သင်္ကြန်အကျနေ့ဟာ ကျွန်မရဲ့ အသက်(၃၃)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။မွေးနေ့ပဲဖြစ်ဖြစ်၊ သင်္ကြန်အကျနေ့ပဲဖြစ်ဖြစ် ဒီတော်လှန်ရေးထဲမှာ ဖြတ်သန်းရှင်သန်ရင်း အသက်တစ်နှစ်ပိုကြီးသွားတဲ့ သာမန်နေ့စွဲတွေထဲက တစ်နေ့ပါပဲ။

ဒီသုံးနှစ်တာကာလမှာ နိုင်သမျှဝန်ဆိုတာထဲက အပေါ့ဆုံးဝန်ကို ရွေးထမ်းတဲ့လူစား မဖြစ်အောင် တတ်စွမ်းသမျှ အားကုန်ကြိုးစားခဲ့ပါတယ်။ အတိုက်အခိုက်တွေ၊ အဆိုးလောကဓံတွေကိုလည်း ရင်ဖွင့်ခံယူခဲ့ပါတယ်။ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကြိုးစားခဲ့ပါတယ်။ ဒီနေ့မှာတော့ ကိုယ့်ကိုယ်ကိုယ် ပေးဖြစ်တဲ့ လက်ဆောင်ကတော့ “နင်တောင့်ခံဖြတ်သန်းနိုင်ခဲ့တယ်” လို့ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုဖြစ်တာပါပဲ။

ကိုယ့်မွေးနေ့မှာ မွေးနေ့လက်ဆောင်တစ်ခုတော့ တောင်းချင်ပါတယ်။ အခြားတော့ မဟုတ်ပါဘူး။ လက်ရှိပြုလုပ်နေတဲ့ ကလေးခရိုင်တပ်ရင်းတပ်ခွဲများကို အသက်ကယ်ကျည်ကာအစုံတပ်ဆင်မယ့် Project Armor 2 မှာ ပါဝင်ပေးကြဖို့ပါပဲ။

ကိုယ့်ကြိုးစားမှုတိုင်း ဖြစ်မြောက်လာအောင် ဖြည့်ဆည်းရုန်းကန်ပေးကြတဲ့ တော်လှန်ပြည်သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

အမှန်တကယ် ကူးပြောင်းတဲ့အခါမှ ပျော်ရွှင်စရာသကြင်္န်၊ ပျော်ရွှင်စရာမွေးနေ့ဖြစ်နိုင်မှာမို့ ဒီနေ့ကတော့ တော်လှန်သင်္ကြန်၊ တော်လှန်မွေးနေ့ပါ။

ဆက်ဆက်ပြန်ဆုံကြပါမယ်။

မွေးနေ့လက်ဆောင်အဖြစ် Project Armor2 မှာ ပါဝင်ရန်

https://www.facebook.com/PenciloWriter?mibextid=LQQJ4d