Get Mystery Box with random crypto!

ဒီကာလထဲက ရလာတဲ့ အကျင့်တစ်ခုရှိတယ်။ ဘာပဲဖြစ်ဖြစ် လက်ခံတတ်လာတာပဲ | ပန်ဆယ်လို

ဒီကာလထဲက ရလာတဲ့ အကျင့်တစ်ခုရှိတယ်။ ဘာပဲဖြစ်ဖြစ် လက်ခံတတ်လာတာပဲ။

ဟိုးအရင်ကဆိုရင် မကောင်းတာတစ်ခုခု ကြုံလာတဲ့အခါ “ဘာလို့ ငါမှ ဖြစ်ရတာလဲ” လို့ တွေးဖြစ်တယ်။ လောကဓံကို Complaint တက်တာပေါ့။ အခြားလူတွေကျ ဘာမှမဖြစ်ဘဲ ဘာလို့ ငါမှ ဖြစ်ရတာလဲ။ ငါမှ ကြုံရတာလဲနဲ့ တနုံ့နုံ့ မကျေမနပ် ဖြစ်နေတာ။

ပြသနာတစ်ခုကို ဖြေရှင်းဖို့ အရင်မစဉ်းစားနိုင်ဘဲ “ဘာလို့ ငါမှဖြစ်ရတာလဲ” ဆိုတဲ့ မကျေမချမ်းဖြစ်မှုကို အရင်စဉ်းစားဖြစ်တာ။

ဒီ၃နှစ်တာကာလမှာ ဘဝက လုံးဝအလှည့်အပြောင်းပဲ။ မထင်ထားခဲ့တဲ့ အပြောင်းအလဲအပြင် နေ့တိုင်း အချိန်တိုင်းမှာ ဖြေရှင်းစရာ ပြသနာ၊ ကိစ္စရပ်တစ်ခုခု အမြဲကြုံနေရတဲ့အခါ အရင်တွေးခဲ့တဲ့ ဘာလို့ ငါမှလဲ ဆိုတဲ့အတွေးကို တွေးချိန်မရတော့ဘူး။

ဘာပဲ ကြုံလာ ကြုံလာ အရင်လို “ဘာလို့ ငါမှ ဖြစ်နေရတာလဲ” အစား “အေး… ငါမို့ကို ဖြစ်နေတာ” လို့ တွေးဖြစ်လိုက်တော့တယ်။

အစကတော့ စောက်ရွဲ့တိုက် တွေးတာပါ။ တဖြည်းဖြည်း အဲ့စောက်ရွဲ့တိုက်မှုကြီးက အတည်ဖြစ်လာတာ။

ချစ်သမီး…. နင်မို့ကို ဖြစ်နေကွာ၊ Complaint တက်မနေနဲ့။ နင်မို့ကို ဖြစ်နေတာ။ နင်မို့ကို စောက်ကံဆိုးပြီး ဖြစ်နေတာကွာ။ နင်မို့ကို စောက်သုံးမကျလို့ ဖြစ်နေတာကွာ။ နင်မို့ကို ကြုံနေရတာကွာ။ အဲ့ဒါ နင့်ဘဝပေးကံကွာ။ သည်းခံလိုက် ဖြေရှင်းလိုက် လုပ်လိုက် ကြိုးစားလိုက်။

အဲ့လိုနဲ့ပဲ ဖြတ်သန်းလာလိုက်တာ အခုဆိုရင် အတော်စိတ်သက်သာလာတယ်။ အရင်က အော်ငိုမိလောက်တဲ့ အကြပ်အတည်းတွေဆိုတာကလည်း အခုဆိုရင် ထမင်းစားတောင် မပျက်တော့ဘူး။

သေလိုက်ဖို့က လွယ်ပါတယ်။ ရှင်နေဖို့ကသာ ခက်တာ မဟုတ်လား။

မသေရဲသရွေ့ ရှင်နေရဦးမှာ။
ရှင်နေသရွေ့ စောက်ပြသနာဆိုတာ ရှိနေဦးမှာ။
အေး… အဲ့ဒါ နင်မို့ကို ဖြစ်နေတာ။

အဲ့လောက်ပဲ။