Get Mystery Box with random crypto!

အပြောအဆိုတွေ ခံရတော့ ကိုယ်ထောက်ပို့နေတဲ့ PDF တွေက အမဘက်က ရေးပေ | ပန်ဆယ်လို

အပြောအဆိုတွေ ခံရတော့ ကိုယ်ထောက်ပို့နေတဲ့ PDF တွေက အမဘက်က ရေးပေးချင်တယ်လို့ ပြောကြတယ်။ အမအတွက် စစ်ကူမလိုပါဘူး။ မောင်လေးတို့ စစ်ရေးပဲ အာရုံစိုက်ပါ။ မောင်လေးတို့အတွက် Social ပေါ်က ဖိအားတွေ အဖျားအနား မခတ်စေချင်ဘူး၊ အလကား အားကုန်တယ်လို့ပဲ ပြောလိုက်ပါတယ်။

ကျွန်မတို့ ထောက်ပို့တယ်ဆိုတာ ပြည်သူ့ငွေပါ။ ကျွန်မပိုင်ငွေမဟုတ်ပါဘူး။ ဒီငွေနဲ့ ဩဇာတည်ဆောက်ရမှာမဟုတ်သလို လက်ကိုင်တုတ် မွေးမြူရမှာလည်း မဟုတ်ဘူး။ Social Media က ပြသနာတွေအတွက် ငါငွေထောက်ပို့ထားလို့ ငါ့ဘက်က ကူပြောလို့လည်း တစ်စက်လေးမှတောင် မတွေးပါဘူး။ တွေးခွင့်မရှိပါဘူး။

ရဲဘော်တွေ အနေနဲ့လည်း ထောက်ပို့တဲ့ ပြည်သူတွေကိုသာ ကျေးဇူးတင်ကြပါ။ ကျွန်မနဲ့ မောင်နှမသားချင်းတွေလို ခင်မင်လို့ရပေမယ့် တော်လှန်ရေးမှာ ကျွန်မဆီက ဘာကျေးဇူးခံ ကျေးဇူးစားမှ မရှိပါ။

အနှောင်အဖွဲ့ကင်းချင်ပါတယ်။