Get Mystery Box with random crypto!

အခြေအမြစ်မရှိ စွတ်စွဲခံရတာ စိတ်ဆိုးပါတယ်။ တော်လှန်ရေးမှာ စိတ်ထ | ပန်ဆယ်လို

အခြေအမြစ်မရှိ စွတ်စွဲခံရတာ စိတ်ဆိုးပါတယ်။ တော်လှန်ရေးမှာ စိတ်ထည့် ကြိုးစားခဲ့သမျှရဲ့ ရလဒ်က ဒါပဲလားလို့လည်း စိတ်ထိခိုက်ပါတယ်။ ကိုယ့်ကို တိုက်ခိုက်ဖို့ ကြိုးစားကြပေမယ့် ကိုယ်က တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်ကြသူတွေရဲ့ ယုံကြည်မှုတွေကို ထပ်ရခဲ့ပေမယ့် မဆီမဆိုင်ထိခိုက်သွားသူတွေရှိတဲ့အတွက် ဝမ်းနည်းရတယ်။

ကျွန်မအနေနဲ့၊ ကျွန်မလိုလူမျိုးတစ်ယောက်အနေနဲ့ ဘာအလုပ်လုပ်လုပ် ထုတ်ဖော်မပြောရင် ငါတို့ကဝိုင်းဖော်လို့ လူတွေသိကြတာဆိုပြီး ပိုတိုက်ခိုက်လာမှာ ဖြစ်တဲ့အတွက် ဆိုင်မလုပ်ခင်၊ မဖွင့်ခင် အသေအချာစဉ်းစားပြီးမှ ပြောခဲ့တာပါ။ မဆင်မခြင် ပြောခဲ့တာ မဟုတ်ပါဘူး။

ခံစားချက်တွေကို ဖယ်ထုတ်ရှင်းလင်းရင်း သွေးအေးအေး စဉ်းစားကြည့်တော့ အဖြေတစ်ခုတွေ့ပါတယ်။ လူတွေရဲ့ အထင်ကြီးလွန်မှု၊ ဒီအထင်ကြီးလွန်မှုအပေါ်မှာ အမြင်မကြည်မှုနဲ့ ပေါင်းစပ်ဖြစ်လာတဲ့ Jealousyတွေ။ ဒါတွေကြောင့်လို့ မြင်လာတယ်။ စွတ်စွဲတိုက်ခိုက်မှုတွေမှာ သက်သေလည်း မပါသလို စာရင်းအစစ်ခံမယ်ဆိုတဲ့ကိစ္စမှာလည်း ဘယ်သူမှ ထွက်မလာဘူး။

Jealousy တွေကိုတော့ ကျွန်မ ရှင်းထုတ်မပေးနိုင်ပေမယ့် အထင်ကြီးလွန်မှုတွေကိုတော့ ရှင်းထုတ်ပေးနိုင်မယ် ထင်ပါတယ်။

ကျွန်မဆိုင်ဟာ လူတွေ အခုပြောနေကြသလို ဒေါ်လာ နှစ်သိန်း သုံးသိန်း လေးသိန်းမတန်ပါဘူး။ ကျွန်မဆိုင်ဖွင့်လှစ်တဲ့ ကုန်ကျစားရိတ်ဟာ ဆိုင်မှာသုံးတဲ့ ဘောင်ချာပရင့်တာစာရွက်ဝယ်တဲ့အထိ သေးသေးမွှားမွှားပါ ထည့်တွက်ရင်တောင် ဒေါ်လာ ၆ သောင်း မကျော်ပါဘူး။

ဆိုင်ခန်းခက 1 Sqft ကို 1.25$ နဲ့ တစ်လ $3000 ပါ။ Deposit တစ်လစာနဲ့ $6000 ပဲစပေးရပါတယ်။ ဆိုင်ပြင်ဆင်စားရိတ်က ကိုယ်တိုင်ပြင်ကြတာမို့ $4000 ဝန်းကျင်ပဲ ကျသင့်ပါတယ်။ Shelve တွေက အဟောင်းဝယ်သုံးတာမို့ $7000 ပဲ ကျသင့်ပါတယ်။ ဆိုင်ပေါ်ပစ္စည်းက $30000 ဝန်းကျင်နဲ့ Consignment အပ်ကုန်တွေပါ။ ပါမစ်တွေ လိုင်စင်တွေနဲ့ အသေးအမွှားကုန်ကျစားရိတ်တွေ စုစုပေါင်းရင် $3000 လောက် ထပ်ကုန်ပါတယ်။ ဒါကုန်ကျစားရိတ် အကုန်ပါပဲ။

အမေရိကားကို ရောက်လာတဲ့ နှစ်နှစ်ကျော်မှာ မြန်မာအစားအစာတွေရောင်းတာနဲ့ Cosmeticsတွေ ရောင်းတာက တစ်နှစ်နဲ့ သုံးလရှိပါပြီ။ တရားဝင် အခွန်ဆောင်နိုင်ဖို့ ကုမ္ပဏီလိုင်စင်နဲ့ရောင်းချတာပါ။

ကျွန်မရရှိထားတဲ့ လူချစ်ခင်မှု၊ လူသိများမှုနဲ့ ကျွန်မရောင်းချသမျှ အကုန်အစင် အလျင်အမြန်ရောင်းထွက်အောင် အားပေးကြတာမို့ ကျွန်မရဲ့ လစဉ်ဝင်ငွေဟာလည်း မများလွန်းလှပေမယ့် မနည်းပါဘူး။ မြန်မာပြည်မှာလည်း ကျွန်မဟာ အခြေအနေမဲ့ မဟုတ်ဘူးဆိုတာ ဘာFundraising မှာ မလုပ်ခဲ့တဲ့ အာဏာမသိမ်းခင်ကာလက ကျွန်မနေထိုင်တဲ့ စကစသိမ်းယူသွားတဲ့အိမ်ကို ကြည့်ရင် သိသာပါတယ်။

ဒီငွေပမာဏလောက်ကို ကျွန်မက ကျွန်မရရှိထားတဲ့ လူထုယုံကြည်မှုနဲ့ လဲမယ်လို့ ထင်ရလောက်အောင် ဥာဏ်နည်းမယ်ဆိုရင်လည်း ကျွန်မကို စစ်ဆေးနိုင်ကြောင့် အတိအလင်းစိန်ခေါ်ကြေညာထားပါတယ်။

ဟုတ်ကဲ့…
နည်းနည်းတော့ စိတ်နာပေမယ့် ကျွန်မယုံကြည်လို့ လျှောက်ခဲ့တဲ့လမ်းကို အဆုံးထိ လျှောက်မှာပါ။

ဒီလောက်ပါပဲ။