တည်ငြိမ်နေတဲ့ တိုင်းပြည်ကို အာဏာရူးတစ်စုက အာဏာသိမ်း၊ မတရားမှုကို ငြိမ်မခံနိုင်တဲ့ လက်နက်မဲ့ပြည်သူနှစ်ထောင်ကျော်ကို သတ်ဖြတ်။ ပြည်သူသောင်းဂဏန်းဖမ်းဆီးခံရ၊ သိန်းချီသန်းချီ အိုးအိမ်မဲ့ ဘဝပျက်စေခဲ့တယ်။ ပြည်သူက နာကျည်းတယ်။ အသွေးထဲ အသားထဲကကို နာကျည်းတာ။ ဆံစကနေ ခြေဖျားထိ ငါတို့ရဲ့ နာကျည်းစိတ်ဟာ အချိန်တိုင်း တဒိတ်ဒိတ်တုန်ရင်နေတာ။ ဘယ်တော့မှ သွေးမအေးသလို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ခွင့်လွှတ်ကြသူတွေကိုလည်း ခွင့်မလွှတ်ဘူး။ ငါတို့ခွင့်လွှတ်မိရင် ငါတို့ကိုပါ ခွင့်မလွှတ်ကြေးပဲ။ စစ်တပ်နဲ့ ပူးပေါင်းသူဟာ ငါတို့ ရန်သူပဲ။ သွေးစွန်းလက်တွေကို လက်ဆွဲနှုတ်ဆက်နေသူဟာ ငါတို့ ရန်သူပဲ။ ပြည်သူ့လည်ပင်းကို တက်နင်းနေတဲ့ စစ်ဖိနပ်ကို လျက်ပေးနေတဲ့ လျှာတွေဟာ ငါတို့နာကျည်းမှုကို ထပ်တူရကြစေရမယ်။ ဘယ်လောက်နာမည်ကြီးတဲ့ ဆယ်လီဖြစ်ဖြစ်၊ ဘယ်လောက်ဖော်လိုဝါများတဲ့ ဆယ်လီဖြစ်ဖြစ်၊ ဘယ်လောက်ကြီးမားတဲ့ နာမည်ကျော်ပဲဖြစ်ဖြစ် လူသတ်စစ်တပ်ဘက်က ရပ်တာနဲ့ ပြည်သူ့အမုန်းကို တရိရိ ရကိုရစေရမယ်။ သူခိုးဓါးပြအဆင့်စစ်တပ်ကို ငွေပေးခိုင်းစေလို့ ရရင် ရမယ်။ ငါတို့အမုန်းကို ငွေပေးချေဖျက်လို့ မရစေရဘူး။ မနေ့က ထိုင်းက မိန်းမ တောင်းပန်သွားတဲ့ကိစ္စ တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ဘူး။ စစ်တပ်ခေါ် ဘာလုပ်ခိုင်းလိုက်မယ်ဆိုတဲ့စကားကို ဘယ်သူ့ပါးစပ်ကမှ မထွက်ရဲစေရဘူး။ အဲ့ဒါ သန္ဒိဌာန်ပဲ။ ကတိပေးတယ်။ ပြည်သူရဲ့ ဆန့်ကျင်ဘက်မှာ ဘယ်ကောင်ရပ်ရဲလဲ ငါတို့မေးမှာ။ မကြောက်လို့ ရမလား သားရီး ငါတို့မှာလည်း ဗျောက်တွေနဲ့။ 6.1K views04:31